October 21, 2017

Danganronpa 1.2 Reload

Developers : Spike
Publishers : NIS America
Release Date: March 14th, 2017
Genre: Adventure, Mystery
Platforms: PS4
Gameplay – 8
Story – 8.5
Graphics – 7
Presentation – 9
Final Score – 8.5 out of 10

Danganronpa 1.2 Reload ဟာ နာမည်ကြီး Mystery ဂိမ်းဖြစ်တဲ့ Danganronpa Trigger Happy Havoc နဲ့ Danganronpa
2 တို့ကို English Version အဖြစ် PlayStation 4 မှာ ပထမဆုံးအကြိမ် ထွက်ရှိလာတဲ့ ဂိမ်းသစ် ဖြစ်ပါတယ်။ Screenshots တွေကိုပဲ သီးသန့် ကြည့်ကြည့်မယ်ဆိုရင် PC မှာ အဓိက ထွက်လေ့ရှိတဲ့ Visual Novel ဂိမ်းတွေ လို စာသီးသန့်ဖတ်ပြီး ဂိမ်းအတွင်းက ရွေးချယ်မှုတွေကတစ်ဆင့် ဇာတ်လမ်းမျိုးစုံ ကစားရမယ့် VN ဂိမ်းပုံစံထင်ရမှာ ဖြစ်ပေမယ့် တကယ်တမ်း ကိုယ်တိုင်ကစားကြည့်တဲ့ အခါမှာတော့ Persona ဂိမ်းတွေက Social Link Level Up စနစ် အသုံးပြုရတဲ့ gameplay တွေ၊ Phoenix Wright လိုမျိုး Mystery/Puzzle gameplay နှင့် Adventure gameplay တွေကို ပေါင်းစပ်ထားတဲ့ ဂိမ်းပုံစံ ဖြစ်နေတာ တွေ့ရမှာပါ။

ပထမ Danganronpa ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ Makoto Naegi အမည်ရ Hope’s Peak Academy ရဲ့ ကျောင်းသားသစ် တစ်ယောက်ဖြစ်ပြီး ကျောင်းအတွင်းရောက် ရောက်ချင်းမှာပဲ Naegi အပါအဝင် ကျောင်းသား၊ ကျောင်းသူ ၁၅ ယောက်ဟာ ကျောင်းအတွင်းမှ ပြန်လည်ထွက်ခွာရန် မဖြစ်နိုင်တော့ကြောင်း ကျောင်းအတွင်း အသင့်ရောက်နေတဲ့ Monokuma အမည်ရ အဖြူတစ်ပိုင်း၊ အမည်းတစ်ပိုင်း ဝက်ဝံစက်ရုပ်က ပြောကြားလိုက်ပါတယ်။ ဆက်လက်ပြီးတော့ Monokuma က Hope’s Peak Academy မှ လွတ်မြောက်လိုသူ ကျောင်းသားများ အနေဖြင့် အခြားကျောင်းသူ ကျောင်းသားများကို အမှုမပေါ်အောင် သတ်ရမှာဖြစ်ပြီး အမှုစစ်သည့်အခါ သံသယဝင်မခံရဘဲ ကျန်ရှိသည့် နောက်ဆုံး ကျန်ရစ်သူ တစ်ယောက်သာ ကျောင်းမှလွတ်မြောက်ခွင့် ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ Graphics ပိုင်းအနေဖြင့် 3D background တွေနဲ့ 2.5D motion graphics တို့ကို ပေါင်းစပ်ထားပြီး ဒီဇိုင်းပိုင်းရော၊ ဇာတ်ကောင် စရိုက်တွေပါ ထူးခြားတဲ့ Kyouko Kirigiri , TokoFukawa နဲ့ Sakura Oogami တို့လို ဇာတ်ကောင်တွေ ပါဝင်ပါတယ်။

Danganronpa: Trigger Happy Havoc နေရာယူထားတဲ့ Hope’s Peak Academy အကြောင်း မိတ်ဆက်ပေးပြီးတဲ့ အခါမှာတော့ မကြာခင် လူသတ်မှုတွေနဲ့ ကြုံတွေ့ရတော့မယ်ဆိုတာ ကြိုသိနေပေမယ့် trial gameplay ပိုင်း မစတင်ခင်မှာ “the Daily Life” လို့ခေါ်တဲ့ ကျောင်းအတွင်း နေရာမျိုးစုံကို first-person viewpont က သွားလာပြီး၊ အသားကျအောင် လေ့လာနိုင်သလို ဇာတ်ကောင် မျိုးစုံနဲ့ ပေါင်းသင်းပြီးသူတို့ အကြောင်းကို လေ့လာထားနိုင်မယ့် gameplay ပိုင်းက စတင်ထားပါတယ်။ ကျောင်းအတွင်းက နေရာမျိုးစုံနဲ့ အခြားဇာတ်ကောင်တွေရဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ စုဆောင်းနိုင်မှသာ နေ့သစ်တစ်နေ့ကို ကူးပြောင်းမှာဖြစ်ပြီး နှစ်ဂိမ်းလုံးရဲ့ ပင်မ gameplay ကတော့ ထုံးစံအတိုင်း လူသတ်မှုတစ်ခု ပေါ်ပေါက်လာပြီဆိုရင်တော့ အစပိုင်းက လေ့လာထားတဲ့ အတွေ့အကြုံတွေကနေ သဲလွန်စတွေကို ရှာဖွေရမယ့် “Deadly life” gameplay စတင်လာမှာပါ။ ကိုယ်သဘောကျတဲ့ ဇာတ်ကောင်တစ်ယောက် အသတ်ခံရရင်ပဲဖြစ်စေ၊ တရားခံအဖြစ် စွပ်စွဲခံရရင်ပဲ ဖြစ်စေဇာတ်လမ်း ကြည့်ရတုန်းကထက် ပိုပြီးခံစားရအောင် ဇာတ်ညွှန်းပိုင်းရော၊ ဘာသာပြန်ပိုင်းမှာ ကောင်းမွန်အောင် ပြင်ဆင် ထားနိုင်တာကို တွေ့ရပါတယ်။

Danganronpa 2 မှာတော့ Byakuya Togami  နဲ့ Makoto Naegi လိုမျိုး ဇာတ်ကောင် အဟောင်းတွေအပြင် ကံအရမ်း ကောင်းတဲ့ Nagito Komaeda (Ultimate Lucky)၊ ဂိမ်းကစား တာ အရမ်းတော်တဲ့ Chiaki Nanami (Ultimate Gamer)၊ အချက်အပြုတ် ကျွမ်းတဲ့ Teruteru Hanamura (Ultimate Cook) အစရှိတဲ့ ဇာတ်ကောင်တွေ ပါဝင်ပြီး Chapter တစ်ခုချင်းဆီမှာ ဇာတ်ကောင် တစ်ယောက်က လူသတ်မှု ကျူးလွန်မှာဖြစ်လို့ ဘယ်သူ လူသတ်သမားလဲဆိုတာ ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ အမှုစစ်မည့် Class Trial စတင်ပြီဆိုရင် တရားခံဘယ်သူလဲ ဖော်ထုတ်ရမှာ သာမက အခြား ကျောင်းသူ ကျောင်းသားတွေနဲ့ပါ အပြိုင်အဆိုင် ငြင်းခုံရမှာဖြစ်ပြီး တကယ်လို့ တရားခံမှားရွေး မိရင် အဖွဲ့သားအားလုံး အပြစ်ပေးခံရပြီး Game Over ဖြစ်သွားမှာပါ။ စစ်ဆေးနေစဉ် တစ်လျှောက် သံသယဝင်စရာ အချက်တွေ၊ ဖြစ်ရပ်မှန်နဲ့ မကိုက်ညီတဲ့ အချက်တွေကျရင် Truth Bullets ဆိုတဲ့ function သုံးပြီး အဖြေမှန် ရှာနိုင်သလို စကားအပြိုင်ပြောရမည့် rhythm gameplay နဲ့ အတူ လူသတ်ပုံကို ပြန်လည်ပြီး လူသတ်သမားရဲ့ အမြင်ကနေ ပုံဖော်ရမယ့် Climax Logic puzzle section တွေလည်း ပါဝင်ပါတယ်။ ဒုတိယဂိမ်းမှာတော့ Gameplay အသစ် Rebuttal Showdown ကတော့ အမြင်မတူသူ အခြားဇာတ်ကောင် တစ်ယောက်နဲ့ စကားနိုင်လုပြောရမှာဖြစ်ပြီး သူ့စကားထဲက မှားတဲ့အချက်ကို မှန်ကန်တဲ့သက်သေခံ item ကို ရွေးပြီး ထောက်ပြရဦးမှာမို့လို့ Action ဂိမ်းမဟုတ်ပေမယ့် ကစားရတဲ့ အပိုင်းတွေက အရမ်းသွက်နေမှာ ပါ။

Danganronpa 1.2 Reload ဟာ Visual Novel နဲ့ Puzzle gameplay တွေ ပေါင်းစပ်ထားတဲ့ ဂိမ်းတွေထဲမှာ ကစားလို့အကောင်းဆုံး ဂိမ်းတစ်ခု ဖြစ်တာတွေ့ရပြီး ဇာတ်ကောင် သစ်တွေ၊ ဇာတ်လမ်းလှည့် ကွက်သစ်တွေ ပါဝင်ထားလို့ မူလ Danganronpa ဂိမ်းရဲ့
ပရိသတ်ကတော့ သေချာပေါက် နှစ်သက်မယ့် ဂိမ်းတစ်ခုဖြစ်ကြောင်း မိတ်ဆက်ပေးလိုက် ရပါတယ်။