October 21, 2017

Onda oBook 10

တန်ဖိုး – ကျပ် ၂၄၄,၀၀၀

အားသာချက်

Keyboard ပါဝင်တဲ့အတွက် Laptop လိုရော tablet လိုပါ အသုံးပြုနိုင်ပါတယ်။ Windows Operating System ကို အသုံးပြုထားတာကြောင့် ရုံးလုပ်ငန်းမှာ သုံးစွဲသူတွေ အတွက်လည်း အဆင်ပြေ စေမယ့် tablet အမျိုးအစားတစ်ခုပါ။

အားနည်းချက်

2 Megapixel ကင်မရာ တစ်လုံးတစ်ကိုသာ တပ်ဆင်ပေးထားပါတယ်။ စပီကာကလည်း တစ်လုံးတည်းသာ ပါတဲ့အတွက် studio အသံစနစ်ကို ခံစားရမှာ မဟုတ်ပါဘူး။

သုံးသပ်ချက်

လုပ်ငန်းသုံးအနေနဲ့ သုံးစွဲနိုင်သလို အပျင်းပြေ ဂိမ်းကစားချင်တဲ့ သူတွေအတွက် အသုံးဝင်တဲ့ tablet ဖြစ်ပါတယ်။ ဒါ့အပြင် keyboard တပ်ဆင်သုံးစွဲတဲ့ အခါမှာလည်း laptop တစ်လုံးလို အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် သုံးစွဲရ
လွယ်ကူစေပါတယ်။

အသေးစိတ်ဖော်ပြချက်

Intel Atom-X5 Z8300 Chip ကို ထည့်သွင်းထားပြီး Quad Core Processor ကို ကိုအသုံးပြုထားပါတယ်။ RAM ကို 4GB ထည့်သွင်း ပေးထားပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 64GB ပမာဏရှိတဲ့ Storage ပါဝင်တဲ့အပြင် Storage များများ အသုံး
ပြုချင်တဲ့သူတွေအတွက် လည်း 128 GB ပမာဏရှိတဲ့ MicroSD Card ကိုထည့်သွင်း အသုံးပြု နိုင်အောင် စီစဉ်ထားပါတယ်။ ဂိမ်းကစားရတာကို နှစ်သက်သူတွေအတွက် Intel HD Graphics Gen 8 chip ကို တပ်ဆင်ပေးထားပြီး Tablet မှာ အသုံးပြုထားတဲ့ System ကတော့ Windows 10 ကို အသုံးပြုထားတာပါ။ ၁၀.၁ လက်မ ရှိတဲ့ IPS capacitive touch Screen အမျိုးအစားကို အသုံးပြုထားပြီး Resolution ကတော့  1280 x 800 resolution ရှိမှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှ 2 Megapixel ရှိတဲ့ ကင်မရာ တစ်လုံးထဲကိုသာ တပ်ဆင်ပေးထားပြီး ကင်မရာ ရိုက်ကူးနိုင်မယ့် Resolution ကတော့ 1080p အရည်အသွေးရှိတဲ့ ဗီဒီယိုဖိုင်တွေကို ရိုက်နိုင်မှာဖြစ်ပါတယ်။ 4K video file output ကို အထောက်အပံ့ပေးနိုင်ပြီး USB 3.0, Mini HDMI အစရှိတာတွေ ပါဝင်ပါတယ်။

ဒီဇိုင်း

Power button နဲ့ volume button တွေဟာ tablet ရဲ့ ဘယ်ဘက်အခြမ်းမှာ ရှိနေပေမယ့် laptop လို အသုံးပြုတဲ့အခါမှာ ညာဘက်အခြမ်း အပေါ်ဘက်မှာ ရှိနေမှာပါ။ စပီကာကို tablet ရဲ့ အောက်ဘက်နားမှာ ထည့်သွင်းပေးထားပါတယ်။ ပလတ်စတစ်  ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး keyboard ကို တပ်ဆင် အသုံးပြုမယ်ဆိုရင် Laptop လိုသုံးနိုင်ပါတယ်။

ဆက်သွယ်ဝယ်ယူ နိုင်မည့်
လိပ်စာ – T-Land IT, Digital & Mobile
ဆက်သွယ်နိုင်မည့်ဖုန်း – ၃၈၂၈၆၈

-Ref: CNET