August 18, 2017

iPhone တွင် Force Touch နည်းပညာ ပါဝင်လာဖွယ် ရှိဟုဆို

Apple သည် Macbook ၏နည်းပညာသစ် Force Touch feature ကို iOS ဗားရှင်းသစ်တွင် ထည့်သွင်းရန် စီစဉ်လျက်ရှိကြောင်း 9to5Mac မှဖော်ပြခဲ့သည်။

Apple ၏ pressure sensitive feature သည် အသစ်ထွက်ရှိမည့် iPhone တွင် ပါဝင်လာမည် ဖြစ်ကြောင်း 9to5Mac မှ မတ်ဂါမန်းဆိုသူက ရေးသားခဲ့သည်။ အဆိုပါ feature သည် iOS 9 နှင့်အတူ iPhone 6s ဟုအမည်ရသော မျိုးဆက်သစ် iPhone တွင် ပါဝင်လာဖွယ်ရှိသည်။ ထို့အပြင် Apple သည် မျိုးဆက်သစ် iPhone တွင်၎င်း feature ကိုထည့်သွင်းရန် စီစဉ်နေကြောင်း သတင်းများစွာလည်း ထွက်ပေါ်နေသည်။

အသစ်ထွက်ရှိထားသော Macbook သစ်တွင် ပါဝင်သည့် Force Touch  feature သည်လက်ချောင်းဖြင့် ခြားနားလှသော ဖိအားအမျိုးမျိုးကို laptop ၏ trackpad က ခြေရာခံပေးနိုင်သည်။  iPhone တွင်ပါဝင်လာမည့် ၎င်း feature သည်လည်း အလားတူ လုပ်ဆောင်မှုမျိုးကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ဂါမန်းက ဖော်ပြခဲ့သည်။

Force Touch ကို iPhone တွင် Maps နှင့် Calendar ကဲ့သို့ app များဖြင့် အသုံးပြုရမည်ဖြစ်ပြီး Apple အနေဖြင့် အဆိုပါ feature ကို developer များထံသို့ ဖြန့်ချိပေးကာ third-party app များအဖြစ် ဖန်တီးဖွယ်ရှိသည်။

Ref: Mashable