July 15, 2018

2018 Taiwan –Myanmar Industrial Collaboration Summit and MOU Signing Ceremony က်င္းပမည္

2018 Taiwan –Myanmar Industrial Collaboration Summit and MOU Signing Ceremony ကို ဇူလိုင္လ ၂၄ ရက္္၊ ေန႔လယ္ ၁ နာရီမွ စၿပီး ကုန္သည္စက္မႈအသင္းခ်ဳပ္မွာ က်င္းပျပဳလုပ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

တရုတ္ (တိုင္ေပ) ရဲ႕ စက္မႈက႑နည္းပညာနဲ႔ ပူးေပါင္းေဆာင္ရြက္ႏိုင္ေစရန္ ရည္ရြယ္ကာ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္နဲ႔ တရုတ္ (တိုင္ေပ) Chinese National Federation of Industries (CNFI) ပူးေပါင္းက်င္းပ ျပဳလုပ္ျခင္းျဖစ္တယ္လို႔ သိရပါတယ္။ ႏွစ္ႏိုင္ငံစက္မႈ ထုတ္လုပ္မႈက႑ ပူးေပါင္းေဆာင္ရြက္ႏိုင္ေရး အခြင့္အလမ္းမ်ား၊ လက္ရွိေအာင္ျမင္လ်က္ရွိတဲ့ ထိုင္ဝမ္စက္မႈက႑မ်ားနဲ႔ ပတ္သက္ၿပီး ဗဟုသုတနဲ႔ အျမင္မ်ားျပန္လည္မွ်ေဝျခင္းႏွင့္ ကၽြမ္းက်င္ပညာရွင္မ်ားမွ စာတမ္းမ်ား၊ အေမး အေျဖက႑မ်ားနဲ႔ ေဆြးေႏြးၾကမွာ ျဖစ္ပါတယ္။ ေဆြးေႏြးပြဲအၿပီးမွာ စီးပြားေရး လုပ္ငန္းမ်ားအလိုက္ ေတြ႕ဆံု ေဆြးေႏြးရန္ “Industrial Collaboration Banquet” ကိုဆက္လက္က်င္းပသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ေဆြးေႏြးပြဲ တက္ေရာက္ရန္ စိတ္ပါဝင္စားတဲ့ ပုဂၢိဳလ္မ်ားအေနနဲ႔ ဇူလိုင္လ ၂၂ ရက္ေနာက္ဆုံးထားၿပီး Registration form ျဖစ္တဲ့ ဒီေနရာမွာ ျပည္႔စံုစြာျဖည္႔စြက္ကာ အသင္းခ်ဳပ္ႏိုင္ငံတကာ ဆက္ဆံေရးဌာန အီးေမးလ္ [email protected] ကုိ အမည္စာရင္း ေပးပို႔ရမွာျဖစ္တယ္လုိ႔ သိရပါတယ္။

ေဝေဝ

[ Unicode ]

2018 Taiwan –Myanmar Industrial Collaboration Summit and MOU Signing Ceremony ကို ဇူလိုင်လ ၂၄ ရက််၊ နေ့လယ် ၁ နာရီမှ စပြီး ကုန်သည်စက်မှုအသင်းချုပ်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

တရုတ် (တိုင်ပေ) ရဲ့ စက်မှုကဏ္ဍနည်းပညာနဲ့ ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကာ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နဲ့ တရုတ် (တိုင်ပေ) Chinese National Federation of Industries (CNFI) ပူးပေါင်းကျင်းပ ပြုလုပ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ နှစ်နိုင်ငံစက်မှု ထုတ်လုပ်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်ရေး အခွင့်အလမ်းများ၊ လက်ရှိအောင်မြင်လျက်ရှိတဲ့ ထိုင်ဝမ်စက်မှုကဏ္ဍများနဲ့ ပတ်သက်ပြီး ဗဟုသုတနဲ့ အမြင်များပြန်လည်မျှဝေခြင်းနှင့် ကျွမ်းကျင်ပညာရှင်များမှ စာတမ်းများ၊ အမေး အဖြေကဏ္ဍများနဲ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲအပြီးမှာ စီးပွားရေး လုပ်ငန်းများအလိုက် တွေ့ဆုံ ဆွေးနွေးရန် “Industrial Collaboration Banquet” ကိုဆက်လက်ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲ တက်ရောက်ရန် စိတ်ပါဝင်စားတဲ့ ပုဂ္ဂိုလ်များအနေနဲ့ ဇူလိုင်လ ၂၂ ရက်နောက်ဆုံးထားပြီး Registration form ဖြစ်တဲ့ ဒီနေရာမှာ ပြည့်စုံစွာဖြည့်စွက်ကာ အသင်းချုပ်နိုင်ငံတကာ ဆက်ဆံရေးဌာန အီးမေးလ် [email protected] ကို အမည်စာရင်း ပေးပို့ရမှာဖြစ်တယ်လို့ သိရပါတယ်။

ဝေဝေ