December 12, 2017

18:9 screen နဲ့ ကျောဘက်ကင်မရာနှစ်ခုပါဝင်တဲ့ Huawei Honor 7X

Huawei ဟာ ကုမ္ပဏီရဲ့အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Honor 7X ကို မိတ်ဆက်ပြီး 18:9 screen ဈေးကွက်ထဲကို တရားဝင် ဝင်ရောက်လာခဲ့ပါတယ်။
Honor 7X ရဲ့ LCD အရွယ်အစားက ၅.၉၃ လက်မဖြစ်ပြီး Honor 6X ရဲ့ ၅.၅ လက်မ screen အတိုင်း ကျယ်ပေမယ့် ပိုရှည်ပါတယ်။ Resolution က 1,080 x 2,160px (407ppi) ဖြစ်ပါတယ်။ Fingerprint reader ကိုတော့ 5X အတိုင်း အပြောင်းအလဲ မလုပ်ထားပါဘူး။

ကင်မရာကို အဆင်မြှင့်တင်ထားပြီး ပင်မကင်မရာက 16MP ဖြစ်ကာ ဒုတိယကင်မရာက 2MP ဖြစ်ပါတယ်။ အရှေ့ဘက်ကင်မရာက 8MP ဖြစ်ပါတယ်။
Honor 7X မှာ Kirin 659 chipset ကို အသုံးပြုထားပြီး RAM က 4GB ဖြစ်ပါတယ်။ သိုလှောင်မှုပမာဏကို 32GB ကနေ 128GB အထိ ရရှိနိုင်ပါတယ်။ MicroSD card ပါဝင်တဲ့အတွက်ကြောင့်လည်း သိုလှောင်မှုပမာဏကို တိုးမြှင့်နိုင်ပါတယ်။

ဒီစမတ်ဖုန်းမှာ Android 7.0 Nougat နဲ့ EMUI 5.1 ကို အသုံးပြုထားပါတယ်။ ဘက်ထရီက 3,340mAh ဖြစ်ပါတယ်။
Honor 7X ကို အောက်တိုဘာ ၁၇ ရက်ကစပြီး တရုတ်နိုင်ငံမှာ ရောင်းချသွားမှာဖြစ်ပါတယ်။ တန်ဖိုးက 32GB အတွက် ဒေါ်လာ ၂၀၀ ဖြစ်ပြီး 64GB အတွက်က ဒေါ်လာ ၂၆၀ ဖြစ်ပါတယ်။ 128GB မော်ဒယ်ကတော့ ဒေါ်လာ ၃၀၀ ကျသင့်မှာ ဖြစ်ပါတယ်။

-နောင်နောင်
Ref: GSMArena