18:9 screen နဲ့ ဒီဇိုင်းပြင်ဆင်ထားတဲ့ dual camera ပါဝင်တဲ့ OnePlus 5T တရားဝင် ထွက်ရှိလာ

OnePlus 5 ကို မွမ်းမံပြင်ဆင်ထားတဲ့ OnePlus 5T ကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။

OnePlus 5T မှာ 18:9 aspect ratio ရှိတဲ့ ၆ လက်မ Optic AMOLED display ပါဝင်လာပြီး 2160 x 1080 pixel resolution နဲ့ ဖော်ပြပေးနိုင်ပါတယ်။ ကျယ်ဝန်းတဲ့ screen ကြောင့် bezel တွေ ပိုသေးသွားပါတယ်။ Fingerprint reader ကိုတော့ ဖုန်းရဲ့ကျောဘက်မှာ တပ်ဆင်ထားပါတယ်။

ဒါ့အပြင် ၀.၄ စက္ကန့်အတွင်း ဖုန်းကို မျက်နှာနဲ့ unlock လုပ်ပေးမယ့် Face unlock feature သစ်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ ဒီ feature ကို အမှောင်ထဲမှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Dual camera ကို ဒီဇိုင်းပြောင်းလဲထားပြီး zoom lens အစား low-light camera ကို အသုံးပြုထားပါတယ်။ ကင်မရာနှစ်ခုစလုံးရဲ့ fied of view (FoV) က တူညီပေမယ့် second cam မှာ 20MP sensor သစ် ပါဝင်လာပါတယ်။

ဘက်ထရီက OnePlus 5 အတိုင်း 3,300mAh ဖြစ်သလို အားသွင်းမြန်ဆန်ဖို့အတွက် Dash Charge ကို ထောက်ပံ့ပေးထားပါတယ်။

ဒီစမတ်ဖုန်းမှာ နာမည်ကျော် Snapdragon 835 chipset ကို အသုံးပြုထားကာ 6GB/64GB နဲ့ 8GB/128GB ဆိုပြီး မော်ဒယ်နှစ်မျိုးနဲ့ ရရှိနိုင်ပါတယ်။

OnePlus 5T ကို နိုဝင်ဘာ ၂၁ ရက်ကစတင် ရောင်းချသွားမှာဖြစ်ကာ တန်ဖိုးက 64GB မော်ဒယ်အတွက် ဒေါ်လာ ၅၀၀ ဖြစ်ပြီး 128GB အတွက် ဒေါ်လာ ၅၆၀ ဖြစ်တယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: GSMArena