September 25, 2017

16MP selfie ကင်မရာနဲ့ Portrait Mode ပါဝင်တဲ့ OPPO A77

OPPO ဟာ A77 စမတ်ဖုန်းကို ကုမ္ပဏီ ဝက်ဘ်ဆိုက်ပေါ်ကနေ မိတ်ဆက်ကြေညာ ခဲ့ပါတယ်။

A77 မှာ ၅.၅ လက်မ 1920 x 1080 resolution screen နဲ့ အရွယ်ကြီးမားတဲ့ 3,200mAh ဘက်ထရီပါဝင်ပါတယ်။ Octa-core 1.5GHz MediaTek MT6750T chipset နဲ့ 4GB RAM ပါဝင်ပြီး သိုလှောင်မှုပမာဏက 64GB ဖြစ်ပါတယ်။ Hybrid SIM slot ပါဝင်တာကြောင့် SIM နှစ်ခု ဒါမှမဟုတ် SIM တစ်ခုနဲ့ microSD card တစ်ခု ထည့်သွင်းပြီး အသုံးပြုနိုင်ပါတယ်။

အရှေ့ဘက်ကင်မရာက 13MP f/2.2 ဖြစ်ပြီး phase detect autofocus, dual LED flash တို့နဲ့ ရိုက်ကူးနိုင်ပါတယ်။ Selfie ကင်မရာက 16MP f/2.0 ဖြစ်ပြီး Beautify 4.0, Portrait Mode တို့နဲ့ ရိုက်နိုင်ပါတယ်။

OPPO A77 ကို Gold, Rose Gold အရောင်တွေနဲ့ ရနိုင်ပါတယ်။ တန်ဖိုးက ၃၆၅ ဒေါ်လာဖြစ်ပါ။ ဒီစမတ်ဖုန်းအတွက် ကြိုတင်အမှာစာများကို မေ ၁၉ ရက်မှာ စတင်လက်ခံမှာဖြစ်ပြီး မေ ၂၆ ရက်မှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။

Ref: GSMArena