September 24, 2017

128GB storage နဲ့ 6GB RAM ပါဝင်တဲ့ S8 Plus ကို အာရှတွင်သာ ရောင်းချမည်

Galaxy S8 သစ်ကို မိတ်ဆက်ကြေညာတုန်းက 64GB internal storage နဲ့ 4GB RAM အမျိုးအစားအကြောင်းကိုပဲ Samsung က ပြောကြားခဲ့ပါတယ်။ အခုအခါမှာတော့ အရွယ်ပိုကြီးတဲ့ S8 Plus ကို 128GB/6GB RAM နဲ့ ရရှိနိုင်မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီအမျိုးအစားကို တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံမှာပဲ ရရှိနိုင်မှာ ဖြစ်ပါတယ်။

S8 Plus 128GB/6GB RAM ရဲ့ ဈေးနှုန်းကိုတော့ တရားဝင်မကြေညာသေးပါဘူး။ ဒါပေမဲ့ ဖုန်းနဲ့ DeX desktop dock ပါဝင်တဲ့ ဒီမော်ဒယ်အတွက် ဒေါ်လာ ၁,၀၂၀ ခန့်ကျသင့်မယ်လို့ ETNews က ပြောကြားခဲ့ပါတယ်။ ပုံမှန်အတိုင်းဆိုရင် DeX အတွက်ကိုပဲ ဒေါ်လာ ၁၅၀ ပေးရမှာပါ။

ဒီမော်ဒယ်အမျိုးအစားကို Samsung ရဲ့ ကိုရီးယားဆိုက်မှာ အတည်ပြုထားပေမယ့် ဈေးနှုန်းကိုတော့ မဖော်ပြထားပါဘူး။

Ref: TheVerge