December 13, 2017

နိုင်ငံတကာ MBA/Master များအကြောင်းဆွေးနွေးပွဲ ပြုလုပ်မည်

နိုင်ငံတကာ MBA/Master များအကြောင်းဆွေးနွေးပွဲကို အောက်တိုဘာ ၁၅ ရက်၊ နံနက် ၁၀ နာရီမှနေ့လယ် ၁၂ နာရီအထိ CROWN Education ရုံးခန်းမှာကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါဆွေးနွေးပွဲတွင်နိုင်ငံတကာတွင်ပညာသင်ယူသည်ဖြစ်စေ၊ ပြည်တွင်းတွင်ပညာသင်ယူသည် ဖြစ်စေ၊လူငယ်များသိရှိထားသင့်သော စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာဆက်စပ်ဘာသာရပ်တွေ၊ MBA သင်ယူရာတွင်သိရှိထားသင့်တဲ့ အချက်အလက်တွေကို ရှင်းလင်းပြောကြားပေးသွားမှာဖြစ်ပါတယ်။
စီးပွားရေးနဲ့ ဆက်စပ်ဘာသာရပ်တွေဖြစ်တဲ့ Accounting and Financial Management, Banking and Finance, Marketing, Tourism and Hospitality Management, Entrepreneurial Management ဘာသာရပ်တွေအကြောင်းအပြင် MBA နှင့် MSC ဘာသာရပ်ကွဲပြားပုံတွေကိုရှင်းလင်းပြောကြားပေးမယ့် အပြင် သြစတြေးလျ MBA, အင်္ဂလန် MBA နဲ့ အမေရိကန် MBA တို့ရဲ့ကွဲပြားခြားနားချက်တွေကိုလဲ ဆွေးနွေးပေးသွားမှာပါ။

ဆွေးနွေးပွဲ တက်ရောက်လိုသူတွေအနေနဲ့ CROWN Education (ရန်ကုန်)အမှတ်(၂၇ဝ)၊မြေညီထပ်၊ မြေနီကုန်း၊ ပြည်လမ်း၊ ဖုန်း- ဝ၁ – ၅၂၇-၈၃၈ ၊ ဝ၉ – ၉၇၇ ၉၇၇ ၂၀၀ နဲ့ ၀၉ – ၂၆၀၀၀ ၄၀၅၀သို့ ဆက်သွယ်စာရင်းပေးသွင်းတက်ရောက်နိုင်ပါတယ်။