ဗြိတိသျှကောင်စီမှ မန္တလေးမြို့တွင် ပထမအကြိမ် “ဗီဒီယိုဖြင့် ဇာတ်လမ်းတင်ဆက်ခြင်း” အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

ဗြိတိသျှကောင်စီမှ ပထမအကြိမ်”ဗီဒီယိုဖြင့် ဇာတ်လမ်းတင်ဆက်ခြင်း အလုပ်ရုံဆွးနွေးပွဲ” (Video Storytelling Workshop: Exploring Human Rights and Advocacy) ကို မန္တလေးမြို့ရှိ The Link 78 Hotel မှာ ၂၀၁၇ ခုနှစ် မေလ ၈ ရက်မှ ၁၈ ရက်အထိ ကျင်းပနေပြီလို့ သိရပါတယ်။မန္တလေးနဲ့ အခြားမြို့တွေက တက်သစ်စရုပ်ရှင် ပညာရှင်တွေနဲ့ စိတ်ပါဝင်စားသူ စုစုပေါင်း ၁၂ ဦး ပါဝင်တက်ရောက်တဲ့ ယခုအလုပ်ရုံ ဆွေးနွေးပွဲကို ဗြိတိသျှကောင်စီမြန်မာ၊ Equality Myanmar ၊ မီချီဂန်တက္ကသိုလ် (USA), Witness အဖွဲ့နဲ့ Cinema, Human Rights and Advocacy (CHRA) Programme တို့မှ ပူးပေါင်းစီစဉ်ပြီး ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ထိခိုက်လွယ်တဲ့ လူ့အဖွဲ့အစည်းများအတွက် အကျိုးဆောင်မှု အခြေခံတဲ့၊ မာလ်တီမီဒီယာ ပရောဂျက်များ ဆောင်ရွက်လျက်ရှိတဲ့ ဗြိတိသျှစေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများဖြစ်တဲ့ Bertha Foundation နဲ့ Picture တို့ကလည်း ထောက်ပံ့မှုတွေ ပေးထားတယ်လို့ သိရပါတယ်။

ပွဲနဲ့ပတ်သက်ပြီး အသေးစိတ်သိလိုပါက ဒေါ်သင်းအောင်ထူး (ဗြိတိသျှကောင်စီ) ဖုန်း ၀၉- ၅၁၅၄၄၁၇ ကို ဆက်သွယ်မေးမြန်းနိုင်ပြီး ယခင်နှစ် သင်တန်းများအကြောင်းနဲ့ သင်တန်းဆရာတို့ရဲ့ ထင်မြင်ချက်တွေကို နှစ်မိနစ်စာ ဗီဒီယိုဖြစ်တဲ့ http://bit.ly/2nUvZD2 မှာ ကြည့်ရှုနိုင်ပါတယ်။