October 20, 2017

သြစတြေးလျနိုင်ငံရှိ Taylors College (University of Sydney) တွင် တက်ရောက်လိုသူများ ပညာသင်ဆု လျှောက်ထားနိုင်

သြစတြေးလျနိုင်ငံရှိ University of Sydney တွင် တက်ရောက် ပညာသင်ကြား လိုသူများအနေဖြင့် ပညာသင်ဆုများ လျှောက်ထားနိုင်မည် ဖြစ်သည်။

University of Sydney သည် သြစတြေးလျနိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်များ ပေါင်းစပ်ပါဝင်သည့် Group of Eight Universities ၏ အဖွဲ့ဝင်ကျောင်းဖြစ်သည်။ Times Higher Education World University Ranking 2017 အရ အဆင့် ၆၀ ရှိပြီး Australia နိုင်ငံတွင် နံပါတ် ၁ အဆင့်ဝင် တက္ကသိုလ်ဖြစ်သည်။ ကျောင်းသားပေါင်း ၆၀,၀၀၀ ကျော်ရှိပြီး နိုင်ငံပေါင်း ၁၃၀ မှ International Student ပေါင်း ၂၀,၀၀၀ တက်ရောက်ကြသည်။ ထိုသို့ဝင်ရောက်လိုသော ကျောင်းသားများသည် Taylor College, Sydney တွင် Foundation program တက်ရောက်ပြီး University of  Sydney တွင် တက်ရောက်နိုင်သည်။

ယခုလာမည့် ပညာသင် ကျောင်းဖွင့်ချိန်ဖြစ်သည့် ဇူလိုင်၊ သြဂုတ်၊ အောက်တိုဘာလအတွက် Scholarship program ရှိပြီး Scholarship မှာ AU$ 5,000 သတ်မှတ်ထားသည်။ University of Sydney တွင် တက်ရောက်နိုင်သော မေဂျာပေါင်း ၁၀၀ ကျော်ရှိပြီး ၎င်းတို့များထဲမှ ကျောင်းသားများ စိတ်ဝင်အစားဆုံး မေဂျာများမှာ Architecture and Interaction Design, Arts and Social Sciences, Business, Education and Social Work, Engineering and IT, Health, Medicine and Dentistry, Law, Music, Science, Agriculture, Environment and Veterinary Science တို့ဖြစ်သည်။

Foundation program တွင် မဖြစ်မနေယူရမည့်ဘာသာရပ်မှာ English နှင့် Maths ဖြစ်ပြီး ကျန် elective ဘာသာရပ်များမှာ Accounting, Biology, Chemistry, Economic, Social Science, Visual Arts and Design, Gov-ernment Law and Information, Mathematics, Information Technology, Media Studies and Communication, Music, Physics ဖြစ်သည်။ University of Sydney တွင် မိမိတက်ရောက်မည့် မေဂျာပေါ်မူတည်၍ အထက်ပါ elective courses များကို ရွေးချယ်တက်ရောက် နိုင်သည်။ English စာလိုအပ်ချက်များမှာ Standard program အတွက် IELTS 5.5 (သို့) TOEFL (pbt) 506 ရရှိရမည်။ ထို program ကို တက်ရောက်နိုင်မည့် ကာလမှာ ဇူလိုင်လဖြစ်သည်။ Intensive program အတွက် IELTS 6.0 (သို့) TOEFL (pbt) 534 ရရှိထားရမည်။ ထို program တက်ရောက်နိုင်မည့် လမှာ အောက်တိုဘာလဖြစ်သည်။ ထို program ၂ ခုလုံးအတွက် အင်္ဂလိပ်စာ အမှတ်မမီပါက August Intakes ဖြစ်သော Extended program ကို တက်ရောက်နိုင်သည်။ Extended program အတွက် English စာလိုအပ်ချက်မှာ IELTS 5.0 နှင့် TOEFL(pbt) 483 တို့ ဖြစ်သည်။ မြန်မာကျောင်းသားများအနေဖြင့် ၀င်ခွင့်လိုအပ်ချက်မှာ ၁၀ တန်းအောင်မြင်ပြီး Extended program တက်ရောက်လိုပါက အမှတ် ၅၅ ရာခိုင်နှုန်း ရရှိထားရမည်။ Standard program အတွက် ၆၅ ရာခိုင်နှုန်းနှင့် Intensive program အတွက် ၇၅ ရာခိုင်နှုန်း ရှိထားရမည်။

University of Sydney သို့ ၀င်ရောက်လိုသည့် ကျောင်းသားများအား Taylors College ၏ Foundation Program သို့အခမဲ့ ၀န်ဆောင်မှုကို Grace ပညာရေးဝန်ဆောင်မှုမှ ပေးအပ်လျက်ရှိသည်။ အသေးစိတ်သိရှိလိုပါက Grace Education Services, ဖုန်း ၀၉-၇၈၅၁၄၀၈၀၂၊ ၀၉- ၅၁၄၀၈၀၂၊ ၀၉- ၇၈၁၈၂၂၆၆၅ သို့ ဆက်သွယ်မေးမြန်းနိုင်သည်။

-ဝေဝေ