ကြားဖြတ်သတင်းတွေဖော်ပြပေးမယ့် သတင်းကဏ္ဍသစ်ကို Facebook ဖန်တီး

Facebook ဟာ Watch ဆိုတဲ့ video streaming platform အတွင်းမှာ ကြားဖြတ်သတင်းတွေဖော်ပြပေးမယ့် ကဏ္ဍသစ်တစ်ခုကို ဖန်တီးသွားမယ်လို့ သိရပါတယ်။

Facebook ရဲ့သတင်းပိုင်းပူးပေါင်းမှု အကြီးအကဲဖြစ်သူ ကမ်းဘဲဘရောင်းက ဟန်တင်တန်ကမ်းခြေမှာ ပြုလုပ်ခဲ့တဲ့ Code မီဒီယာကွန်ဖရင့်မှာ အခုအပြောင်းအလဲနဲ့ ပတ်သက်ပြီး ကုမ္ပဏီရဲ့ သတင်းနည်းဗျူဟာ ပြောကြားခဲ့ပါတယ်။

Facebook ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်း အခြား အွန်လိုင်းဗီဒီယိုဖြန့်ချိရေး platform တွေနဲ့ တိုက်ရိုက်ယှဉ်ပြိုင်ဖို့ Watch platform ကိုမိတ်ဆက်ခဲ့ပါတယ်။

Facebook နဲ့ပူးပေါင်းထားသူတွေက ကိုယ်ပိုင်သီးသန့် မူလဗီဒီယို content တွေ ထုတ်လုပ်နိုင်တဲ့ နေရာသစ်တစ်ခု ရှိပါတယ်။ Facebook နဲ့ပူးပေါင်းထားသူတွေက ကြားဖြတ်ကြော်ငြာဝင်ငွေ ၅၅ ရာခိုင်နှုန်းနဲ့ Facebook ကတော့ ၄၅ ရာခိုင်နှုန်းရရှိမှာ ဖြစ်ပါတယ်။ “Watch” tab နဲ့ မူလအစီအစဉ် ၁၂ ခုလောက်ကို ဖေဖော်ဝါရီ ၁၄ ရက်မှာ မိုဘိုင်း၊ desktop နဲ့ Facebook TV app မှာရှိတဲ့ အမေရိကန်သုံးစွဲသူ အနည်းငယ်အတွက် ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်အစောပိုင်းမှာ Facebook က ဗီဒီယို tab တစ်ခုကို ဖန်တီးခဲ့ပါတယ်။ ဒါပေမဲ့ သူငယ်ချင်းတွေနဲ့ မိသားစုတွေဝေမျှတဲ့ ဗီဒီယိုတွေပဲ ကြည့်နိုင်ပါတယ်။ Watch မှာတော့ Facebook ရဲ့ channel က သီးသန့်ပိုင်ဆိုင်တဲ့ ကိုယ်ပိုင် content တွေကို ကြည့်နိုင်ပါတယ်။

YouTube နဲ့ Snap လိုမျိုး ပြိုင်ဘက်တွေမှာလည်း ကိုယ်ပိုင် content တွေရှိပါတယ်။ ဒါပေမဲ့ Watch ကတော့ သတင်းပိုင်းကို ဦးစားပေးလုပ်ဆောင်ပြီး ပိုမိုကြီးမားတဲ့ အစီအစဉ်တွေ ရှိပါတယ်။ Facebook အနေနဲ့ မကြာသေးခင် နှစ်အနည်းငယ်အတွင်းက platform ပေါ်မှာဝေမျှထားတဲ့ သတင်းအရည်အသွေး စီမံခန့်ခွဲမှုနဲ့ သတင်းကို ဘယ်လို အသုံးပြုနေတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရုန်းကန်နေရပါတယ်။

စိုးထက်
Ref: TechCrunch