September 24, 2017

၂၉၉ ဒေါ်လာတန် Windows 10 S ကွန်ပျူတာများကို HP နဲ့ Acer မိတ်ဆက်

HP နဲ့ Acer ဟာ Windows 10 S အသုံးပြုထားတဲ့ laptop တွေကို မိတ်ဆက်ကြေညာတဲ့ ပထမဆုံး hardware partner နှစ်ခု ဖြစ်လာပါတယ်။

ဒီကုမ္ပဏီနှစ်ခုဟာ operating system ကလွဲပြီး လက်ရှိ laptop တွေနဲ့ အရာအားလုံးတူညီတဲ့ ဗားရှင်းတွေကို မိတ်ဆက်ကြေညာခဲ့ပါတယ်။ အဲ့ဒီ laptop နှစ်ခုစလုံးကို ၂၉၉ ဒေါ်လာနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

HP ရဲ့ laptop က ProBook x360 Education Edition ဗားရှင်းသစ်ဖြစ်ပါတယ်။ အကြမ်းခံနိုင်တဲ့ ဒီ laptop မှာ ၁၁.၆ လက်မ 1366 x 768 display, Intel Celeron processor, 4GB RAM နဲ့ 64GB storage ပါဝင်ပါတယ်။

Acer က မိတ်ဆက်ပေးခဲ့တဲ့ laptop ကတော့ TravelMate Spin B1 Convertible ဗားရှင်းသစ် ဖြစ်ပါတယ်။ ဒီ laptop ကတော့ touchscreen laptop ဖြစ်ပြီး ၁၁.၆ လက်မ 1080p display, Celeron processor, 4GB RAM နဲ့ 64GB storage ပါဝင်ပါတယ်။ နောက်ပြီး stylus တစ်ခုလည်း ပါဝင်တယ်လို့ သိရပါတယ်။

Ref: TheVerge