၂၇ နှစ်ကြာ ပျောက်ဆုံးနေသော သားဖြစ်သူကို Baidu AI ကြောင့် မိဘများ ပြန်လည်ရှာတွေ့

အသက် ၆ နှစ်အရွယ်ကတည်းက မိဘတွေနဲ့ ကွဲကွာခဲ့ရတဲ့ Fu Gui ဆိုသူ တရုတ်အမျိုးသားတစ်ဦးဟာ Baidu AI ရဲ့အကူအညီကြောင့် သူ့ရဲ့မိဘနဲ့ ပြန်လည်ဆုံဆည်းခဲ့ရတယ်လို့ သိရပါတယ်။

သူဟာ ကျောင်းကနေအိမ်ပြန်လမ်းမှာ ခိုးယူရောင်းစား ခံခဲ့ရတာဖြစ်ပါတယ်။ ၂၇ နှစ်အကြာမှာတော့ တရုတ်နည်းပညာ ကုမ္ပဏီကြီး Baidu ရဲ့facial recognition နည်းပညာကြောင့် ကွဲကွာနေတဲ့ သူ့ရဲ့မိဘတွေနဲ့ ပြန်လည်ဆုံဆည်းခဲ့တာ ဖြစ်ပါတယ်။

Fu Gui ဟာ အသက် ၁၀ နှစ်အရွယ်တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို Baobeihuijia လို့ခေါ်တဲ့ ဝက်ဘ်ဆိုက်တစ်ခုမှာ တင်ခဲ့ပါတယ်။ လအနည်းငယ်အကြာမှာတော့ သူ့ရဲ့ မိဘတွေက သူငယ်စဉ်ဘဝက ဓာတ်ပုံတွေကို တင်ခဲ့ပြီးတဲ့နောက် Baidu ရဲ့ နည်းပညာအကူအညီနဲ့ အဆက်အသွယ်ရရှိခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ကလေးထောင်ပေါင်းများစွာ နှစ်စဉ်ခိုးယူခံနေရပါတယ်။ Baobeihuijia ဝက်ဘ်ဆိုက်ဟာ ခိုးယူခံရတဲ့ ကလေးတွေကို မိဘတွေနဲ့ ပြန်လည်ဆုံဆည်းစေဖို့အတွက် ဖန်တီးထားတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေကတော့ စေတနာဝန်ထမ်းတွေက မိဘတွေတင်ထားတဲ့ ဓာတ်ပုံတွေနဲ့ မိဘတွေကို ရှာဖွေသူတွေရဲ့ဓာတ်ပုံတွေကို ပင်ပင်ပန်းပန်း တိုက်ကြည့်စစ်ဆေးခဲ့ရပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက စမ်းသပ်ခဲ့တဲ့ cross-age facial recognition နည်းပညာကို Baidu က ဒီနှစ်မတ်လမှာ ထောက်ပံ့ပေးခဲ့ပါတယ်။

အဲ့ဒီနည်းပညာကို Baobeihuijia ဝက်ဘ်ဆိုက်မှာ စတင်အသုံးပြုခဲ့တဲ့နောက်ပိုင်း Baidu ရဲ့ AI က မိဘနဲ့သားသမီးအချို့ကို ပြန်လည်ဆုံဆည်းစေခဲ့ပါတယ်။ Fu Gui ဟာ အဲ့ဒီအထဲက တစ်ယောက်အပါအဝင်ဖြစ်ပြီး သူနဲ့ သူ့မိဘတွေက DNA စစ်ဆေးမှုကိုပါ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

Ref: Engadget