July 15, 2018

၂၀၁၉ တက္ကသိုလ်ဝင် စာမေးပွဲမေးခွန်းပုံစံ ဝက်ဘ်ဆိုက်တွင် ကြည့်ရှုနိုင်ရန်ဆောင်ရွက်ထား

[ Zawgyi ]




-ထွန်းထွန်း

[ Unicode ]

၂၀၁၉ ခုနှစ် မတ်လမှာ ကျင်းပမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းပုံစံကို ဝက်ဘ်ဆိုက်မှာ ကြည့်ရှုနိုင်ဖို့ဆောင်ရွက် ထားတယ်လို့ သိရပါတယ်။

အဲဒီစာမေးပွဲမှာ ပြောင်းလဲအသုံးပြုမယ့် ဘာသာရပ်အလိုက် မေးခွန်းပုံစံအသစ်နဲ့စပ်လျဉ်းပြီး အသိပေးဖော်ပြချက်တွေကို သတင်းစာတွေမှာ ထုတ်ပြန်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် မေ ၂ ရက်မှ မေ ၁၀ ရက်အထိ ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ နမူနာမေးခွန်းပုံစံကို ပညာရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်ဖြစ်တဲ့ ဒီနေရာမှာ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ ၂၀၁၉ ခုနှစ်မတ်လမှာ ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲမှာ ပြောင်းလဲအသုံးပြုမယ့် ဘာသာရပ်အလိုက် နမူနာမေးခွန်းပုံစံတွေကို သတင်းစာတွေကနေတစ်ဆင့် ထုတ်ပြန်နေတာတွေ့ရ ပါတယ်။ ဝက်ဘ်ဆိုက်ပေါ်မှာ တက္ကသိုလ်ဝင် စာမးပွဲမေးခွန်းပုံစံသစ်ဆိုင်ရာ သိမှတ်ဖွယ်ရာဆိုတဲ့ ခေါင်းစဉ်အောက်မှာ တစ်ဘာသာချင်းအလိုက် ဖော်ပြထားတာ တွေ့ရပါတယ်။

-ထွန်းထွန်း