February 25, 2018

၂၀၁၇ တွင် Google Pixel ဖုန်း ၃.၉ သန်း ရောင်းချခဲ့ရကြောင်း IDC ထုတ်ပြန်

၂၀၁၇ ခုနှစ်မှာ Google က Pixel စမတ်ဖုန်း ၃.၉ သန်း တင်ပို့ရောင်းချခဲ့တယ်လို့ IDC သုတေသနအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒီကိန်းဂဏန်းမှာ စမတ်ဖုန်းရဲ့မျိုးဆက်နှစ်ခုဖြစ်တဲ့ Pixel 1 နဲ့ 2 တို့ပါဝင်တယ်လို့ IDC သုတေသနဒါရိုက်တာ Francisco Jeronimo က ပြောပါတယ်။ ဒါပေမဲ့ ဒီကိန်းဂဏန်းဟာ စမတ်ဖုန်းဈေးကွက် ၁.၅ ဘီလျံနဲ့ နှိုင်းယှဉ်ရင် အလွန်နည်းပါးတဲ့ ပမာဏသာဖြစ်ပြီး Apple ရဲ့ နောက်ဆုံးသုံးလပတ် iPhone တင်ပို့ရောင်းချမှု ပမာဏဟာဆိုရင် ၇၇.၃ သန်း ရှိခဲ့တယ်လို့ Jeronimo က နှိုင်းယှဉ်ပြောကြားခဲ့ပါတယ်။

ဒီကိန်းဂဏန်းအရေအတွက်ဟာ နည်းပါးနေပေမယ့်လည်း ပြီးခဲ့တဲ့နှစ်မှာ Google ရဲ့ Pixel ရောင်းအားက နှစ်ဆမြင့်တက် လာခဲ့တယ်လို့ Jeronimo က ဆိုပါတယ်။

Google ဟာ ကုမ္ပဏီရဲ့ ပထမဆုံးဖုန်းဖြစ်တဲ့ Pixel ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။ ဒုတိယမျိုးဆက် Pixel ကိုတော့ တစ်နှစ်အကြာမှာ မိတ်ဆက်ခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ hardware မှာ အကြီးစားရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ Google က Motorola အမှုဆောင်ဟောင်း Rick Osterloh ကို ခေါ်ယူပြီး Googhe Home စမတ်စပီကာတွေ၊ Chromecast streaming ထုတ်ကုန်တွေနဲ့ Google Wi-Fi router တွေအပါအဝင် ကုမ္ပဏီရဲ့ hardware ဌာနကို ဦးဆောင်စေခဲ့ပါတယ်။

-နောင်နောင်
Ref: CNET