၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှ မေလဆန်းအတွင်း ထွက်ခဲ့သည့် အကြိုက်ဆုံး နည်းပညာ ထုတ်ကုန်များ

ဖေဖော်ဝါရီ

Huawei Watch 2

Huawei Watch 2 ကို Mobile World Congress မှာ စတင်မိတ်ဆက် လိုက်ပါတယ်။ 4G LTE အထောက်အပံ့ ပါဝင်ပြီး ဝိုင်ဖိုင်မရတဲ့
အခါ ကိုယ်ပိုင်အင်တာနက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီတစ်ခါ မိတ်ဆက်လိုက်တဲ့ ပုံစံကတော့ သတ္တုကိုယ်ထည် မဟုတ်တော့ဘဲ အားကစား ပြုလုပ်ရာမှာလည်း ပတ်ထားနိုင်မယ့် Sportier ဒီဇိုင်းတွေပဲ ဖြစ်ပါတယ်။ OS အနေနဲ့ Android 4.3+, iOS 8.2+ အသုံးပြုနိုင်မှာဖြစ်ပြီး ဈေးနှုန်းကတော့ 4G ကွန်ရက် အသုံးပြုနိုင်မယ့် နာရီဆိုရင် ၃၇၉ ယူရိုဖြစ်ပြီး Bluetooth နဲ့ချိတ်ဆက် အသုံးပြုနိုင်မယ့် နာရီဆိုရင် ၃၂၀ ယူရိုဖြစ်ပါတယ်။ လိမ္မော်ရောင်၊ အပြာရောင် အပါအ၀င် အရောင်လေးရောင်နဲ့ ရရှိမှာဖြစ်ပါတယ်။

ကမ္ဘာ့ပထမဆုံး စီးပွားဖြစ်မိုးပျံကား

ဒတ်ခ်ျကုမ္ပဏီ PAL-V ကဖန်တီးထုတ်လုပ်ထားတဲ့ Liberty Sport နဲ့ Liberty Pioneer ဆိုတဲ့ မိုးပျံကားနှစ်မျိုးကို ပထမဆုံးအကြိမ် စတင်ရောင်းချလိုက်တာ ဖြစ်ပါတယ်။ ဘီးသုံးဘီးပါတဲ့ အဲ့ဒီမိုးပျံကားတွေမှာ လူနှစ်ဦးလိုက်ပါ စီးနင်းနိုင်ပြီး တစ်နာရီ ၁၁၂ မိုင်နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။ Sport က တန်ဖိုးက ဒေါ်လာ ၄၀၀,၀၀၀ ဖြစ်ပြီး Pioneer ကတော့ ဒေါ်လာ ၆၀၀,၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။ Liberty ဗားရှင်းနှစ်မျိုးစလုံးမှာ ပြန်သိမ်းနိုင်တဲ့ ပန်ကာရွက်တစ်ခုနဲ့ ကားမောင်းဖို့အတွက်ရယ်၊ ပျံသန်းဖို့အတွက်ရယ် အင်ဂျင်နှစ်လုံး ပါရှိပါတယ်။ မြေပြင်ပေါ်မှာတော့ Liberty က တစ်နာရီ မိုင် ၁၀၀ နှုန်းနဲ့မောင်းနှင်ပြီး ရပ်ထားရာကနေ တစ်နာရီ ၆၂ မိုင်နှုန်းကို ၉ စက္ကန့်အတွင်း အရှိန်တင်ပေးနိုင်ပါတယ်။ ဆီအပြည့်နဲ့ဆိုရင် ၈၁၇ မိုင်အထိ မောင်းနှင်နိုင်ပြီး ဆီစားနှုန်းက တစ်ဂါလံ ၃၁ မိုင် ဖြစ်ပါတယ်။ ပျံသန်းဖို့အတွက် flying mode ကို ပြောင်းတဲ့အခါ ၁၀ မိနစ်လောက်ကြာမြင့်ပြီး ဆီအပြည့်နဲ့ဆိုရင် လေထဲမှာ မိုင် ၃၁၀ အထိ
မောင်းနှင်နိုင်ပါတယ်။ Liberty က မိုးပျံကားတွေကို ၂၀၁၈ နှစ်ကုန်ပိုင်းမှသာ ပထမဆုံးတင်ပို့ ရောင်းချမှာ ဖြစ်ပါတယ်။

Android Wear 2.0 စမတ်နာရီ WEAR 24

Wear 24 ဟာ Verzion ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ် စမတ်နာရီဖြစ်ပြီး Android Wear 2.0 software ကို အသုံးပြုထားပါတယ်။ စက်ဝိုင်းပုံ ၁.၃၉ လက်မ display (480 x 480 resolution) ကို အသုံးပြုထားပြီး LTE, Wi-Fi နဲ့ NFC ချိတ်ဆက်မှုတွေကို ထောက်ပံ့ပေးထားပါတယ်။ Accelerometer နဲ့ heart rate sensor တို့ကိုလည်း ထည့်သွင်းထားပါတယ်။ Wear 24 ကို မတ်လမှာ နှစ်နှစ်စာချုပ်တန်ဖိုး ဒေါ်လာ ၃၀၀ နဲ့ Verizon ပေါ်ကနေ ရောင်းချခဲ့ပါတယ်။

Lenovo Yoga A12

Lenovo Yoga A12 လို့ခေါ်တဲ့ Android tablet 2-in-1 သစ်မှာ ၁၂.၂ လက်မ HD touchscreen နဲ့ Intel Atom x5 ပရိုဆက်ဆာကို အသုံးပြုထားပါတယ်။ RAM 2GB, သိုလှောင်မှု ပမာဏက 32GB ဖြစ်ပါတယ်။ Yoga A12 မှာ ၃၆၀ ဒီဂရီပတ္တာတစ်ခု ပါဝင်တာကြောင့်
kebyoard ကိုလှန်ပြီး tablet တစ်ခုအနေနဲ့ ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ Keyboard မှာ Wacom sketch pad ပါဝင်လာခြင်း မရှိတာပါ။ မဂ္ဂနီဆီယမ်နဲ့ အလူမီနီယံဖြင့် ဖန်တီးထားပြီး မီးခိုးရင့်ရောင်၊ ပန်းရောင်တို့နဲ့ ရရှိနိုင်ပါတယ်။ Lenovo ရဲ့ဝက်ဘ်ဆိုက်ကနေ ၂၉၉ ဒေါ်လာနဲ့ ရောင်းချခဲ့ပါတယ်။

စားသောက်ကုန် ပစ္စည်းတွေ သယ်ဆောင်နိုင်တဲ့ Vespa ရဲ့စက်ရုပ်သစ်

စတိုင်ကျလှပတဲ့ စကူတာများ ထုတ်လုပ်မှုကြောင့် လူသိများထင်ရှားတဲ့ အီတလီကုမ္ပဏီ Vespa က Piaggio Fast Forward လို့အမည်
ရတဲ့ ဘော့စတွန်အခြေစိုက် ဌာနတစ်ခုကို ဖွင့်လှစ်ခဲ့ပြီး အဆိုပါဌာနမှ ပထမဆုံးဖန်တီးမှုအဖြစ် Gita အမည်ရစက်ရုပ်ကို ဖန်တီးလိုက်ပါတယ်။ Gita ဟာ စားသောက်ကုန် ပစ္စည်းများကို သယ်ဆောင်နိုင်ပြီး လမ်းသွားလမ်းလာ သို့မဟုတ် စက်ဘီးနင်းသူရဲ့နောက်မှ လိုက်ပါနိုင်တယ်။  စက်ရုပ်ရဲ့အရှည်ကနှစ်ပေရှိပြီး ပစ္စည်းများကို ပေါင် ၄၀ အထိ သယ်ယူနိုင်ပါတယ်။ စက်ရုပ်ရဲ့ကုန်များထည့်သွင်းနိုင်တဲ့အကန့်ကို အဖုံးအုပ်ထားပြီး တစ်နာရီလျှင် ၂၂ မိုင်အထိ အမြင့်ဆုံးမြန်နှုန်းဖြင့် သွားလာနိုင်ပါတယ်။ ရောင်းချမယ့် အချိန်ကိုတော့  ကုမ္ပဏီက ထုတ်ပြန်ခဲ့ခြင်း မရှိသေးပါဘူး။

iPhone 7 နဲ့ iPad သစ်တွေအတွက် GAMEVICE ရဲ့ ဂိမ်းခလုတ်

Made-for-iPhone (MFi) လက်မှတ်ရထားတဲ့ Gamevice က iPhone 7 နှင့် 7 plus အတွက် နားကြပ်ပေါက်နဲ့ အားသွင်းနိုင်တဲ့ light-ning ပါဂိမ်းခလုတ် ဖြစ်ပါတယ်။ iPhone မှစွမ်းအင်ရယူ ထားတာကြောင့် ခလုတ်မှာပိုမို ပေါ့ပါးပါတယ်။ ခလုတ်ကို ခေါက်နိုင်တာကြောင့် ခရီးသွားလာရာမှာ အလွယ်တကူ ယူဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ iPhone 7  နှင့် 7 Plus Game vice ထုတ်ကုန်သစ်ကို ဇန်နဝါရီလ ၃၁ ရက်မှာ အွန်လိုင်းနဲ့ Apple store တွေမှာ ၉၉ ဒေါ်လာနဲ့ ရောင်းချခဲ့ပါတယ်။

မတ်လ

Bugatti ရဲ့ကမ္ဘာ့အပေါ့ပါးဆုံး စက်ဘီး

ကမ္ဘာ့အမြန်ဆုံးကားကို ထုတ်လုပ်ထားတဲ့ Bugatti ကုမ္ပဏီဟာ ကမ္ဘာ့အပေါ့ပါးဆုံး စက်ဘီးကို ဖန်တီးလိုက်ပါတယ်။ ဒီစက်ဘီးကို ကာဘွန်ဖိုက်ဘာ ၉၅ ရာခိုင်နှုန်းနဲ့ ဖန်တီးပြုလုပ်ထားပြီး အလေးချိန်က ၅ ကီလိုဂရမ် (၁၁ ပေါင်) သာရှိပါတယ်။ ဒီစက်ဘီးကို ဒေါ်လာ ၃၉,၀၀၀ နဲ့ရောင်းချသွားမှာ ဖြစ်ပါတယ်။ ပြင်သစ်ကုမ္ပဏီက PG စက်ဘီးကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အလွန်ပေါ့ပါးတဲ့ Bugatti စက်ဘီးမှာ လေခွင်းအားနည်းပညာကို ထည့်သွင်းထားပြီး အစိတ်အပိုင်းအားလုံးကို လက်နဲ့ပြုလုပ် ထားတယ်လို့ဆိုပါတယ်။ အဲ့ဒီစက်ဘီးကို ဒီနှစ်ကုန်ပိုင်းမှာ အရောင်အသွေးစုံလင်တဲ့ မော်ဒယ် ၆၆၇ မျိုးသာ ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။

Galaxy Tab S3

Galaxy Tab S3 ရောင်းဈေးက ကန်ဒေါ်လာ ၆၀၀ ဖြစ်ပါတယ်။  ၎င်းမှာသီးခြား ဝယ်ယူပြီး သုံးနိုင်တဲ့ Pogo keyboard ကို ဒေါ်လာ ၁၃၀ နဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ Galaxy Tab S3 မှာ 2048 x 1536 resolution ထောက်ပံ့ပေးနိုင်တဲ့ ၉.၇ လက်မ Super AMOLED display ပါဝင်ပါတယ်။ ကျောဘက်ကင်မရာက 13-megapixel ဖြစ်ပြီး အရှေ့ဘက်ကင်မရာက 5-megapixel ပါ။ သိုလှောင်မှုပမာဏ 32GB ဖြစ်ပြီး microSD ကနေ 256GB အထိတိုးမြှင့်နိုင်ပါတယ်။ RAM က 4GB ဖြစ်ပြီး ဘက်ထရီက 6,000mAh ဖြစ်ပါတယ်။ Qualcomm Snap-dragon 820 processor, Android 7.0 Nougat တို့နဲ့သုံးနိုင်ပြီး Vulkan
Games API အတွက် အထောက်အပံ့ ပါဝင်ပါတယ်။

Whiteboard နေရာအစားထိုးနိုင်မယ့် Google ရဲ့ Jamboard

Google ရဲ့ Jamboard လို့ခေါ်တဲ့ အရွယ်ကြီးမားတဲ့ touch-screen canvas တစ်မျိုးဖြစ်ပါတယ်။ Whiteboard တွေနေရာမှာအစား
ထိုးနိုင်မယ့် Jamboard ကို မေလ မှာ ၄,၉၉၉ ဒေါ်လာနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ Jamboard မှာ ၅၅ လက်မ ultrahigh-definition screen ပါဝင်ပြီး အဲ့ဒီ screen က stylus ဒါမှမဟုတ် လက်ချောင်းနဲ့ ထိတွေ့ပြီးရေးသားတဲ့အခါ ခြားနားချက်ကိုသိ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အွန်လိုင်းချိတ်ဆက်မှုရှိတဲ့ ဘယ်နေရာကမဆို အချက်အလက် ဝေမျှဖို့အတွက် stylus နဲ့ စမတ်ဖုန်းများအပြင် အရွယ်သေးငယ်တဲ့ tablet တွေကို အသုံးပြုနိုင်ပါတယ်။ Jamboard မှာ လုပ်ဆောင်ထားတဲ့အရာ
အားလုံးကို Google ရဲ့ online storage ဝန်ဆောင်မှုဖြစ်တဲ့ Drive မှာ သိမ်းဆည်းထားနိုင်ပါတယ်။

BlackBerry Aurora

အင်ဒိုနီးရှားက BB Merah Putih က BlackBerry Aurora ကို တရားဝင် မိတ်ဆက်ကြေညာလိုက်တဲ့ ဒီစမတ်ဖုန်းဟာ အင်ဒိုနီးရှားမှာ ထုတ်လုပ်တဲ့ ပထမဆုံး BlackBerry အမှတ်တံဆိပ် ထုတ်ကုန်ဖြစ်ရုံသာမက dual-SIM လုပ်ဆောင်ချက် ပါဝင်တဲ့ ပထမဆုံး BlackBerry ထုတ်ကုန်ဖြစ်တယ်။ Snapdragon 425 chipset နဲ့ ၅.၅ လက်မ 720p touchscreen, RAM 4GB နဲ့ Internal memory က 32GB ဖြစ်ပါတယ်။ ကျောဘက်ကင်မရာက 13MP ဖြစ်ပြီး selfie ကင်မရာက 5MP ပါ။ ဘက်ထရီက 3,000mAh ဖြစ်ပါတယ်။ Aurora မှာ Android 7.0 Nougat ကိုအသုံးပြုထားပြီး Black, Silver, Gold စတဲ့ အရောင်သုံးမျိုးနဲ့ ရနိုင်ပါတယ်။ ဒေါ်လာ ၂၆၀
ဝန်းကျင် ကျသင့်ပါမယ်။

စိန်နဲ့အလှဆင်ထားပြီး 360-degree ကင်မရာပါဝင်တဲ့ စမတ်ဖုန်း

စိန်ပွင့်တွေနဲ့ အလှဆင်ထားပြီး virtual reality ဓာတ်ပုံနဲ့ ဗီဒီယိုများအတွက် 360-degree ကင်မရာ ပါဝင်တဲ့ darling စမတ်ဖုန်းကို တရုတ်နည်းပညာ ကုမ္ပဏီ ProTruly က ဖန်တီးထားတာပါ။ ၅.၅ လက်မ display, ထိတွေ့စရာမလိုဘဲ အပူချိန်တိုင်းပေးမယ့် သာမိုမီတာတစ်ခုနဲ့13-megapixel ကင်မရာနှစ်ခုတို့ ပါဝင်ပါတယ်။ ဓာတ်ပုံတွေကို ဘက်ပေါင်းစုံမှ ရိုက်ကူးပေးနိုင်ပြီး ကမ္ဘာလုံးပုံစံ image file တွေနဲ့ သိမ်းဆည်းပေးပါတယ်။ အဲ့ဒီ 360-degree ဓာတ်ပုံတွေကို YouTube နဲ့ Facebook မှာ ဝေမျှနိုင်ပါတယ်။ အဆိုပါ Android ဖုန်းကို 1080p display, MediaTek processor, 4GB RAM, 64GB internal storage နဲ့ သုံးနိုင်ပါတယ်။ ကျောဘက်မှာ fingerprint sensor ပါဝင်ပါတယ်။ USB-C port တစ်ခု ပါဝင်ပြီး တန်ဖိုးအနေနဲ့ ပလတ်စတစ် မော်ဒယ်အတွက် ဒေါ်လာ ၆၀၀ ကျသင့်မှာဖြစ်ပါတယ်။ စိန်ပွင့်တွေနဲ့ အလှဆင်ထားတဲ့ မော်ဒယ်အတွက်က ဒေါ်လာ ၁,၃၀၀ ကျသင့်မှာဖြစ်ပါတယ်။

MWC 2017 မှာ အကောင်းဆုံး စမတ်ဖုန်းသစ်ဆု ရခဲ့တဲ့ Sony Xperia XZ Premium

၂၀၁၆ ခုနှစ်က အကောင်းဆုံး စမတ်ဖုန်းဆုကို Samsung ကရရှိခဲ့ပြီး ဒီနှစ်မှာတော့ Sony က Xperia XZ Premium စမတ်ဖုန်းနဲ့ အကောင်းဆုံး စမတ်ဖုန်းသစ်ဆုကို ရရှိသွားခဲ့ပါတယ်။ MWC 2017 မှာ Sony က Xperia XZ Premium, Xperia XZs, Xperia XA1 နဲ့ Xperia XA1 Ultra စတဲ့ ထုတ်ကုန်သစ်လေးမျိုးကို ပွဲထုတ်ပြသခဲ့ပါတယ်။ Xperia XZ Premium မှာ ၅.၅ လက်မ display နဲ့ 4K display ပါဝင်ပြီး Snapdragon 835 CPU နဲ့ အဆင့်မြှင့်ထားတဲ့ 19MP ကင်မရာတို့ကို အသုံးပြုထားပါတယ်။ Slow-mo ဗီဒီယိုတွေကို 960fps နဲ့ ရိုက်ကူးဖို့အတွက် Motion Eye နည်းပညာကို ထောက်ပံ့ပေးထားပါတယ်။

၇ လက်မ touchscreen display ပါဝင်တဲ့ Aluratek Wi-Fi Media Player

၇ လက်မ touchscreen display ပါဝင်ပြီး အင်တာနက်ရေဒီယို၊ သီချင်းနဲ့ဗီဒီယိုအပြင် လူမှုရေးမီဒီယာတွေကို သုံးနိုင်မယ့် Aluratek Wi-Fi Media Player ဖြစ်ပါတယ်။ အလွယ်တကူ သုံးနိုင်မယ့် touchscren မှာ မီဒီယာတွေကို အလွယ်တကူ ကြည့်ရှုပြီး သုံးနိုင်အောင် စုစည်းဖော်ပြပေးထား ပါတယ်။ Spotify, Pandora, SiriusXM နဲ့ social media channel တွေအပါအဝင် app အများအပြားကို အသုံးပြုနိုင်ပါတယ်။ Aluratek Media Player မှာ ပါဝင်တဲ့ခလုတ်တွေကို အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ အသံစနစ်ကလည်း အံ့အားသင့်ဖွယ်ကောင်းတဲ့ အသံအရည်အသွေးကို ထုတ်ပေးနိုင်ပါတယ်။ အတွင်းမှာ front-facing channel spaker နှစ်ခု ပါဝင်ပါတယ်။ တန်ဖိုးက ဒေါ်လာ ၁၃၀ ပါ။

ကမ္ဘာ့အသေးဆုံး ၃၆၀ ဒီဂရီ ကင်မရာ

အကောင်းဆုံး feature တွေပါဝင်ပြီး သက်သာတဲ့ဈေးနှုန်းနဲ့ ရရှိနိုင်မယ့် Nico360 VR Camera ဖြစ်ပါတယ်။ ကင်မရာမှာ 32-megapixel CMOS sensor ပါဝင်ပြီး ၃၆၀ ဒီဂရီအပြည့်နဲ့ ရိုက်ကူးနိုင်ပါတယ်။ အတွင်းပိုင်းမှာ built-in gyroscope နဲ့ accelerometer ပါဝင်ပါတယ်။ ရိုက်ကူးတဲ့အခါမှာ Live view အတွက် Nicocam app ကို သုံးနိုင်ပါတယ်။ Oculus Rift, Samsung GearVR စတဲ့ device တွေနဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။ ရေစိုခံနိုင်တဲ့ body နဲ့ နှစ်နာရီကြာသုံးနိုင်တဲ့ ဘက်ထရီပါဝင်ပါတယ်။ တန်ဖိုးက ၁၆၉ ဒေါ်လာဖြစ်ပြီး မတ်လအတွင်း တင်ပို့ရောင်းချမယ်လို့ သိရပါတယ်။

ဧပြီလ

20 Megapixel  Selfie ကင်မရာပါဝင်တဲ့ VIVO V5s

V5s လို့ခေါ်တဲ့ စမတ်ဖုန်းသစ်ကို Vivo က အိန္ဒိယဈေးကွက်အတွက် မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီစမတ်ဖုန်းရဲ့ တန်ဖိုးက ၂၉၆ ဒေါ်လာဖြစ်ပြီး Flipkart ကနေ ကြိုတင်မှာယူနိုင်တယ်လို့ သိရပါတယ်။ Vivo V5s မှာ ၅.၅ လက်မ 720p IPS display နဲ့ MediaTek MT6750 chipset ကို အသုံးပြုထားပါတယ်။ RAM က 4GB ဖြစ်ပါတယ်။ ကျောဘက်မှာ 13 megapixels
ကင်မရာ ပါဝင်ပြီး အရှေ့ဘက်မှာတော့ 20 megapixels ကင်မရာနဲ့ flash ပါဝင်ပါတယ်။ သိုလှောင်မှုပမာဏက 64GB ဖြစ်ပြီး ဘက်ထရီက 3,000mAh ဖြစ်ပါတယ်။ Fingerprint sensor ပါဝင်ပြီး Android 6.0 နဲ့ အသုံးပြုနိုင်ပါတယ်။

ထိပ်တန်း Android ဖုန်းတွေနဲ့ယှဉ်ပြိုင်မယ့် Xiaomi Mi 6

Xiaomi Mi 6 စမတ်ဖုန်းရဲ့ တန်ဖိုးက 6GB/64GB မော်ဒယ်အတွက် ယွမ် ၂,၅၀၀ (၃၆၀ ဒေါ်လာ) ဖြစ်ပါတယ်။ 128GB မော်
ဒယ်အတွက်က ယွမ် ၂,၉၀၀ (၄၂၀ ဒေါ်လာ) ကျသင့်ပါမယ်။ အရောင်တွေအနေနဲ့ အနက်၊ အပြာ၊ အဖြူတို့နဲ့ ရရှိနိုင်ပါတယ်။ Xiaomi Mi 6 မှာ dual camera (12MP, OIS, 4K video recording), Snapdragon 835 chipset နဲ့ အရွယ်ကြီးမားတဲ့ 3,350mAh ဘက်ထရီ ပါဝင်ပါတယ်။ ဒီစမတ်ဖုန်းကို ထိပ်တန်း Android ဖုန်းတွေနဲ့ယှဉ်ပြိုင်ဖို့ Xiaomi က ရည်မှန်းထားပါတယ်။

3D YouTube ဗီဒီယိုတွေကို 8K နဲ့ရိုက်နိုင်မယ့် Yi Halo

3D YouTube ဗီဒီယိုတွေကို ရိုက်ကူးဖို့အတွက် Google ရဲ့ Jump နည်းပညာ အထောက်အပံ့ပါဝင်လာတဲ့ နောက်ဆုံးပေါ် 360-degree ကင်မရာ Yi Halo မှာ ကင်မရာ ၁၇ လုံးပါဝင်ပြီး virtual reality ရှုခင်းတွေကို အလွယ်တကူ ရိုက်ကူးလိုတဲ့ ပရော်ဖက်ရှယ်နယ်တွေအတွက် ရည်ရွယ်ဖန်တီး ထားတာဖြစ်ပါတယ်။ Yi Halo ဟာ အပေါ်ဘက်ကို မျက်နှာမူထားတဲ့ ကင်မရာတစ်ခု ပါဝင်တဲ့အတွက် သုံးစွဲသူတွေက ကင်မရာဘေးပတ်လည်က အရာများအပြင် ကောင်းကင် ဒါမှမဟုတ် မျက်နှာကြက်ကိုလည်း ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ Yi Halo ဟာ 360-degree stereoscopic ဗီဒီယိုကို အမြင့်ဆုံး 8K resolution/30 frames per second နဲ့ရိုက်ကူးနိုင်ပါတယ်။ Tripod အများစုမှာ တပ်ဆင်အသုံးပြုနိုင်သလို camera support system တွေနဲ့လည်း တွဲဖက်သုံးနိုင်ပါတယ်။ Yi Halo ရဲ့လက်လီရောင်းဈေးက ၁၆,၉၉၉ ဒေါ်လာဖြစ်ပြီး ဇွန်လမှာ စတင်ရောင်းချ သွားမှာဖြစ်ပါတယ်။

ရေစိုခံနိုင်တဲ့ Mi Panoramic 360-degree ကင်မရာ

Xiaomi ကုမ္ပဏီရဲ့ Mi Panoramic လို့ခေါ်တဲ့ 360-degree ကင်မရာမှာ 16MP fisheye lens နှစ်ခုနဲ့အတူ 190-degree field
of view, Ambarella A12 image signal processor, Sony IMX206 image sensor တို့ပါဝင်ပါတယ်။ 3.5K (3200 x 1800)
resolution ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပြီး 7K (6912 x 3456 pixels) ဓာတ်ပုံတွေကို ဖန်တီးပေးနိုင်ပါတယ်။ ဗီဒီယိုတွေကို 2456 x 1728 resolution/30fps, 2304 x 1152 resolution/60fps တို့နဲ့လည်း ရိုက်ကူးနိုင်ပါတယ်။ 6-axis electronic image stabilization (EIS) စနစ် ပါဝင်တာကြောင့် ဗီဒီယိုရိုက်ကူးရာမှာ ချောမွေ့တည်ငြိမ်စွာနဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီက 3.5K ဗီဒီယိုကို ၇၅ မိနစ်ခန့် ရိုက်ကူးနိုင်ပါတယ်။ ဖုန်ဒဏ်နဲ့ ရေစိုဒဏ် ခံနိုင်ရည်ရှိပါတယ်။ Wi-Fi နဲ့ချိတ်ဆက် အသုံးပြုနိုင်ပြီး 128GB microSD card တွေကို အသုံးပြုနိုင်ပါတယ်။ တန်ဖိုးက၂၅၀ ဒေါ်လာပါ။

အရည်အသွေးမြင့် Selfie ဓာတ်ပုံတွေ ရိုက်ကူးနိုင်မယ့် Canon ရဲ့ နောက်ဆုံးပေါ် Point-and-Shoot ကင်မရာ

PowerShot SX730 HS လို့ခေါ်တဲ့ နောက်ဆုံးပေါ် point-and-shoot ကင်မရာမှာ 20.3-megapixel CMOS sensor နောက်
ဆုံးပေါ် Digic 6 processor, 4.3-172mm 40x zoom lens နဲ့ အရည်အသွေးမြင့် selfie ဓာတ်ပုံတွေ ရိုက်ကူးဖို့အတွက် ၃ လက်မအရွယ် LCD တို့ ပါဝင်ပါတယ်။ Selfie ဓာတ်ပုံတွေ ရိုက်ကူးဖို့အတွက် skin နဲ့ self-portrait mode သစ်တွေကို Canon က ထည့်သွင်းပေးထားပါတယ်။ ဓာတ်ပုံတွေကို ကြိုးမဲ့စနစ်နဲ့ ဝေမျှဖို့အတွက် Bluetooth, NFC နဲ့ WiFi feature တွေကို ထည့်သွင်းပေးထားပါတယ်။ တန်ဖိုးက ဒေါ်လာ ၄၀၀ ဖြစ်ပြီး ဇွန်လမှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။

မေလ 4 ရက်အထိ

ကမ္ဘာ့အသေးဆုံး 4G စမတ်ဖုန်း Jelly

လူသိနည်းတဲ့ ရှန်ဟိုင်းအခြေစိုက် Unihertz ကုမ္ပဏီဟာ Jelly လို့ခေါ်တဲ့ ကမ္ဘာ့အသေးဆုံး 4G စမတ်ဖုန်း ထုတ်ဖို့အတွက် Kickstarter ကနေ ရန်ပုံငွေကောက်ခံ ရရှိထားပါတယ်။ Android 7.0 နဲ့သုံးနိုင်မယ့် Jelly စမတ်ဖုန်းရဲ့ display က ၂.၄၅ လက်မ TFT LCD ဖြစ်ပြီး 1.1GHz quad-core processor ပါပြီး microSD card slot ကနေတစ်ဆင့် 32GB အထိတိုးမြှင့်နိုင်ပါတယ်။ တန်ဖိုးက 1GB RAM/8GB Storage အတွက် ကန်ဒေါ်လာ ၁၀၉ ဖြစ်ပြီး 2GB RAM/16GB Storage ပါဝင်တဲ့ Jelly Pro အတွက် ကန်ဒေါ်လာ ၁၂၅ ကျသင့်မှာ ဖြစ်ပါတယ်။ ကင်မရာမှာ ကျောဘက်က 8-megapixel ဖြစ်ပြီး အရှေ့ဘက်မှာ 2-megapixel sensor ကိုအသုံးပြု ထားပါတယ်။ SIM-slot နှစ်ခုပါတယ်။ ဘက်ထရီက 950mAh ဖြစ်ပြီး standby အနေနဲ့ ၇ ရက်ကြာ သုံးနိုင်မယ်လို့ ဆိုပါတယ်။ ၂၀၀၇ ခုနှစ် သြဂုတ်လမှာ စတင်ရောင်းချမယ်လို့ ဆိုပါတယ်။

Microsoft ရဲ့ Surface Laptop

ကျောင်းသားများအတွက် ရည်ရွယ်ဖန်တီးထားတဲ့ Microsoft ရဲ့ Surface Laptop ဟာ ၁၃.၅ လက်မအရွယ်ရှိ 3.4 million pixel LCD screen ကို အသုံးပြုထားပါတယ်။ Touch နဲ့ stylus သုံးနိုင်ပြီး ဘက်ထရီက ၁၄.၅ နာရီ ဆက်တိုက် သုံးနိုင်ပါတယ်။ MacBook Pro ထက်လျင်မြန်ပြီး MacBook Air ထက်ပေါ့ပါးပါတယ်။ Microsoft Surface Laptop မှာ Windows 10 S ကိုအသုံးပြုထားပြီး တန်ဖိုးကတော့ ၉၉၉ ဒေါ်လာနဲ့ စတင်မှာဖြစ်ပါတယ်။ Intel Core i5 ဒါမှမဟုတ် Core i7 processor တွေနဲ့ရွေးချယ်ဝယ်ယူနိုင်ပြီး 512GB SSD storage အထိ ရရှိနိုင်ပါတယ်။ ၉၉၉ ဒေါ်လာနဲ့ဆိုရင် i5 (7200U), 4GB RAM, 128GB SSD တို့နဲ့ ရရှိနိုင်ပါတယ်။ i7, 16GB RAM, 512GB SSD ဆိုရင်တော့ ဒေါ်လာ ၂,၂၀၀ လောက် ကျသင့်ပါလိမ့်မယ်။

လေးနှစ်ကြာ သုံးနိုင်မယ့် ဘက်ထရီပါဝင်တဲ့ Logitech iPad Keyboard Case

၉.၇ လက်မ iPad အတွက် Logitech ရဲ့ Slim Folio keyboard case သစ်ဖြစ်ပါတယ်။ ဒီ iPad keyboard case ရဲ့ဘက်ထရီက လေးနှစ်ကြာ သုံးနိုင်မှာဖြစ်ပါတယ်။ Slim Folio ဟာ ပြန်လည် အစားထိုးနိုင်တဲ့ coin battery တွေကို အသုံးပြုထားပါတယ်။ Bluetooth 4.0 ပါရှိပြီး Slim Folio ကို tablet နဲ့ချိတ်ဆက်ပြီး တစ်နေ့ ၂ နာရီလောက် သုံးမယ်ဆိုရင် လေးနှစ်ခန့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Logitech ဝက်ဘ်ဆိုက်မှာ ၉၉.၉၉ ဒေါ်လာနဲ့ ကြိုတင်မှာယူနိုင်ပြီး မေလအတွင်းမှာ ကမ္ဘာတစ်ဝန်း တင်ပို့ရောင်းချမှာ ဖြစ်ပါတယ်။