၂၀၁၇ ခုနှစ်အတွက် အာဆီယံအိုင်စီတီဆု စတင်ဖိတ်ခေါ်

၂၀၁၇ ခုနှစ်အတွက် အာဆီယံအိုင်စီတီဆု (ASEAN ICT Awards 2017) ကို စတင်ဖိတ်ခေါ်လိုက် တယ်လို့သိရပါတယ်။
အဲဒီ ပြိုင်ပွဲကို ၂၀၁၂ ခုနှစ်မှစတင်ကာ နှစ်စဉ်ကျင်းပခဲ့တာ အခုနှစ်ဆုရရှိသူတွေကို လာမယ့် နိုဝင်ဘာ ၂၉၊ ၃၀ မှာ ကမ္ဘောဒီယားနိုင်ငံမှာကျင်းပမယ့် TELMIN/TELSON (Telecommunication Minister Meeting) အစည်းအဝေးမှာဆုချီးမြှင့်သွားမယ်လို့သိရပါတယ်။ The Public Sector, The Private Sector, CSR, Digital Content Category, Start-up Company , Research and Development စတဲ့ Categories အလိုက်ပြိုင်ပွဲဝင်နိုင်ပြီး စိတ်ပါဝင်စားသူမည်သူမဆို ကုမ္ပဏီအနေ နဲ့သော်လည်းကောင်း၊ တစ်ဦးချင်းသော်လည်းကောင်း ပါဝင်နိုင်တယ်လို့သိရပါတယ်။ လျှောက်လွှာ တွေကို www.aseanictaward.com နဲပ mcf.org.mm မှာဝင်ရောက်ရယူနိုင်ပါတယ်။ အသေးစိတ် ကို ဖုန်း ၀၁ ၆၅၂၃၀၇၊ ၀၁ ၂၃၀၅၂၃၃ မှာဆက်သွယ်မေးမြန်းနိုင်တယ်လို့သိရပါတယ်။