December 12, 2017

၂၀၁၇ ခုနှစ်ရဲ့ ဘက်ထရီသက်တမ်း အကောင်းဆုံး စမတ်ဖုန်း (၁၀) မျိုး

စမတ်ဖုန်း ထုတ်လုပ်သူတွေအတွက် ဘက်ထရီဟာ ဦးနှောက်အစားဆုံး အကြောင်းအရင်းဖြစ်ပြီး ကြော်ငြာတွေမှာ ဖက်ရှင်တစ်ခု အနေနဲ့ ဖော်ပြနေကြပါတယ်။ သုံးစွဲသူတွေအတွက်လည်း ဘက်ထရီသက်တမ်းက ဖုန်းဝယ်တဲ့နေရာမှာ ထည့်သွင်းအစဉ်းစားရဆုံး ပြဿနာတစ်ခုဖြစ်ပါတယ်။ ဖုန်းတွေအပေါ် သုံးသပ်ထားတဲ့စမ်းသပ်မှုတွေအပေါ် မူတည်ပြီး ၂၀၁၇ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဘက်ထရီသက်တမ်း အကောင်းဆုံး ထိပ်တန်း စမတ်ဖုန်း (၁၀) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

Xiaomi Mi Max 2
ဈေးနှုန်း- ယူရို ၂၀၀ ကနေ ၃၀၀

Xiaomi Mi Max 2 မှာ 5,300mAh ဘက်ထရီပါဝင်တဲ့အတွက် ၂၀၁၇ ခုနှစ်ရဲ့ ဘက်ထရီသက်တမ်း အကောင်းဆုံး ထိပ်တန်း စမတ်ဖုန်းစာရင်းမှာ ဦးဆောင်နေပါတယ်။ ဒါ့အပြင် စွမ်းအင်အသုံးပြုမှုသက်သာတဲ့ Snapdragon 625 chipset ကို အသုံးပြု ထားပါတယ်။ Quick Charge 3.0 ပါဝင်တာကြောင့် အချိန်အနည်းငယ်အတွင်း အားသွင်းမြန်ဆန်စေပါတယ်။

Xiaomi ထုတ်ကုန်တွေရဲ့ဘက်ထရီဟာ အင်တာနက်အသုံးပြုတာနဲ့ ဗီဒီယိုကြည်ရှုတဲ့နေရာမှာ အလွန်ကောင်းမွန်ပါတယ်။ မျက်နှာပြင်အရွယ်က ၆.၄၄ လက်မ ရှိပါတယ်။ ဗီဒီယိုတွေကို ၂၂ နာရီအထိ ကြည့်ရှုနိုင်ပါတယ်။ Wi-Fi အသုံးပြုတဲ့အခါ အွန်လိုင်းကို ၁၉ နာရီအထိ အသုံးပြုနိုင်ပါတယ်။

ဘက်ထရီပမာဏ- 5,300mAh
ဖုန်းပြောချိန်- ၃၀ နာရီ ၁၅ မိနစ်
အင်တာနက်အသုံးပြုချိန်- ၁၉ နာရီ ၂၁ မိနစ်
ဗီဒီယိုကြည့်ချိန်- ၂၁ နာရီ ၃၇ မိနစ်

Xiaomi Redmi Note 4
ဈေးနှုန်း- ယူရို ၂၀၀ အောက်

Xiaomi Redmi Note 4 ဟာ ယူရို ၂၀၀ အောက်တန်ဖိုးရှိတဲ့ ဈေးနှုန်းသက်သာတဲ့ စမတ်ဖုန်းတစ်မျိုးဖြစ်ပါတယ်။ မျက်နှာပြင်က ၅.၅ လက်မရှိတဲ့အတွက် အသုံးပြုရလွယ်ကူပါတယ်။ ဒါ့အပြင် Xiaomi ရဲ့ Max မော်ဒယ်အတိုင်း စွမ်းဆောင်ရည်မျိုးရရှိအောင် Snapdragon 625 chipset ကို အသုံးပြုထားပါတယ်။

Redmi Note 4 ဟာ အင်တာနက်ကို ၁၈ နာရီ အသုံးပြုနိုင်တာကြောင့် အခုစာရင်းရဲ့ ဒုတိယနေရာကို ရောက်ရှိလာတာပါ။ ဒါ့အပြင် ဗီဒီယိုတွေကို ၁၅ နာရီအထိ ကြည့်ရှုနိုင်တယ်လို့ စမ်းသပ်မှုအရ သိရပါတယ်။ Redmi Note 4 မှာ အားသွင်းမြန်ဆန်တဲ့စနစ်ပါဝင်ပေမယ့် Max လိုမျိုး 4K ဗီဒီယိုထောက်ပံ့မှု မပါဝင်ပါဘူး။

ဘက်ထရီပမာဏ- 4,100mAh
ဖုန်းပြောချိန်- ၃၄ နာရီ ၄၀ မိနစ်
အင်တာနက်အသုံးပြုချိန်- ၁၇ နာရီ ၅၆ မိနစ်
ဗီဒီယိုကြည့်ချိန်- ၁၅ နာရီ ၃၀ မိနစ်

Samsung Galaxy A7 (2017)
ဈေးနှုန်း- ယူရို ၅၀၀ ကနေ ၆၀၀

Samsung ရဲ့ Galaxy A7 (2017) မှာ ရုပ်ထွက်အရည်အသွေး ကောင်းမွန်တဲ့ ၅.၇ လက်မ Super AMOLED display ပါဝင်ပါတယ်။ ဒါ့အပြင် Always On Display ပါဝင်ပေမယ့် ဘက်ထရီသက်တမ်းက အလွန်ကောင်းပါတယ်။ အားသွင်းမြန်ဆန်တဲ့စနစ်လည်း ပါဝင်လာပါတယ်။

အင်တာနက်ကို ၁၅ နာရီကျော်အထိ အသုံးပြုနိုင်သလို ဗီဒီယိုတွေကိုလည်း ၁၈ နာရီအထိ အသုံးပြုနိုင်ပါတယ်။ ရှေ့ကင်မရာ 16MP f/1.9 နဲ့ selfie ကောင်းကောင်းရိုက်နိုင်ပါတယ်။ Galaxy A7 (2017) မှာ IP68 စံသတ်မှတ်ချက် ပါဝင်တာကြောင့် ရေစိုဒဏ်ခံနိုင်ပါတယ်။

ဘက်ထရီပမာဏ- 3,600mAh
ဖုန်းပြောချိန်- ၂၈ နာရီ ၃၃ မိနစ်
အင်တာနက်အသုံးပြုချိန်- ၁၅ နာရီ ၂၈ မိနစ်
ဗီဒီယိုကြည့်ချိန်- ၁၈ နာရီ ၁၁ မိနစ်

Sony Xperia XZ1 Compact
ဈေးနှုန်း- ယူရို ၄၀၀ ကနေ ၅၀၀

Sony ရဲ့ Xperia XZ1 Compact ဟာ အရွယ်ကျစ်လျစ်သေးငယ်ပေမယ့် ဘက်ထရီတာရှည်ခံပါတယ်။ ဘက်ထရီက 2,700mAh ပဲရှိပေမယ့် တာရှည်ခံအောင် ဖန်တီးထားပါတယ်။

Samsung Galaxy A7 လိုမျိုးပဲ Xperia XZ1 မှာ ရေစိုဒဏ်ခံ iP68 စံသတ်မှတ်ချက်နဲ့ ရှေ့ကင်မရာ 8MP ပါဝင်လာပါတယ်။ အင်တာနက်အသုံးပြုချိန်နဲ့ ဗီဒီယိုကြည့်ချိန်ကလည်း Samsung နဲ့တူညီပါတယ်။ Snapdragon 835 chipset အသုံးပြုထားပြီး fast charger ကို ထည့်သွင်းထားပါတယ်။

ဘက်ထရီပမာဏ- 2,700mAh
ဖုန်းပြောချိန်- ၂၃ နာရီ ၄၃ မိနစ်
အင်တာနက်အသုံးပြုချိန်- ၁၄ နာရီ ၂၄ မိနစ်
ဗီဒီယိုကြည့်ချိန်- ၁၅ နာရီ ၅၇ မိနစ်

Huawei Mate 10 Pro
ဈေးနှုန်း- ယူရို ၇၀၀ ကနေ ၈၀၀

သုံးသပ်ချက်တွေမှာဖော်ပြထားတဲ့ စမ်းသပ်မှုအရ Huawei Mate 10 Pro ရဲ့ဘက်ထရီသက်တမ်းဟာ အလွန်တာရှည်ခံပါတယ်။ ဗီဒီယိုကြည့်ရှုမှုနှုန်းမှာ Galaxy Note 8 ထက် ၅ နာရီသာလွန်ပါတယ်။

ဒါ့အပြင် ဖုန်းမှာ ပါဝင်တဲ့ 4,000mAh ဘက်ထရီကို 22.5W charger နဲ့ နာရီဝက်အတွင်း ၅၈ ရာခိုင်နှုန်းအထိ အားသွင်းနိုင်ပါတယ်။ မျက်နှာပြင် ၆ လက်မ 18:9 AMOLED မျက်နှာပြင် HDR10 ထောက်ပံ့မှုပါဝင်သလို စတီရီယိုစပီကာ၊ စွမ်းဆောင်ရည်မြင့် chipset နဲ့ Leica အမှတ်တံဆိပ် ကင်မရာတွေ ပါဝင်လာပါတယ်။

ဘက်ထရီပမာဏ- 4,000mAh
ဖုန်းပြောချိန်- ၂၁ နာရီ ၅၃ မိနစ်
အင်တာနက်အသုံးပြုချိန်- ၁၅ နာရီ ၂၁ မိနစ်
ဗီဒီယိုကြည့်ချိန်- ၁၅ နာရီ ၂၄ မိနစ်

Oppo F5
ဈေးနှုန်း- ယူရို ၃၀၀ ကနေ ၄၀၀

အင်တာနက်သုံးတဲ့အခါ ၁၈ နာရီကြာ အသုံးပြုနိုင်တဲ့ Oppo F5 ဟာ Xiaomi ဖုန်းတွေလိုမျိုး ဘက်ထရီတာရှည်ခံပါတယ်။ Oppo F5 မှာ ၆ လက်မ 18:9 မျက်နှာပြင် အသုံးပြုထားပြီး contrast အချိုးကလည်း အလွန်ကောင်းမွန်ပါတယ်။ ဖုန်းမှာ Oppo ရဲ့နာမည်ကျော် VOOC charger မပါဝင်ပေမယ့် အခြားအားသာချက်တွေ ရှိပါတယ်။

ရှေ့ကင်မရာက 20MP ဖြစ်ပြီး Bokeh mode ပါဝင်လာပါတယ်။ F5 မှာ multitasking အတွက် RAM 6GB အသုံးပြုထားပြီး အလယ်အလတ်တန်းစား Helio P23 chipset သုံးစွဲထားပါတယ်။

ဘက်ထရီပမာဏ- 3,200mAh
ဖုန်းပြောချိန်- ၂၂ နာရီ ၄၉ မိနစ်
အင်တာနက်အသုံးပြုချိန်- ၁၇ နာရီ ၃၉ မိနစ်
ဗီဒီယိုကြည့်ချိန်- ၁၁ နာရီ ၃၀ မိနစ်

Samsung Galaxy J7 (2017)
ဈေးနှုန်း- ယူရို ၂၀၀ ကနေ ၃၀၀

Samsung Galaxy J7 စမတ်ဖုန်းဟာ Galaxy A7 ဖုန်းထက် ဈေးနှစ်ဆသက်သာပါတယ်။ ဘက်ထရီတာရှည်ခံမှုကလည်း သိပ်မကွာခြားပါဘူး။ J7 မှာ ၅.၅ လက်မအရွယ် 1080p AMOLED display အသုံးပြုထားသလို Always On ကိုလည်း ထောက်ပံ့ထားပါတယ်။

J7 မှာပါဝင်တဲ့ in-box charger က သိပ်မကောင်းပေမယ့် 13MP f/1.9 selfie ကင်မရာ ပါဝင်ပါတယ်။ ဒါ့အပြင် chipset ကလည်း gaming အတွက် သိပ်မကောင်းပါဘူး။

ဘက်ထရီပမာဏ- 3,600mAh
ဖုန်းပြောချိန်- ၂၆ နာရီ ၂၉ မိနစ်
အင်တာနက်အသုံးပြုချိန်- ၁၄ နာရီ ၁၅ မိနစ်
ဗီဒီယိုကြည့်ချိန်- ၁၆ နာရီ ၂၃ မိနစ်

Samsung Galaxy J5 (2017)
ဈေးနှုန်း- ယူရို ၂၀၀ ကနေ ၃၀၀

Samsung ရဲ့ Galaxy J5 (2017) ကိုတော့ မျက်နှာပြင် ၅.၂ လက်မ 720p ရုပ်ထွက်အရည်အသွေးနဲ့ အသုံးပြုနိုင်ပါတယ်။ အင်တာနက်ကို ၁၁နာရီအထိ အသုံးပြုနိုင်သလို ဗီဒီယိုကိုအတွက် ၁၈နာရီ အသုံးပြုနိုင်ပါတယ်။

ဘက်ထရီပမာဏ- 3,000mAh
ဖုန်းပြောချိန်- ၂၁ နာရီ ၃၇ မိနစ်
အင်တာနက်အသုံးပြုချိန်- ၁၀ နာရီ ၄၈ မိနစ်
ဗီဒီယိုကြည့်ချိန်- ၁၈ နာရီ ၃၅ မိနစ်

Samsung Galaxy S8 Active
ဈေးနှုန်း- ဒေါ်လာ ၈၀၀ ကနေ ၉၀၀

Samsung Galaxy S8 Active ကို အလွန်အကြမ်းခံနိုင်အောင် ဖန်တီးထားပါတယ်။ MIL-STD-810G အဆင့် ပါဝင်တဲ့ S8 ရဲ့ IP68 စံသတ်မှတ်ချက်ကို Galaxy S8 Active မှာအသုံးပြုထားပါတယ်။

ဘက်ထရီပမာဏ 4,000mAh ပါဝင်ပြီး စမ်းသပ်မှုတစ်ခုချင်းစီမှာ စွမ်းဆောင်ရည်မြင့်မားပါတယ်။ အင်တာနက်အသုံးပြုတာနဲ့ ဗီဒီယိုကြည့်ရှုမှုမှာလည်း စွမ်းဆောင်ရည် ကောင်းမွန်ပါတယ်။ ဒါ့အပြင် fast charger ပါဝင်ပြီး Samsung ရဲ့အားသွင်းမြန်ဆန်တဲ့ ကြိုးမဲ့အားသွင်းစနစ် အထောက်အပံ့လည်း ပါဝင်လာပါတယ်။ ကြိုးမဲ့အားသွင်း charger ကတော့ ဒေါ်လာ ၃၀ ကနေ ၄၀ အထိ ကျသင့်နိုင်ပြီး သီးခြားဝယ်ယူနိုင်ပါတယ်။

ဒါ့အပြင် Galaxy S8 Active မှာ Super AMOLED မျက်နှာပြင် 12MP Dual Pixel ကင်မရာနဲ့ Snapdragon 835 chipset စတဲ့ S8 က feature အားလုံးပါဝင်လာပါတယ်။

ဘက်ထရီပမာဏ – 4,000mAh
ဖုန်းပြောချိန် – ၃၄ နာရီ ၁၉ မိနစ်
အင်တာနက်အသုံးပြုချိန် – ၁၃ နာရီ ၅၁ မိနစ်
ဗီဒီယိုကြည့်ချိန် – ၁၈ နာရီ ၅ မိနစ်

Sony Xperia XA1 Plus
ဈေးနှုန်း- ယူရို ၃၀၀ ကနေ ၄၀၀

Xperia XA1 Plus ဟာ XZ1 ထက် ဈေးသက်သာပါတယ်။ ဗီဒီယိုနဲ့ အင်တာနက်သုံးစွဲမှုမှာ စွမ်းဆောင်ရည်ကျစ်လျစ်ပါတယ်။ Xperia XA1 Plus ရဲ့ charger က နှေးကွးပြီး အားသွင်းမြန်ဆန်တဲ့ Pump Express+ 2.0 ကို ဝယ်ယူအသုံးပြုနိုင်ပါတယ်။

Xperai XA1 Plus မှာ ကျောဘက်ကင်မရာ 23MP ½.3” sensor ပါဝင်သလို ရှေ့ကင်မရာမှာလည်း autofocus 8MP selfie ကင်မရာပါဝင်လာပါတယ်။ XA1 ဟာ စွမ်းဆောင်ရည် အရမ်းမကောင်းပေမယ့် ဘက်ထရီသက်တမ်းက ကောင်းမွန်ပါတယ်။

ဘက်ထရီပမာဏ – 3,430mAh
ဖုန်းပြောချိန် – ၂၂ နာရီ ၄၃ မိနစ်
အင်တာနက်အသုံးပြုချိန် – ၁၅ နာရီ ၃၁ မိနစ်
ဗီဒီယိုကြည့်ချိန် – ၁၂ နာရီ ၂၈မိနစ်

စိုးထက်
Ref: GSMArena