September 26, 2017

၂၀၁၆ တွင် Google Play Store မှ install လုပ်ခဲ့တဲ့ app အရေအတွက် ၈၂ ဘီလျံကျော်ရှိ

Play Store ကနေထည့်သွင်းခဲ့တဲ့ app အရေအတွက်ဟာ ၂၀၁၅ ခုနှစ်က ၆၅ ဘီလျံရှိရာမှ ပြီးခဲ့တဲ့နှစ်မှာ ၈၂ ဘီလျံကျော်အထိ မြင့်တက်ခဲ့တယ်လို့ Google က ထုတ်ပြန်ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်ကို ကုမ္ပဏီရဲ့ Engineering for Android ဒုဥက္ကဋ္ဌဖြစ်သူ Dave Burke က Google I/O 2017 မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် Android Wear အကြောင်းကိုလည်း Burke က ဆွေးနွေးခဲ့ပြီး ကုမ္ပဏီရဲ့ wearable platform ကို အသုံးချတဲ့ ကုမ္ပဏီစုစုပေါင်း ၂၄ ခုအထိ ရှိလာခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

Google ရဲ့ in-car infotainment platform ဖြစ်တဲ့ Android Auto ကိုလည်း မကြာခင် Audi ကားတွေမှာ အသုံးပြုနိုင်မယ်လို့ Burke က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Ref: GSMArena