June 24, 2018

မြန်မာ-ဂျပန်စင်တာမှ ကြီးမှူး၍ Vietnam-Japan University (VJU) ၏ MBA Program အား မိတ်ဆက်မည်

[ Zawgyi ]




-ဝေဝေ

[ Unicode ]

မြန်မာ-ဂျပန်စင်တာမှ ကြီးမှူးပြီး ဗီယက်နမ်နိုင်ငံရှိ Vietnam-Japan University (VJU) ၏ Master’s Program in Business Administration (MBA Program) အား မိတ်ဆက်တဲ့ အခမ်းအနားကို ဇွန်လ ၁၆ ရက်၊ နံနက် ၁၀ နာရီခွဲ မှ နေ့လယ် ၁၂ နာရီခွဲ အထိ မြန်မာ-ဂျပန်စင်တာ (ရန်ကုန်ရုံး) UMFCCI မှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ-ဂျပန်စင်တာ ကျောင်းသားဟောင်းများအသင်း အောက်မြန်မာပြည်နဲ့ ပူးပေါင်းကာ MBA Program အား မိတ်ဆက်တဲ့ အခမ်းအနားကို ရန်ကုန်မြို့မှာ ကျင်းပခြင်းဖြစ်တယ်လို့ သိရပါတယ်။ VJU မှာ အဖွဲ့အစည်း အသီးသီးကပေးထားတဲ့ စကောလားရှစ် အစီအစဉ်များလည်းရှိတဲ့အပြင် US$ 3,300 လောက်ပဲ ကုန်ကျမယ့် MBA Programme တွေလည်း တက်ရောက်နိုင်တယ်လို့ သိရပါတယ်။

MBA Program ကို တက်ရောက်လိုသူတွေ အနေနဲ့ မည်သူမဆို အခမဲ့ စာရင်းပေးသွင်း တက်ရောက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ် သိရှိလိုပါက ဖုန်း ၀၁-၂၃၀ ၁၆၆၂၊ ၀၉-၂၅၀ ၁၈၅ ၄၅၅ သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

-ဝေဝေ