မြန်မာနိုင်ငံအထက်ပိုင်းအတွက် Ooredoo မှဝန်ထမ်းတွေခန့်မယ်

မြန်မာနိုင်ငံ အထက်ပိုင်းအတွက် Ooredoo မှ ၀န်ထမ်းတွေ ခန့်အပ်သွားမယ်လို့ သိရပါတယ်။

ဝန်ထမ်းတွေကို မန္တလေးမြို့ကနေတစ်ဆင့် ခန့်အပ်သွားမယ်လို့ ဆိုပါတယ်။ မန္တလေးမြို့မှာ myjobs.com.mm က စီစဉ်ကျင်းပမယ့် Recruitment Fair Mandalay 2017 မှာခေါ်ယူ သွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအထက်ပိုင်း လူထုကို အလုပ်အကိုင် အခွင့်အလမ်းပေးနိုင်ဖို့အတွက် အလုပ်အကိုင်ပြပွဲကို မေလ ၂၁ ရက်၊ နံနက် ၉း၀၀ နာရီမှ ညနေ ၄း၀၀ နာရီအတွင်း မန္တလေးမြို့ ရွေပြည်သာဟိုတယ်မှာ ကျင်းပမယ်လို့ သိရပါတယ်။