September 26, 2017

မြန်မာနိုင်ငံမှာ Epson ရဲ့ စွမ်းဆောင်ရည်ဟာဒေသတွင်းနိုင်ငံတွေထက် ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့

Epson ရဲ့ စွမ်းဆောင်ရည်သည် မြန်မာနိုင်ငံတွင် ၃၀ ရာခိုင်နှုန်းအထိမြင့် တက်လာကြောင်း သိရသည်။ မြန်မာနိုင်ငံပြီးပါက လာအိုနှင့် ဗီယမ်နမ်တို့က ၂၀ ရာခိုင်နှုန်းအထိစွမ်းဆောင်ရည်မြင့်တက်ခဲ့ကြောင်း Epson မှ ထုတ်ပြန်ချက်အရ သိရသည်။ Epson အနေဖြင့် ဈေးကွက်အားလုံးတွင် ၇ ရာခိုင်နှုန်းရောင်း အားတက်လာရန် မျှော်လင့် ထားကြောင်း၊ ထိုင်း နိုင်ငံဈေးကွက်တွင် ၅ ရာခိုင်နှုန်းနှင့် ကျန်သည့် နေရာများတွင် ၁၅ ရာခိုင်နှုန်းအထိရောင်းအားတက် စေရန်မျှော်လင့်ထားကြောင်း ထိုင်းနိုင်ငံ Epson ၏ အထွေထွေ မန်နေဂျာ Mr.Yunyong Muneemonkoltorn ကပြောသည်။

ထိုင်းနိုင်ငံ Epson ၏ ကြီးကြပ်မှုအောက်တွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ပါကစ္စ တန်တို့ပါဝင်ကြောင်း၊ ယင်းနိုင်ငံများ၏ ရောင်းအားသည် ၂၀၁၆ ခုနှစ်တွင် ၁၈ ရာခိုင်နှုန်းအထိမြင့်တက် ခဲ့ကြောင်းဆိုသည်။ “ပြီးခဲ့တဲ့နှစ်က Epson ဟာ ဒေသတွင်းမှာရော ကမ္ဘာတစ်ဝန်းမှာရော မှတ် သားစရာကောင်းလောက် တဲ့မှတ်တမ်းတွေရရှိခဲ့တယ်၊ ကျွန်တော်တို့ဟာ ကမ္ဘာတစ်ဝန်း ပရောဂျက်တာဈေးကွက်ဝေစုမှာ ၃၅ ဒသမ ၅ ရာခိုင်နှုန်းအထိ ဈေးကွက်ရရှိခဲ့တယ်၊ အရှေ့တောင်အာရှဒေသမှာလည်း ယှဉ်ပြိုင်မှုဈေး ကွက်ကိုကျော်ဖြတ်နိုင်ခဲ့ တယ်၊ ၂၀၁၅ ခုနှစ်ကနေ လက်ရှိအချိန်အထိခြုံပြောရရင် ၁၄ ရာခိုင်နှုန်း အထိတိုးတက်လာတာတွေ့ ရတယ်” ဟု စင်ကာပူ Epson ၏ မန်နေဂျင်းဒါရိုက်တာ Mr.Toshimitsu Tanaka ကပြောသည်။

“Inkjet ပရင်တာဈေးကွက်က ၂၀၁၆ မှာ အပြိုင်အဆိုင်တွေများလာတာတွေ့ရပါတယ်၊ လက်ရှိဈေးကွက်ထဲမှာ 16 L Series မော်ဒယ်တွေရောက်နေပါပြီ၊ ဒါကြောင့် A3 နဲ့ A4 အရွယ် နှစ်မျိုးစလုံးပရင့်ထုတ်နိုင်မယ့်အခွင့်အရေး ရှိပါတယ်၊ လုပ်ဆောင်ချက်တစ်ခုတည်းအတွက်ရော လုပ်ဆောင်ချက်မျိုးစုံနဲ့ ပရင်တာတွေကိုပြု လုပ်ဖို့ကမ်းလှမ်းခံထားရတယ်၊ ပရင်တာတွေအားလုံးကို နှစ်နှစ်အာမခံပေးထားပါတယ်၊ အခုချိန်မှာ injet ပရင်တာဟာ ဈေးကွက်ရဲ့ ၅၉ ရာခိုင်နှုန်း အထိရှိနေပါပြီ” ဟု Mr.Yunyong Muneemonkoltorn ကပြောသည်။

“၂၀၁၆ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ Epson စီးပွားရေးလုပ်ငန်းကကြီးထွားလာခဲ့ပါတယ်၊ ပရင်တာဈေးကွက် မှာ အမြင့်မားဆုံးအနေအထားအအထိရောက်ခဲ့ပြီး ရောင်းအား ၅၀ ရာခိုင်နှုန်းအထိတိုးတက်ခဲ့တယ်၊ ပရောဂျက်တာက ဒုတိယနေရာလိုက်ပြီးရောင်းအား ၁၆ ရာခိုင်နှုန်းရှိပါတယ်” ဟု ထိုင်းနိုင်ငံ Epson ၏ အထွေထွေမန်နေဂျာ Mr.Yunyong Muneemonkoltorn ကပြောသည်။ ပူးပေါင်းဆောင်ရွက် သူများနှင့် Smart Glasses ကဲ့သို့ထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ ပါတနာအသစ်များ နှင့်လည်း လက်တွဲသွားမည်ဖြစ်ကြောင်း ဆိုသည်။