June 23, 2018

ျမန္မာႏိုင္ငံကို Robotics Business သယ္ေဆာင္လာမည့္ လုပ္ငန္းစု

[ Zawgyi ]

စက္႐ံု၊ အလုပ္႐ံုလုပ္ငန္းေတြမွာ လုပ္သားအင္အားေနရာကို စက္႐ုပ္ေတြနဲ႔ အစားထိုးတဲ့ ေခတ္ဆီေရာက္ဖို႔ ေနာက္ဆယ္စုႏွစ္တစ္ခုစာ မလိုေတာ့ပါဘူး။ လက္ရွိႏိုင္ငံ အခ်ိဳ႕မွာေတာင္ ေဆာင္ရြက္ေနၾကပါၿပီ။ စက္႐ုပ္ယဥ္ေက်းမႈ ထြန္းကားလာတာနဲ႔အမွ် ျမန္မာႏိုင္ငံလည္း လိုက္ပါရမွာပဲျဖစ္ပါတယ္။ လက္ရွိမွာေတာ့အရမ္း ေစာေနေသးတယ္ ဆိုေပမယ့္လည္း စက္႐ုပ္ေတြနဲ႔ အလုပ္လုပ္တဲ့လုပ္ငန္း (Robotics Business) ထြန္းကားလာတဲ့အခါ ျမန္မာႏိုင္ငံကို အဲဒီလုပ္ငန္းနဲ႔ မိတ္ဆက္ေပးခ်င္ေနတဲ့ စီးပြားေရးလုပ္ငန္းစု တစ္ခုရွိပါတယ္။

“ျမန္မာႏိုင္ငံဟာ အံ့အားသင့္စရာေကာင္းတဲ့ ေစ်းကြက္ျဖစ္သလို အရမ္းေကာင္းတဲ့ ပါတနာလည္း ကြ်န္ေတာ္တို႔ဆီမွာ ရွိပါတယ္။ မႏွစ္ ကဆိုရင္လည္း ျမန္မာဟာ အေရာင္းရဆံုးေစ်းကြက္ထဲမွာ ပါဝင္ခဲ့တယ္၊ RoboticsBusiness ကို ျမန္မာႏိုင္ငံမွာ စစခ်င္းေတာ့ ယူေဆာင္လာဦးမွာ မဟုတ္ပါဘူး၊ ဒါေပမဲ့ ေစ်းကြက္လိုအပ္ခ်က္ ႀကီးမားလာတာနဲ႔အမွ် ကြ်န္ေတာ္တို႔မွာ အစီအစဥ္ရွိပါတယ္” လို႔ Epson (Thailand) ရဲ႕ ေစ်းကြက္ အေထြေထြမန္ေနဂ်ာ Mr.Yunyong Muneemongkoltorn ကေျပာပါတယ္။ စတုတၳမ်ိဳးဆက္ စီးပြားေရး (Industry 4.0) ထြန္းကားလာတဲ့အခါ စက္႐ုပ္နဲ႔ အလုပ္လုပ္တဲ့ လုပ္ငန္းေတြလည္း တြင္က်ယ္လာမွာပဲ ျဖစ္ပါတယ္။ ထိုင္းႏိုင္ငံမွာဆိုရင္ Industry 4.0 ကို မိတ္ဆက္ခဲ့ၿပီးျဖစ္တယ္လို႔ သူကေျပာပါတယ္။ Epson လုပ္ငန္းစုအေနနဲ႔ Robotics Business ကို ျမန္မာႏိုင္ငံကို သယ္ေဆာင္လာဖို႔ဟာ သူတို႔ရဲ႕အစီအစဥ္ေတြထဲက တစ္ခုလို႔ဆိုပါတယ္။ သူတို႔ရဲ႕ထုတ္ကုန္ေတြက ျမန္မာႏိုင္ငံရဲ႕ ေစ်းကြက္မွာ မ်က္ႏွာပန္းလွေနတဲ့ အခ်က္ကလည္း Robotics Business ကိုသယ္ေဆာင္လာဖို႔ အားသာခ်က္တစ္ခု ျဖစ္တယ္လို႔ သိရပါတယ္။

“ကြ်န္ေတာ္တို႔ ထုတ္ကုန္ေတြကို ျမန္မာႏိုင္ငံေစ်းကြက္မွာ ျဖန္႔ခ်ိေနတာ ႏွစ္ႏွစ္ဆယ္ေက်ာ္ ရွိပါၿပီ။ အဲဒါေၾကာင့္ ျမန္မာေစ်းကြက္မွာ စိန္ေခၚမႈေတြ အမ်ားႀကီးရင္ဆိုင္ ခဲ့ရတာေတြရွိပါတယ္။ အခုအခ်ိန္ဆိုရင္လည္း အစိုးရပိုင္းေရာ၊ စီးပြားေရးမူဝါဒေတြေရာ အေျပာင္းအလဲေတြ ေဆာင္ရြက္ေနတာ ေတြ႕ရပါတယ္၊ စိန္ေခၚမႈအေနနဲ႔ကေတာ့ ကြ်န္ေတာ္တို႔ ေစ်းကြက္ကို အခုထက္ပိုၿပီး ျမန္ျမန္နဲ႔
ႀကီးထြားေအာင္ ေဆာင္ရြက္ရမွာ ျဖစ္ပါတယ္၊ ရင္းႏွီးျမႇဳပ္ႏွံမႈေတြလည္း ပိုမိုျပဳလုပ္ရမွာ ျဖစ္ပါတယ္” လို႔သူက ဆက္လက္ေျပာပါတယ္။ စက္႐ုပ္ပိုင္းဆိုင္ရာ လုပ္ငန္းေတြအတြက္ကေတာ့ ေနာက္ထပ္အနည္းဆံုး သံုးႏွစ္ ဒါမွမဟုတ္ ငါးႏွစ္ေလာက္ေတာ့ လိုဦးမယ္လို႔ ဆိုပါတယ္။ “ကြ်န္ေတာ္ထင္တယ္ ေနာက္ထပ္သံုးႏွစ္ကေန ငါးႏွစ္အတြင္းမွာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ စ်းကြက္က ေတာင္းဆိုလာရင္ေတာ့ ေဆာင္ရြက္ေပးရမွာျဖစ္ပါတယ္။ ေစ်းကြက္အဆင္အသင့္ဆိုရင္ေတာ့ ကြ်န္ေတာ္တို႔ကလည္း အဆင္သင့္ျဖစ္ရမွာပါ” လို႔ေျပာပါတယ္။ ျမန္မာႏိုင္ငံအေနအထားနဲ႔ Robotics Business ကို အေကာင္အထည္ေဖာ္ဖို႔ အခ်ိန္တစ္ခု လိုအပ္ေနေသးတယ္လို႔ Client Focus ရဲ႕ဒါ႐ိုက္တာ ဦးေအာင္ေက်ာ္မိုးက ေျပာပါတယ္။ Client Focus ဟာ Epson ထုတ္ကုန္ေတြကို ျမန္မာႏိုင္ငံအတြက္ ျဖန္႔ခ်ိေပးေနတာ ျဖစ္ပါတယ္။ အျခားႏိုင္ငံရဲ႕ Industry 4.0 ကိုလွမ္းေနတဲ့အခ်ိန္မွာ ျမန္မာႏိုင္ငံကေတာ့  Industry 2 အဆင့္ေလာက္သာ ရွိေနေသးတာမို႔ အခ်ိန္တစ္ခုကို ေစာင့္ရမွာျဖစ္ေၾကာင္း ဆိုပါတယ္။

“Robotic နဲ႔ ပတ္သက္ၿပီးေျပာရရင္ သူမ်ားႏိုင္ငံမွာ Industry 4.0 ဆိုတာရွိတယ္၊ သူမ်ားေတြက 4.0 ေျပာတဲ့အခ်ိန္မွာ ကြ်န္ေတာ္တို႔က 1.5, 2 ေလာက္မွာပဲ ရွိေနေသးတယ္၊ အျခားေနရာမွာ Commu-nication ကို Leap frog လုပ္လို႔ရတယ္၊ ဒါေပမဲ့ Industry က လုပ္လို႔မရဘူး၊ တစ္ဆင့္ၿပီးတစ္ဆင့္ သြားေနတယ္။ အေျခခံ Labor လုပ္ငန္းေတြ၊ Skill Labor လုပ္ငန္းေတြမ်ိဳးလို ကြ်န္ေတာ္တို႔ႏိုင္ငံ
အေနနဲ႔ ဒီလိုစက္႐ုပ္ပိုင္းဆိုင္ရာ လုပ္ငန္းကို အနည္းဆံုးသံုးႏွစ္နဲ႔ ငါးႏွစ္ၾကားေလာက္မွာ လိုဦးမယ္လို႔ မွန္းရတာေပါ့” လို႔ဆိုပါတယ္။
Robotics Business ကို ျမန္မာႏိုင္ငံရဲ႕ စက္႐ံုအလုပ္႐ံုလုပ္ငန္း၊ ဥပမာ ကားစက္႐ံုအခ်ိဳ႕ေတြ၊ မိုဘိုင္းဖုန္းဆိုင္ရာ လုပ္ငန္းေတြမွာ သံုးလာႏိုင္တယ္လို႔ ဦးေအာင္ေက်ာ္မိုးက သံုးသပ္ပါတယ္။ သူ႔ကိုအသံုးျပဳျခင္းအားျဖင့္ ကြ်မ္းက်င္လုပ္သား ရွားပါးမႈအတြက္ လုပ္ငန္းခြင္မွာ ပိုမိုတိက်ေသခ်ာဖို႔အတြက္ အေထာက္အကူျပဳႏိုင္မွာ ျဖစ္ပါတယ္။

Epson အေနနဲ႔ ဒီစီးပြားေရး လုပ္ငန္းကို အဓိကထားေဆာင္ရြက္ေနၿပီး သုေတသနနဲ႔  ဖြံ႕ၿဖိဳးေရးေဆာင္ရြက္ခ်က္ (R&D) ေတြ ေဆာင္ရြက္တဲ့အခါ Robotics Business အတြက္လည္း ထည့္သြင္း အေကာင္အထည္ ေဖာ္ေနတယ္လို႔ သိရပါတယ္။ “မိုဘိုင္းဖုန္းဆား
ကစ္တစ္ခု ထုတ္မယ္ဆိုရင္ စကူတစ္ခုကို လက္နဲ႔တပ္မယ့္အစား စက္ကေနတပ္မယ္ဆိုရင္ လြဲစရာအေၾကာင္းမရွိဘူး၊ အရမ္းကိုတိက်တယ္၊ ေနာက္တစ္ခုက်ေတာ့ ဘာေၾကာင့္မို႔ စက္မႈလုပ္ငန္းေတြမွာ စက္႐ုပ္ကိုဘာေၾကာင့္ သံုးတာလဲဆိုေတာ့ အလုပ္သမားစရိတ္ တိုးလာတယ္၊ ကြ်မ္းက်င္လုပ္သား ရွားပါးတာရွိတယ္၊ အဲဒီေနရာမွာ စက္႐ုပ္ကို အစားထိုးျခင္းအားျဖင့္ efficiency တိုးလာမယ္။ ေနာက္တစ္ခုကေတာ့ စက္ရဲ႕သေဘာကေတာ့ အလွည့္က်မရွိဘူး၊ တစ္ပတ္ကို ဘယ္ႏွစ္ရက္ဆိုၿပီး နားစရာ မလိုေတာ့ဘူးေပါ့။ စက္႐ုပ္ျဖစ္တဲ့အတြက္ ၂၄ နာရီအလုပ္လုပ္လို႔ရတယ္” လို႔ ဦးေအာင္ေက်ာ္မိုးက သံုးသပ္ပါတယ္။

ထိုင္းႏိုင္ငံမွာ 4.0 ေပၚလစီကို မိတ္ဆက္ခဲ့ၿပီး စက္႐ုပ္ေတြကို အသံုးျပဳကာ စီးပြားေရးလုပ္ငန္းေတြ၊ ထုတ္ကုန္အရည္အေသြးေတြ ပိုမို
တိုးတက္ေအာင္ ေဆာင္ရြက္ဖို႔ တာစူေနၿပီလို႔ Mr.Yunyong က ေျပာပါတယ္။ လုပ္ငန္းစုေတြအေနနဲ႔ ထုတ္လုပ္မႈကုန္က်စရိတ္
ေတြကိုေလွ်ာ့ခ်ဖို႔ လုပ္ငန္းခြင္မွာ ပိုမိုသက္ေသာင့္သက္သာရွိဖို႔ တစ္ၿပိဳင္တည္းဆႏၵရွိၾကပါတယ္။ အဲဒါေၾကာင့္ Robotics Business
က႑ဟာလည္း အေရးပါလာမွာပဲ ျဖစ္ပါတယ္။ ထုိင္းႏိုင္ငံရဲ႕ အလတ္စားစီးပြားေရး လုပ္ငန္းေတြအေနနဲ႔ ေနာက္ထပ္သံုးႏွစ္ကေန
ငါးႏွစ္ကာလအတြင္းမွာ စက္႐ုပ္နည္းပညာကို အသံုးျပဳဖို႔အဆင္သင့္ ရွိေနပံုေပၚတယ္လို႔ သိရပါတယ္။ လက္ရွိမွာေတာ့ Epson ရဲ႕ SCARA Robot နဲ႔ 6-Axis Robot ေတြကို ထိုင္းေစ်းကြက္အတြင္းမွာ ေစ်းကြက္တင္ၿပီးၿပီလို႔ သိရပါတယ္။ လက္ရွိျမန္မာႏိုင္ငံမွာေတာ့ သူတို႔ရဲ႕ထုတ္ကုန္သံုးမ်ိဳးက ေစ်းကြက္ေဝစု ေတာ္ေတာ္မ်ားမ်ားကို ေနရာယူထားပါတယ္။ “သံုးမ်ိဳးေပါ့ နံပါတ္တစ္က Inject Printer၊ နံ
ပါတ္ႏွစ္က Projector၊ နံပါတ္သံုးက Scanner အဲဒီသံုးမ်ိဳးကေတာ့ ေစ်းကြက္မွာ ေတာ္ေတာ္ေလး ေပါက္တယ္လို႔ေျပာရမွာေပါ့၊ Epson အေနနဲ႔ တစ္ႏွစ္ရဲ႕ ေျခာက္လ ဒါမွဟုတ္ ရွစ္လနဲ႔ ကိုးလၾကားထဲမွာ ပစၥည္းထြက္ေလ့ရွိတယ္။ ၂၀၁၈ ဆိုရင္ Enterprise ေစ်းကြက္၊ ေကာ္ပိုရိတ္ေစ်းကြက္ကို ပိုၿပီးေတာ့ထြက္ဖို႔ရွိတယ္” လို႔ ဦးေအာင္ေက်ာ္မိုးက ျမန္မာႏိုင္ငံရဲ႕ေစ်းကြက္အေျခအေနကို ေျပာပါတယ္။

စတုတၳမ်ိဳးဆက္စီးပြားေရးမွာ စက္႐ုပ္ေတြရဲ႕က႑က အေရးပါလာပါတယ္။ နည္းပညာလည္း အဆင့္ျမင့္လာတာနဲ႔အမွ် တီထြင္ႏိုင္တဲ့ ပညာရပ္လည္း အဆင့္အတန္းျမင့္လာပါတယ္။ “Industry 4 မွာစက္႐ုပ္ရဲ႕က႑က အေရးပါလာတယ္၊ သူတို႔ဆီမွာလည္း  RND လုပ္ငန္းေတြ လုပ္ထားတဲ့အတြက္ စက္႐ုပ္က အရင္တုန္းကထက္စာရင္ တျဖည္းျဖည္းအဆင့္ ျမင့္လာတယ္၊ အရင္တုန္းက မ်က္လံုးမပါဘူး၊ အခုမ်က္လံုးပါလာတယ္၊ လူေတြစိတ္ကူးရွိသေလာက္ အေကာင္အထည္ေဖာ္ႏိုင္တဲ့ အေနအထားကိုေရာက္လာတယ္။ ဒါေၾကာင့္မို႔ Epson က စက္႐ုပ္ပိုင္းဆိုင္ရာ နည္းပညာမွာ ရင္းႏွီးျမႇဳပ္ႏွံတယ္၊ သူတို႔ရဲ႕အနာဂတ္အျမင္မွာ ၂၀၂၅ ဆိုရင္ Robot  ေခတ္ကို သြားေနၿပီေပါ့” လို႔ ဦးေအာင္ေက်ာ္မိုးက ဆိုပါတယ္။

Epson ရဲ႕ေစ်းကြက္က အေရွ႕ေတာင္အာရွႏိုင္ငံေတြကို ဦးတည္ ထားတယ္လို႔သိရပါတယ္။ အဲဒါေၾကာင့္ Robotics Business ဆိုင္
ရာထုတ္ကုန္ေတြ ထြန္းကားလာတယ္ဆိုရင္လည္း အေရွ႕ေတာင္အာရွေစ်းကြက္ေတြကို အေလးေပးမယ့္ အေနအထားရွိပါတယ္။
လက္ရွိထုတ္ေနတဲ့ Epson ထုတ္ကုန္ေတြက အာရွႏိုင္ငံေတြရဲ႕ အေျခအေနနဲ႔ အသင့္ေတာ္ဆံုးအျဖစ္ ေဆာင္ရြက္ထားတယ္လို႔ သိရပါတယ္။ Robotics Business မွာ Epson က ျမန္မာႏိုင္ငံေစ်းကြက္အေပၚ ဘယ္လိုေစ်းကြက္ဗ်ဴဟာေတြနဲ႔ ျဖန္႔ခ်ိမလဲ ဆိုတာကိုေတာ့ ေနာက္ထပ္အနည္းဆံုး သံုးႏွစ္ကေန ငါးႏွစ္အတြင္းမွာ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

-ထြန္းထြန္း

=======================

[ Unicode ]

မြန်မာနိုင်ငံကို Robotics Business သယ်ဆောင်လာမည့် လုပ်ငန်းစု

=======================

စက်ရုံ၊ အလုပ်ရုံလုပ်ငန်းတွေမှာ လုပ်သားအင်အားနေရာကို စက်ရုပ်တွေနဲ့ အစားထိုးတဲ့ ခေတ်ဆီရောက်ဖို့ နောက်ဆယ်စုနှစ်တစ်ခုစာ မလိုတော့ပါဘူး။ လက်ရှိနိုင်ငံ အချို့မှာတောင် ဆောင်ရွက်နေကြပါပြီ။ စက်ရုပ်ယဉ်ကျေးမှု ထွန်းကားလာတာနဲ့အမျှ မြန်မာနိုင်ငံလည်း လိုက်ပါရမှာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့အရမ်း စောနေသေးတယ် ဆိုပေမယ့်လည်း စက်ရုပ်တွေနဲ့ အလုပ်လုပ်တဲ့လုပ်ငန်း (Robotics Business) ထွန်းကားလာတဲ့အခါ မြန်မာနိုင်ငံကို အဲဒီလုပ်ငန်းနဲ့ မိတ်ဆက်ပေးချင်နေတဲ့ စီးပွားရေးလုပ်ငန်းစု တစ်ခုရှိပါတယ်။

“မြန်မာနိုင်ငံဟာ အံ့အားသင့်စရာကောင်းတဲ့ စျေးကွက်ဖြစ်သလို အရမ်းကောင်းတဲ့ ပါတနာလည်း ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ မနှစ် ကဆိုရင်လည်း မြန်မာဟာ အရောင်းရဆုံးစျေးကွက်ထဲမှာ ပါဝင်ခဲ့တယ်၊ RoboticsBusiness ကို မြန်မာနိုင်ငံမှာ စစချင်းတော့ ယူဆောင်လာဦးမှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ စျေးကွက်လိုအပ်ချက် ကြီးမားလာတာနဲ့အမျှ ကျွန်တော်တို့မှာ အစီအစဉ်ရှိပါတယ်” လို့ Epson (Thailand) ရဲ့ စျေးကွက် အထွေထွေမန်နေဂျာ Mr.Yunyong Muneemongkoltorn ကပြောပါတယ်။ စတုတ္ထမျိုးဆက် စီးပွားရေး (Industry 4.0) ထွန်းကားလာတဲ့အခါ စက်ရုပ်နဲ့ အလုပ်လုပ်တဲ့ လုပ်ငန်းတွေလည်း တွင်ကျယ်လာမှာပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင် Industry 4.0 ကို မိတ်ဆက်ခဲ့ပြီးဖြစ်တယ်လို့ သူကပြောပါတယ်။ Epson လုပ်ငန်းစုအနေနဲ့ Robotics Business ကို မြန်မာနိုင်ငံကို သယ်ဆောင်လာဖို့ဟာ သူတို့ရဲ့အစီအစဉ်တွေထဲက တစ်ခုလို့ဆိုပါတယ်။ သူတို့ရဲ့ထုတ်ကုန်တွေက မြန်မာနိုင်ငံရဲ့ စျေးကွက်မှာ မျက်နှာပန်းလှနေတဲ့ အချက်ကလည်း Robotics Business ကိုသယ်ဆောင်လာဖို့ အားသာချက်တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ ထုတ်ကုန်တွေကို မြန်မာနိုင်ငံစျေးကွက်မှာ ဖြန့်ချိနေတာ နှစ်နှစ်ဆယ်ကျော် ရှိပါပြီ။ အဲဒါကြောင့် မြန်မာစျေးကွက်မှာ စိန်ခေါ်မှုတွေ အများကြီးရင်ဆိုင် ခဲ့ရတာတွေရှိပါတယ်။ အခုအချိန်ဆိုရင်လည်း အစိုးရပိုင်းရော၊ စီးပွားရေးမူဝါဒတွေရော အပြောင်းအလဲတွေ ဆောင်ရွက်နေတာ တွေ့ရပါတယ်၊ စိန်ခေါ်မှုအနေနဲ့ကတော့ ကျွန်တော်တို့ စျေးကွက်ကို အခုထက်ပိုပြီး မြန်မြန်နဲ့
ကြီးထွားအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်၊ ရင်းနှီးမြှုပ်နှံမှုတွေလည်း ပိုမိုပြုလုပ်ရမှာ ဖြစ်ပါတယ်” လို့သူက ဆက်လက်ပြောပါတယ်။ စက်ရုပ်ပိုင်းဆိုင်ရာ လုပ်ငန်းတွေအတွက်ကတော့ နောက်ထပ်အနည်းဆုံး သုံးနှစ် ဒါမှမဟုတ် ငါးနှစ်လောက်တော့ လိုဦးမယ်လို့ ဆိုပါတယ်။ “ကျွန်တော်ထင်တယ် နောက်ထပ်သုံးနှစ်ကနေ ငါးနှစ်အတွင်းမှာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ စျးကွက်က တောင်းဆိုလာရင်တော့ ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ စျေးကွက်အဆင်အသင့်ဆိုရင်တော့ ကျွန်တော်တို့ကလည်း အဆင်သင့်ဖြစ်ရမှာပါ” လို့ပြောပါတယ်။ မြန်မာနိုင်ငံအနေအထားနဲ့ Robotics Business ကို အကောင်အထည်ဖော်ဖို့ အချိန်တစ်ခု လိုအပ်နေသေးတယ်လို့ Client Focus ရဲ့ဒါရိုက်တာ ဦးအောင်ကျော်မိုးက ပြောပါတယ်။ Client Focus ဟာ Epson ထုတ်ကုန်တွေကို မြန်မာနိုင်ငံအတွက် ဖြန့်ချိပေးနေတာ ဖြစ်ပါတယ်။ အခြားနိုင်ငံရဲ့ Industry 4.0 ကိုလှမ်းနေတဲ့အချိန်မှာ မြန်မာနိုင်ငံကတော့ Industry 2 အဆင့်လောက်သာ ရှိနေသေးတာမို့ အချိန်တစ်ခုကို စောင့်ရမှာဖြစ်ကြောင်း ဆိုပါတယ်။

“Robotic နဲ့ ပတ်သက်ပြီးပြောရရင် သူများနိုင်ငံမှာ Industry 4.0 ဆိုတာရှိတယ်၊ သူများတွေက 4.0 ပြောတဲ့အချိန်မှာ ကျွန်တော်တို့က 1.5, 2 လောက်မှာပဲ ရှိနေသေးတယ်၊ အခြားနေရာမှာ Commu-nication ကို Leap frog လုပ်လို့ရတယ်၊ ဒါပေမဲ့ Industry က လုပ်လို့မရဘူး၊ တစ်ဆင့်ပြီးတစ်ဆင့် သွားနေတယ်။ အခြေခံ Labor လုပ်ငန်းတွေ၊ Skill Labor လုပ်ငန်းတွေမျိုးလို ကျွန်တော်တို့နိုင်ငံ
အနေနဲ့ ဒီလိုစက်ရုပ်ပိုင်းဆိုင်ရာ လုပ်ငန်းကို အနည်းဆုံးသုံးနှစ်နဲ့ ငါးနှစ်ကြားလောက်မှာ လိုဦးမယ်လို့ မှန်းရတာပေါ့” လို့ဆိုပါတယ်။
Robotics Business ကို မြန်မာနိုင်ငံရဲ့ စက်ရုံအလုပ်ရုံလုပ်ငန်း၊ ဥပမာ ကားစက်ရုံအချို့တွေ၊ မိုဘိုင်းဖုန်းဆိုင်ရာ လုပ်ငန်းတွေမှာ သုံးလာနိုင်တယ်လို့ ဦးအောင်ကျော်မိုးက သုံးသပ်ပါတယ်။ သူ့ကိုအသုံးပြုခြင်းအားဖြင့် ကျွမ်းကျင်လုပ်သား ရှားပါးမှုအတွက် လုပ်ငန်းခွင်မှာ ပိုမိုတိကျသေချာဖို့အတွက် အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

Epson အနေနဲ့ ဒီစီးပွားရေး လုပ်ငန်းကို အဓိကထားဆောင်ရွက်နေပြီး သုတေသနနဲ့ ဖွံ့ဖြိုးရေးဆောင်ရွက်ချက် (R&D) တွေ ဆောင်ရွက်တဲ့အခါ Robotics Business အတွက်လည်း ထည့်သွင်း အကောင်အထည် ဖော်နေတယ်လို့ သိရပါတယ်။ “မိုဘိုင်းဖုန်းဆား
ကစ်တစ်ခု ထုတ်မယ်ဆိုရင် စကူတစ်ခုကို လက်နဲ့တပ်မယ့်အစား စက်ကနေတပ်မယ်ဆိုရင် လွဲစရာအကြောင်းမရှိဘူး၊ အရမ်းကိုတိကျတယ်၊ နောက်တစ်ခုကျတော့ ဘာကြောင့်မို့ စက်မှုလုပ်ငန်းတွေမှာ စက်ရုပ်ကိုဘာကြောင့် သုံးတာလဲဆိုတော့ အလုပ်သမားစရိတ် တိုးလာတယ်၊ ကျွမ်းကျင်လုပ်သား ရှားပါးတာရှိတယ်၊ အဲဒီနေရာမှာ စက်ရုပ်ကို အစားထိုးခြင်းအားဖြင့် efficiency တိုးလာမယ်။ နောက်တစ်ခုကတော့ စက်ရဲ့သဘောကတော့ အလှည့်ကျမရှိဘူး၊ တစ်ပတ်ကို ဘယ်နှစ်ရက်ဆိုပြီး နားစရာ မလိုတော့ဘူးပေါ့။ စက်ရုပ်ဖြစ်တဲ့အတွက် ၂၄ နာရီအလုပ်လုပ်လို့ရတယ်” လို့ ဦးအောင်ကျော်မိုးက သုံးသပ်ပါတယ်။

ထိုင်းနိုင်ငံမှာ 4.0 ပေါ်လစီကို မိတ်ဆက်ခဲ့ပြီး စက်ရုပ်တွေကို အသုံးပြုကာ စီးပွားရေးလုပ်ငန်းတွေ၊ ထုတ်ကုန်အရည်အသွေးတွေ ပိုမို
တိုးတက်အောင် ဆောင်ရွက်ဖို့ တာစူနေပြီလို့ Mr.Yunyong က ပြောပါတယ်။ လုပ်ငန်းစုတွေအနေနဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်
တွေကိုလျှော့ချဖို့ လုပ်ငန်းခွင်မှာ ပိုမိုသက်သောင့်သက်သာရှိဖို့ တစ်ပြိုင်တည်းဆန္ဒရှိကြပါတယ်။ အဲဒါကြောင့် Robotics Business
ကဏ္ဍဟာလည်း အရေးပါလာမှာပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ အလတ်စားစီးပွားရေး လုပ်ငန်းတွေအနေနဲ့ နောက်ထပ်သုံးနှစ်ကနေ
ငါးနှစ်ကာလအတွင်းမှာ စက်ရုပ်နည်းပညာကို အသုံးပြုဖို့အဆင်သင့် ရှိနေပုံပေါ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ Epson ရဲ့ SCARA Robot နဲ့ 6-Axis Robot တွေကို ထိုင်းစျေးကွက်အတွင်းမှာ စျေးကွက်တင်ပြီးပြီလို့ သိရပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာတော့ သူတို့ရဲ့ထုတ်ကုန်သုံးမျိုးက စျေးကွက်ဝေစု တော်တော်များများကို နေရာယူထားပါတယ်။ “သုံးမျိုးပေါ့ နံပါတ်တစ်က Inject Printer၊ နံ
ပါတ်နှစ်က Projector၊ နံပါတ်သုံးက Scanner အဲဒီသုံးမျိုးကတော့ စျေးကွက်မှာ တော်တော်လေး ပေါက်တယ်လို့ပြောရမှာပေါ့၊ Epson အနေနဲ့ တစ်နှစ်ရဲ့ ခြောက်လ ဒါမှဟုတ် ရှစ်လနဲ့ ကိုးလကြားထဲမှာ ပစ္စည်းထွက်လေ့ရှိတယ်။ ၂၀၁၈ ဆိုရင် Enterprise စျေးကွက်၊ ကော်ပိုရိတ်စျေးကွက်ကို ပိုပြီးတော့ထွက်ဖို့ရှိတယ်” လို့ ဦးအောင်ကျော်မိုးက မြန်မာနိုင်ငံရဲ့စျေးကွက်အခြေအနေကို ပြောပါတယ်။

စတုတ္ထမျိုးဆက်စီးပွားရေးမှာ စက်ရုပ်တွေရဲ့ကဏ္ဍက အရေးပါလာပါတယ်။ နည်းပညာလည်း အဆင့်မြင့်လာတာနဲ့အမျှ တီထွင်နိုင်တဲ့ ပညာရပ်လည်း အဆင့်အတန်းမြင့်လာပါတယ်။ “Industry 4 မှာစက်ရုပ်ရဲ့ကဏ္ဍက အရေးပါလာတယ်၊ သူတို့ဆီမှာလည်း RND လုပ်ငန်းတွေ လုပ်ထားတဲ့အတွက် စက်ရုပ်က အရင်တုန်းကထက်စာရင် တဖြည်းဖြည်းအဆင့် မြင့်လာတယ်၊ အရင်တုန်းက မျက်လုံးမပါဘူး၊ အခုမျက်လုံးပါလာတယ်၊ လူတွေစိတ်ကူးရှိသလောက် အကောင်အထည်ဖော်နိုင်တဲ့ အနေအထားကိုရောက်လာတယ်။ ဒါကြောင့်မို့ Epson က စက်ရုပ်ပိုင်းဆိုင်ရာ နည်းပညာမှာ ရင်းနှီးမြှုပ်နှံတယ်၊ သူတို့ရဲ့အနာဂတ်အမြင်မှာ ၂၀၂၅ ဆိုရင် Robot ခေတ်ကို သွားနေပြီပေါ့” လို့ ဦးအောင်ကျော်မိုးက ဆိုပါတယ်။

Epson ရဲ့စျေးကွက်က အရှေ့တောင်အာရှနိုင်ငံတွေကို ဦးတည် ထားတယ်လို့သိရပါတယ်။ အဲဒါကြောင့် Robotics Business ဆိုင်
ရာထုတ်ကုန်တွေ ထွန်းကားလာတယ်ဆိုရင်လည်း အရှေ့တောင်အာရှစျေးကွက်တွေကို အလေးပေးမယ့် အနေအထားရှိပါတယ်။
လက်ရှိထုတ်နေတဲ့ Epson ထုတ်ကုန်တွေက အာရှနိုင်ငံတွေရဲ့ အခြေအနေနဲ့ အသင့်တော်ဆုံးအဖြစ် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ Robotics Business မှာ Epson က မြန်မာနိုင်ငံစျေးကွက်အပေါ် ဘယ်လိုစျေးကွက်ဗျူဟာတွေနဲ့ ဖြန့်ချိမလဲ ဆိုတာကိုတော့ နောက်ထပ်အနည်းဆုံး သုံးနှစ်ကနေ ငါးနှစ်အတွင်းမှာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

-ထွန်းထွန်း