September 19, 2017

မြန်မာနိုင်ငံကို အာဆီယံရဲ့ Digital Hub တစ်ခုဖြစ်လာစေရေး ဆောင်ရွက်လျက်ရှိဟုဆို

အာဆီယံနိုင်ငံတွေမှာ Digital Economy ကို တိုင်းပြည်ရဲ့အဓိကစီးပွားရေးအဖြစ်အကောင် အထည်ဖော်ဖို့ နှစ်အလိုက် ရည်မှန်းချက်တွေ ချမှတ်ဆောင်ရွက်လျက်ရှိတယ်လို့ ဒီဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီအစည်းအဝေး သတင်းထုတ်ပြန်ချက်ကနေသိရပါတယ်။

နေပြည်တော်မှာ ကျင်းပတဲ့ အဲဒီ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီအစည်းအဝေး (၁/၂၀၁၇) မှာ ဒုတိယသမ္မတက ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ပြည်နယ်နဲ့တိုင်းဒေသကြီး အားလုံးရှိပြည်သူတွေ ဒီဂျစ်တယ်နည်းပညာကိုအသုံးပြုပြီး လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေးတို့မှာ ဖွံ့ဖြိုးတိုးတက်လာစေဖို့ စီးပွားရေးပတ်ဝန်းကျင်အခြေအနေ ကောင်းတွေနဲ့ ဒီဂျစ်တယ် နည်းပညာတွေကို မြှင့်တင်ဖန်တီးပြီး မြန်မာနိုင်ငံကို အာဆီယံဒေသရဲ့ Digital Hub တစ်ခုဖြစ်လာစေဖို့နဲ့ အဲဒီကတစ်ဆင့် Digital Economy ရှင်သန်ဖွံ့ဖြိုးအောင်ဆောင်ရွက် ဖို့အစရှိတဲ့ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်ဖို့ဖွဲ့စည်းရခြင်းဖြစ်တယ်လို့ ဒီဂျစ်တယ်စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီနာယက ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဆင့်ဆင့်ဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်တွင်းကုမ္ပဏီတွေ နိုင်ငံတကာမှာ ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် ဆောင်ရွက်ခြင်းလည်း ပါဝင်မယ်လို့ သိရပါတယ်။ နိုင်ငံရဲ့ကဏ္ဍအသီးသီးမှာ ဒီဂျစ်တယ်စနစ်သို့မြှင့်တင် ပြောင်းလဲမှုများအောင်ရွက်နိုင်မယ်ဆိုရင် ဒီဂျစ်တယ်နည်းပညာကို ကောင်းစွာအသုံးပြုနိုင်မယ့် လူ့ စွမ်းအားအရင်းအမြစ်တွေပေါ်ထွန်းလာပြီး Digital Economy နဲ့ တိုင်းပြည်ရဲ့စီးပွားရေးကို များစွာအ ကျိုးပြုနိုင်မယ်လို့ဆိုပါတယ်။ အခြားစီးပွားရေး ကဏ္ဍတွေကိုလည်းအကျိုးပြုစေမှာဖြစ်ကြောင်း၊ ပြည် နယ်နဲ့တိုင်းဒေသကြီးတွေ မြို့ပေါ်နဲ့ကျေးလက်ဒေသတွေမှာ နည်းပညာနဲ့အင်တာနက်ရနိုင်မှုကွာဟ နေခြင်းကို ထိထိရောက်ရောက် လျှော့ချကာ ဒီဂျစ်တယ်နည်းပညာတွေကို ပြည်သူလူထုရဲ့စီးပွားရေး လုပ်ငန်းတွေနဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေမှာ အသုံးချနိုင်အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း အစရှိသ ဖြင့် ဒုတိယသမ္မတက ပြောကြားခဲ့ပါတယ်။