မြန်မာပြည်ဈေးကွက်ထဲ ဝင်ရောက်မယ့် အစီအစဉ်ကို Grab နဲ့ Uber ထုတ်ပြန်

တက္ကစီ ဝန်ဆောင်မှုတွေဖြစ်တဲ့ Grab နဲ့ Uber က မြန်မာပြည်ဈေးကွက်ထဲဝင်ရောက်မယ့် အစီအစဉ်တွေကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။

စင်ကာပူအခြေစိုက် Grab က GrabTaxi စမ်းသပ်ပြေးဆွဲမှုကို ရန်ကုန်မြို့မှာ စတင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ Grab ရဲ့ ကြေညာချက်ထွက်ပေါ်ပြီး တစ်နာရီခန့်အကြာမှာ ပြိုင်ဘက်အမေရိကန်ကုမ္ပဏီ Uber က မြန်မာဈေးကွက်ထဲ “မကြာမီ” ဝင်ရောက်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Grab အနေနဲ့ ကနဦးမှာ တက္ကစီယာဉ်မောင်း အနည်းငယ်နဲ့ စတင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

“GrabTaxi စမ်းသပ်နေစဉ်အတွင်းမှာ တက္ကစီလုပ်ငန်း၊ အခြား သယ်ယူပို့ဆောင်ရေး ရှယ်ယာရှင်တွေနဲ့ အတူလုပ်ဆောင်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ ယာဉ်မောင်းသူတွေရော ခရီးသည်တွေကိုပါ ပိုကောင်းတဲ့ တက္ကစီဝန်ဆောင်မှုပေးဖို့အတွက် စမ်းသပ်မှုကို အတူတကွ လုပ်ဆောင်သွားမှာပါ” လို့ Grab ရဲ့ မားကတ်တင်းဒုဥက္ကဋ္ဌ Cheryl Goh က ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီလက အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ Uber ကတော့ ဝန်ဆောင်မှုကို ချက်ချင်းစတင်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“Uber အနေနဲ့ ရန်ကုန်မှာ အစိုးရနဲ့ပူးပေါင်းပြီး ရှေ့ဆက်လုပ်ဆောင်သွားမယ့် အစီအစဉ်တွေအတွက် များစွာကျေနပ်မိပါတယ်။ ကုမ္ပဏီရဲ့ ridesharing နည်းပညာကို မြန်မာနိုင်ငံမှာ များမကြာမီ မိတ်ဆက်ပေးသွားပါမယ်” လို့ ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူတစ်ဦးက TechCrunch ထံ ပြောကြားခဲ့ပါတယ်။

Ref: TechCrunch