September 26, 2017

ပြန်ရွေးငွေ ပေးစရာမလိုဘဲ ဖိုင်တွေကို unlock လုပ်နိုင်မယ့် WannaCry Ransomware Decryption tool ထွက်ပေါ်လာ

WannaCry ကူးစက်ခံနေရတဲ့ ကွန်ပျူတာတွေအတွက် ပြန်ရွေးငွေ ဒေါ်လာ ၃၀၀ ပေးစရာမလိုဘဲ ဖိုင်တွေကို unlock လုပ်နိုင်မယ့် နည်းလမ်းတစ်ရပ်ကို Quarkslab က ပြင်သစ်လုံခြုံရေး သုတေသီဖြစ်သူ Adrien Guinet က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Guinet ဟာ Windows XP, Windows 7, Windows Vista, Windows Server 2003 နဲ့ 2008 operating system တွေမှာ ကူးစက်နေတဲ့ WannaCry ransomware တွေမှာ အသုံးပြုထားတဲ့ secret encryption key တွေကို အခမဲ့ ပြန်လည်ရယူနိုင်စေမယ့် နည်းလမ်းတစ်ရပ် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Guinet က ဖြန့်ချိခဲ့တဲ့ WannaCry ransomware decryption tool ကို WannaKey လို့ခေါ်ပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းနဲ့ အလုပ်ဖြစ်ဖို့အတွက် ကန့်သတ်ချက်အချို့ရှိတယ်လို့ ဆိုပါတယ်။

“ဒီနည်းလမ်းအလုပ်ဖြစ်ဖို့အတွက် ကွန်ပျူတာက ကူးစက်ခံရပြီးတဲ့နောက် reboot မဖြစ်ထားဖို့ လိုပါတယ်။ နောက်ပြီး ဒီနည်းလမ်းက ကူးစက်ခံရတဲ့ ကွန်ပျူတာတိုင်းမှာ အလုပ်မဖြစ်နိုင်ပါဘူး” လို့ Guinet က ပြောကြားခဲ့ပါတယ်။

နောက်ထပ်သတင်းကောင်းတစ်ခုကတော့ လုံခြုံရေးသုတေသီတစ်ဦးဖြစ်တဲ့ Benjamin Delpy က Guinet ရဲ့နည်းလမ်းကို အခြေခံထားတဲ့ Wanakiwi tool တစ်ခုကို ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ ဒီ tool က WannaCry ကူးစက်ခံရတဲ့ ဖိုင်တွေကို ရိုးရှင်းလွယ်ကူစွာနဲ့ decrypt လုပ်ပေးနိုင်ပါတယ်။

သုံးစွဲသူတွေအနေနဲ့ WannKiwi tool ကို Github ကနေ download လုပ်ပြီး ကူးစက်ခံထားရတဲ့ Windows ကွန်ပျူတာတွေမှာ command line (cmd) ကိုသုံးပြီး run နိုင်ပါတယ်။

WanaKiwi ကို Windows XP, Windows 7, Windows Vista, Windows Server 2003 နဲ့ 2008 တို့မှာ အသုံးပြုနိုင်တယ်လို့ Comae Technologies လုံခြုံရေးကုမ္ပဏီမှ Matt Suiche ဆိုသူက အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် WanaKiwi ကိုသုံးပြီး ဖိုင်တွေကို decrypt လုပ်ပုံကိုလည်း သူက သရုပ်ပြသခဲ့ပါတယ်။

Ref: TheHackerNews