September 26, 2017

ပြန်ဖျက်သွားခဲ့တဲ့ Nokia ကြော်ငြာဗီဒီယိုမှာ dual-camera ဖုန်းတစ်မျိုးကို အရိပ်အမြွက် ပြသခဲ့

မိုဘိုင်းထုတ်ကုန်ပေါက်ကြား သတင်းတွေနဲ့ ပတ်သက်ပြီး လူသိများထင်ရှားသူ Evan Blass ဖော်ပြခဲ့တဲ့ ဗီဒီယိုမှာ Nokia 3 နဲ့ Nokia 5 အပြင် အမည်မဖော်ပြထားတဲ့ Nokia စမတ်ဖုန်းနှစ်မျိုးကို အရိပ်အမြွက်ပြသခဲ့ပါတယ်။ လေ့လာသူတွေကတော့ ဒီထုတ်ကုန်နှစ်မျိုးဟာ high-end Nokia 8 နဲ့ Nokia 9 ဖြစ်နိုင်တယ်လို့ သုံးသပ်ခဲ့ပါတယ်။

Blass ကတော့ ဓာတ်ပုံရဲ့ ဘယ်ဘက်က ထုတ်ကုန်နှစ်ခုဟာ အမည်မဖော်ပြထားတဲ့ ဖုန်းနှစ်မျိုးဖြစ်ပြီး အဲ့ဒီအထဲမှာ dual-camera ပါတဲ့ ထုတ်ကုန်က Nokia 9 ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

အဲ့ဒီဗီဒီယိုဟာ Vimeo မှာ အရင်ဆုံးထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဗီဒီယိုကို Vimeo ပေါ်က ပြန်ဖျက်သွားခဲ့တဲ့နောက်မှာတော့ Blass က Twitter ပေါ်မှာ ကော်ပီကို ဝေမျှခဲ့တာ ဖြစ်ပါတယ်။

Vimeo မှာ Nokia ဗီဒီယိုတင်ခဲ့သူက Nokia ဖုန်းတွေအတွက် HMD က ငှားရမ်းထားတဲ့ art director တစ်ဦးဖြစ်သူ George Chevalier Lewis ဖြစ်တယ်လို့ သိရပါတယ်။ Lewis ရဲ့ LinkedIn profile မှာတော့ Nokia ရဲ့ director of photography ဆိုပြီး ဖော်ပြထားပါတယ်။

Ref: CNET