ျပည္တြင္းေစ်းကြက္သို႔ Huawei Nova 3e ပန္းေရာင္ ေရာက္ရွိမည္

[ Zawgyi ]

၂၀၁၈ မတ္လအတြင္း Huawei Nova 3e ကို အနက္ေရာင္၊ အျပာေရာင္ အေရာင္ႏွစ္မ်ဳိးကို ျပည္တြင္းေစ်းကြက္အတြင္းသို မိတ္ဆက္ေရာင္းခ်ခဲ့ၿပီး အေရာင္အသစ္အေနနဲ႔ ပန္းေရာင္ကိုပါ ဧၿပီလ ၁၉ ရက္ေနာက္ပိုင္းမွာ ဝယ္ယူႏိုင္ေတာ့မယ္လို႔ သိရပါတယ္။

အေရာင္အသစ္ျဖစ္တဲ့ ပန္းေရာင္အျပင္ အနက္ေရာင္န႔ဲ အျပာေရာင္ကို ထပ္မံတင္သြင္းရျခင္းနဲ႔ ပတ္သက္ၿပီး Huawei ရဲ႕ မားကတ္တင္း ဒါ႐ိုက္တာ မခင္ရတနာဝင္းက “သံုးစြဲသူေတြက Nova 3e ကို အရမ္းအားေပးၾကတာေတြ႔ရတဲ့အတြက္ အရမ္းကို ဝမ္းသာရပါတယ္။ ကြ်န္မတို႔ရဲ႕ Nova Series၊ Y Series ဖုန္းေတြက ဆိုရင္ ေစ်းႏႈန္းအသင့္အတင့္နဲ႔ High End ဖုန္းေတြမွာ ပါဝင္တဲ့ Features၊ Specifications ေတြနဲ႔ အမ်ားႀကီး မကြာျခားေအာင္ ထုတ္လုပ္ထားတာျဖစ္ပါတယ္။ ဒီ Nova 3e မွာ ဆိုရင္လည္း လူငယ္ေတြ အႀကိဳက္ေတြ႔မယ့္ Full View Display, လွပတဲ့ ရုပ္ထြက္နဲ႔ အေရာင္၊ မနိမ့္တဲ့ Specifications ေတြနဲ႔အတူ ထုတ္လုပ္ ထားပါတယ္။ Nova 3e ဟာဆိုရင္လည္း လူငယ္ေတြ တကယ္အႀကိဳက္ေတြ႔ေနတဲ့ ဖုန္းတစ္လံုးျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ေစ်းကြက္ထဲကို ထပ္မံတင္သြင္းတာ ျဖစ္ၿပီး မိန္းကေလးေတြ အထူးအႀကိဳက္ေတြ႔မယ့္ ပန္းေရာင္ကိုပါ ဒီတစ္ေခါက္ ထပ္တိုး တင္သြင္းတာ ျဖစ္ပါတယ္” လုိ႔ ေျပာပါတယ္။

အဆိုပါ Huawei Nova 3e ကုိ အလံုးေရ အကန္႔႔အသတ္နဲ႔သာ တင္သြင္းသြားမွာျဖစ္ၿပီး ဧၿပီလ ၁၁ ရက္မွ ၁၈ ရက္အတြင္း Pre-Order မ်ား စတင္မွာယူႏိုင္မယ္လုိ႔သိရပါတယ္။ Pre-Order မွာယူသူေတြအေနနဲ႔ သႀကၤန္အၿပီးမွာ ဖုန္းေတြကို သက္ဆိုင္ရာ ဖုန္းအေရာင္းဆိုင္မ်ားမွာ သြားေရာက္ ထုတ္ယူႏိုင္မွာျဖစ္ပါတယ္။

ဒါ့အျပင္ Huawei Nova 3e ဝယ္ယူသူေတြကို အထူးလက္ေဆာင္အျဖစ္ Wired Headphone တစ္လံုး လက္ေဆာင္ေပးအပ္ သြားမယ္လို႔ သိရပါတယ္။ Pre-Order နဲ႔ ပတ္သက္ၿပီး အေသးစိတ္ ထပ္မံသိရွိလိုပါက Huawei ရဲ႕ Customer Service ဖုန္း – 019000900 ဒါမွမဟုတ္ Huawei Myanmar ရဲ႕ တရား၀င္ Facebook စာမ်က္ႏွာျဖစ္တဲ့ ဒီေနရာကေန ဆက္သြယ္ေမးျမန္းႏိုင္မွာျဖစ္ တယ္။

-ရဲထြဋ္ဝင္း

==========

[ Unicode ]

ပြည်တွင်းစျေးကွက်သို့ Huawei Nova 3e ပန်းရောင် ရောက်ရှိမည်

==========

၂၀၁၈ မတ်လအတွင်း Huawei Nova 3e ကို အနက်ရောင်၊ အပြာရောင် အရောင်နှစ်မျိုးကို ပြည်တွင်းစျေးကွက်အတွင်းသို မိတ်ဆက်ရောင်းချခဲ့ပြီး အရောင်အသစ်အနေနဲ့ ပန်းရောင်ကိုပါ ဧပြီလ ၁၉ ရက်နောက်ပိုင်းမှာ ဝယ်ယူနိုင်တော့မယ်လို့ သိရပါတယ်။

အရောင်အသစ်ဖြစ်တဲ့ ပန်းရောင်အပြင် အနက်ရောင်နဲ့ အပြာရောင်ကို ထပ်မံတင်သွင်းရခြင်းနဲ့ ပတ်သက်ပြီး Huawei ရဲ့ မားကတ်တင်း ဒါရိုက်တာ မခင်ရတနာဝင်းက “သုံးစွဲသူတွေက Nova 3e ကို အရမ်းအားပေးကြတာတွေ့ရတဲ့အတွက် အရမ်းကို ဝမ်းသာရပါတယ်။ ကျွန်မတို့ရဲ့ Nova Series၊ Y Series ဖုန်းတွေက ဆိုရင် စျေးနှုန်းအသင့်အတင့်နဲ့ High End ဖုန်းတွေမှာ ပါဝင်တဲ့ Features၊ Specifications တွေနဲ့ အများကြီး မကွာခြားအောင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒီ Nova 3e မှာ ဆိုရင်လည်း လူငယ်တွေ အကြိုက်တွေ့မယ့် Full View Display, လှပတဲ့ ရုပ်ထွက်နဲ့ အရောင်၊ မနိမ့်တဲ့ Specifications တွေနဲ့အတူ ထုတ်လုပ် ထားပါတယ်။ Nova 3e ဟာဆိုရင်လည်း လူငယ်တွေ တကယ်အကြိုက်တွေ့နေတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဒါကြောင့်လည်း စျေးကွက်ထဲကို ထပ်မံတင်သွင်းတာ ဖြစ်ပြီး မိန်းကလေးတွေ အထူးအကြိုက်တွေ့မယ့် ပန်းရောင်ကိုပါ ဒီတစ်ခေါက် ထပ်တိုး တင်သွင်းတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အဆိုပါ Huawei Nova 3e ကို အလုံးရေ အကန့့်အသတ်နဲ့သာ တင်သွင်းသွားမှာဖြစ်ပြီး ဧပြီလ ၁၁ ရက်မှ ၁၈ ရက်အတွင်း Pre-Order များ စတင်မှာယူနိုင်မယ်လို့သိရပါတယ်။ Pre-Order မှာယူသူတွေအနေနဲ့ သင်္ကြန်အပြီးမှာ ဖုန်းတွေကို သက်ဆိုင်ရာ ဖုန်းအရောင်းဆိုင်များမှာ သွားရောက် ထုတ်ယူနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် Huawei Nova 3e ဝယ်ယူသူတွေကို အထူးလက်ဆောင်အဖြစ် Wired Headphone တစ်လုံး လက်ဆောင်ပေးအပ် သွားမယ်လို့ သိရပါတယ်။ Pre-Order နဲ့ ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိလိုပါက Huawei ရဲ့ Customer Service ဖုန်း – 019000900 ဒါမှမဟုတ် Huawei Myanmar ရဲ့ တရားဝင် Facebook စာမျက်နှာဖြစ်တဲ့ ဒီနေရာကနေ ဆက်သွယ်မေးမြန်းနိုင်မှာဖြစ် တယ်။

-ရဲထွဋ်ဝင်း