October 17, 2017

ဟောင်ကောင်မဲဆန္ဒရှင် ၃.၇ သန်းရဲ့ အချက်အလက်ပါဝင်တဲ့ laptop နှစ်လုံး အခိုးခံရ

မဲဆန္ဒရှင် ၃.၇ သန်းရဲ့ အချက်အလက်တွေပါဝင်တဲ့ laptop နှစ်လုံး အခိုးခံခဲ့ရတယ်လို့ ဟောင်ကောင် ရွေးကောက်ပွဲဆိုင်ရာမှတ်ပုံတင်ရုံးက ပြောကြားလိုက်ပါတယ်။ အဲ့ဒီ laptop တွေကို ဟောင်ကောင်မှာကျင်းပတဲ့ AsiaWorld-Expo က သော့ခတ်ထားတဲ့ အခန်းတစ်ခန်းကနေ အခိုးခံခဲ့ရတာဖြစ်တယ်လို့ South China Morning Post က ဖော်ပြခဲ့ပါတယ်။

အဲ့ဒီအချက်အလက်တွေမှာ မဲဆန္ဒရှင်တွေရဲ့ ID ကတ်နံပါတ်၊ လိပ်စာနဲ့ ဖုန်းနံပါတ် စတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ အဲ့ဒီအချက်အလက်တွေကို encrypt လုပ်ထားပေမယ့် ပေါက်ကြားမှုမရှိနိုင်ဘူးလို့ အာမမခံနိုင်ကြောင်း အထက်ပါရုံးက ပြောကြားခဲ့ပါတယ်။

ဒီလို အချက်အလက်အများအပြား ပေါက်ကြားမှုနဲ့ပတ်သက်ပြီး ရဲတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဟောင်ကောင်ရဲ့ တစ်ကိုယ်ရေအချက်အလက်ဆိုင်ရာ Privacy Commissioner က ထုတ်ပြန်ခဲ့ပါတယ်။ Laptop ခိုးယူသွားသူတွေကိုတော့ အခုထိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

Ref: CNET