September 26, 2017

လေးနှစ်ကြာသုံးနိုင်မယ့် ဘက်ထရီပါဝင်တဲ့ Logitech iPad keyboard case

၉.၇ လက်မ iPad အတွက် Logitech က Slim Folio keyboard case သစ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီ iPad keyboard case သစ်ရဲ့ ဆွဲဆောင်မှုအရှိဆုံး feature က လေးနှစ်ကြာသုံးနိုင်မယ့် ဘက်ထရီပါဝင်လာခြင်း ဖြစ်ပါတယ်။

Slim Folio ဟာ အားပြန်သွင်းနိုင်တဲ့ lithium-ion cell တွေအစား ပြန်လည်အစားထိုးနိုင်တဲ့ coin battery တွေကို အသုံးပြုထားပါတယ်။ ဒါ့အပြင် စွမ်းအင်သုံးစွဲမှုနည်းပါးတဲ့ Bluetooth 4.0 ကြောင့် Slim Folio ကို tablet နဲ့ချိတ်ဆက်ပြီး တစ်နေ့ ၂ နာရီလောက်သုံးမယ်ဆိုရင် လေးနှစ်ခန့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Slim Folio ကို Logitech ဝက်ဘ်ဆိုက်မှာ ၉၉.၉၉ ဒေါ်လာနဲ့ ကြိုတင်မှာယူနိုင်ပြီး မေလအတွင်းမှာ ကမ္ဘာတစ်ဝန်း တင်ပို့ရောင်းချ သွားမယ်လို့ သိရပါတယ်။

Ref: TheVerge