September 24, 2017

ရေစိုခံ Gadget များ

သင်္ကြန်တွင်းနဲ့ ခရီးသွားတဲ့ အခါတွေမှာ ရေစိုတဲ့ပြသနာကြောင့် ကိုယ့်ရဲ့ gadget လေးတွေ ပျက်စီးမှာ ကြောက်သူတွေအတွက် အခု
ဖော်ပြပေးလိုက်တဲ့ ရေစိုခံ gadget လေးတွေက အထောက်အကူဖြစ်နိုင်ပါတယ်။ ဒါ့အပြင်ရေစိုတဲ့ ဒဏ်ကိုခံနိုင်တဲ့ ထုတ်ကုန်လေးတွေကို နှစ်သက်သူတွေ အတွက်လည်း တစ်နေရာတည်းမှာ ကြည့်နိုင်ဖို့ ရှာဖွေဖော်ပြ ပေးလိုက်တာ ဖြစ်ပါတယ်။

SJ-7000 Waterproof HD Portable Action Camera
တန်ဖိုး – ၆၈,၀၀၀ ကျပ်
T-Land Myanmar
ဖုန်း – ၀၁- ၃၈၂၈၆၈၊ ၀၁- ၃၉၂၄၃၁

ရေကစားရင်း သူငယ်ချင်းများနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူး လိုသူများ၊ ခရီးသွားရင်းအမှတ်တရ ဓာတ်ပုံရိုက်လို သူများအတွက်
သေးငယ်ပေါ့ပါးပြီး ရေစိုခံအကြမ်းခံနိုင်သည့် SJ-7000 မော်ဒယ် Waterp-roof Action Camera ဖြစ်သည်။ ရေအောက်မီတာ ၃၀ အထိသယ်ယူ ရိုက်ကူးနိုင်မည် ဖြစ်သည်။ 12 Mega Pixels ရှိသည့်အတွက် 1920 x 1280 Pixels HD ရုပ်ထွက် Video များနှင့် 4032×3024 Pixels ရှိ ဓာတ်ပုံများကိုရိုက်ကူးနိုင်မည် ဖြစ်သည်။ WiFi စနစ်ပါဝင်သည့်အတွက် အဝေးမှ ထိန်းချုပ်ရိုက်ကူးနိုင်မည်
ဖြစ်သည်။ ၂ လက်မ အရွယ်အစား LCD Screen လည်းပါရှိသည်။ Car CCTV Camera အဖြစ် လည်း အသုံးပြုနိုင်ပြီး Drone များတွင်လည်း တပ်ဆင်အသုံးပြု နိုမည်ဖြစ်သည်။ ၃ နာရီကြာအားသွင်းရမည်ဖြစ်ပြီး WiFi ဖွင့်ပြီးအသုံးပြုပါက ၂ နာရီကြာ အသုံးပြုနိုင်မည်ဖြစ်သည်။

LG Smart Watch
တန်ဖိုး – ၂၃၈,၀၀၀ ကျပ်
T-Land Myanmar
ဖုန်း – ၀၁- ၃၈၂၈၆၈၊ ၀၁ – ၃၉၂၄၃၁

 

4G LTE Network အသုံးပြုနိုင်သည့် မိုဘိုင်းဖုန်းများဖြင့် ချိတ်ဆက်အသုံးပြုနိုင်သော W200 မော်ဒယ် LG Smart Watch ဖြစ်သည်။ မျက်နှာပြင် ၁.၃၈ လက်မရှိသော P-OLED ကိုအသုံးပြုထားပြီး Resolution အနေဖြင့် 480 x 480 pixels ကို အထောက်အပံ့ထားသည်။ Qualcomm Chipset Snapdragon 400 ကိုအသုံး ပြုထားပြီး Bluetooth 4.0, Wi-Fi 802.11 b/g/n တို့ ထောက်ပံ့ပါဝင်သည်။ 570 mAh ဘက်ထရီကိုထည့်သွင်း အသုံးပြုထားသည်။ Internal Storage Memory အနေဖြင့် 4 GB ပါဝင်ပြီး RAM ပိုင်းအတွက် 768 MB အသုံးပြုထားသည်။ Gyro, Accelerometer, Compass, Barometer, PPG (Heart Rate ) စသည့် sensor များလည်း
ထောက်ပံ့ပါဝင်သည်။ Material Stainless Steel Case ဖြင့်ပြု လုပ်ထားသည့်အတွက် ပေါ့ပါးပြီး အကြမ်းခံနိုင်မည်ဖြစ်သည်။

4K Action Cam
တန်ဖိုး – ၉၅,၀၀၀ ကျပ်
ဖုန်း – ၀၉ ၅၁၁၄၁၇၀
8 Ray Mobile

အပျော်တမ်း ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးမှတ်တမ်းတင်လိုသူများအတွက် သယ်ဆောင်ရလွယ်ကူပြီး အရည်အသွေး ကောင်းမွန်စွာ
အသုံးပြုနိုင်မည့် 4K Action Cam ဖြစ်သည်။ Camera 16 MP တပ်ဆင် ပေးထားပြီး ဘက်ထရီမှာ 900mAh ထည့်ပေးထားသည်။
အကြမ်းခံပြီး တောင်တက်သူများအနေဖြင့် မိမိတို့၏ ဦးထုပ်ပေါ်တွင် အလွယ်တကူ တပ်ဆင်နိုင်ပြီး ရေအောက်တွင် ၃၀ မီတာထိ
သယ်ယူ ရိုက်ကူးနိုင်ရန်အတွက် Waterproof Cover ထည့်ပေးထားသည်။

3 Way Camera Mini Mono Tripod Head
တန်ဖိုး -၂၆,၀၀၀ ကျပ်
T-Land Myanmar
ဖုန်း – ၀၁- ၃၈၂၈၆၈၊ ၃၉၈၃၄၃

ခရီးသွားရင်း ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ကူးလို သူများအတွက် အလွယ်တကူ ခေါက်ချိုးပြီး သိမ်းဆည်းရန် အဆင်ပြေသည့် 3 Way Camera Mini Mono Tripod Head ဖြစ်သည်။ Selfie Stick ကဲ့သို့ ဓာတ်ပုံများ ရိုက်ကူးနိုင် သကဲ့သို့ ရေစိုခံပြီး အကြမ်းလည်း ခံနိုင်သည်။ iOS နှင့် Android အသုံးပြု စမတ်ဖုန်းများအပြင် Portable Action Cam (GoPro, Xiaomi Yi Camera, SJ Action Cam) များ
တပ်ဆင်ပြီး Bluetooth System ဖြင့်ချိတ်ဆက်၍လည်း လွယ်ကူစွာအသုံးပြုနိုင်မည် ဖြစ်သည်။ သုံးချောင်းထောက် Stand ပါဝင်ပြီး
မိမိလိုသလောက် အဆစ်များ အလွယ်တကူချိုးကာ အသုံးပြုနိုင်မည်ဖြစ်သည်။ Selfie Stick ကဲ့သို့ 620 mm အရှည်ထိ ထုတ်ယူ၍
လည်း ရိုက်ကူးနိုင်မည် ဖြစ်သည်။

Rainbow Skull Gaming Keyboard
တန်ဖိုး – ၃၀,၀၀၀ ကျပ်
IT Mall Myanmar
ဖုန်း – ၀၉ ၇၈၄၅၂၃၀၂၅

Game ဆော့သည့် လူငယ်များအတွက် အကြိုက်တွေ့စေမည့် Rainbow Skull Gaming Keyboard ဖြစ်သည်။ ငွေရောင် ပေါ်တွင် Black Key ခလုတ်များတပ်ဆင်ထားသည့်အတွက် ဒီဇိုင်းသေသပ်လှပသည်။ USB တပ်ဆင် လိုက်သည့်နှင့်တစ်ပြိုင်နက် LED
မီးလေးများလင်း သွားမည်ဖြစ်ကာ အရောင်တစ်မျိုးတည်း လင်းနေမည် မဟုတ်ဘဲ မီးရောင်စုံ လင်းနေမည် ဖြစ်သည်။ FN Key နှင့်
အခြား Function များလည်း အသုံးပြုနိုင်သည်။ ရေစိုဒဏ် ခံနိုင်ပြီး အကြမ်းလည်း ခံနိုင်အောင် ဒီဇိုင်းတည်ဆောက် ပေးထားသည်။

Go Pro Hero4 Camera
တန်ဖိုး – ၅၅၀,၀၀၀ ကျပ်
8Ray Mobile
ဖုန်း – ၀၉ ၅၁၁၄၁၇၀

သင်္ကြန်တွင်း မိမိတို့၏ အမှတ်တရများကို ရိုက်ကူးလိုသည့် မိသားစုများ၊ သူငယ်ချင်းနှင့်ချစ်သူ စုံတွဲများ အတွက် အရည်အသွေး
ကောင်းကောင်းနှင့် ရုပ်ထွက်ကောင်းမွန်သည့် Go Pro Hero4 Camera မှာ စိတ်ဝင်စားဖွယ်ဖြစ်နိုင်သည်။ 4K Resolution
ရှိသည့်အတွက် ရုပ်ထွက်များကို အကောင်းဆုံး ပေးစွမ်းနိုင်မည်ဖြစ်ပြီး အာမခံတစ်နှစ် ပေးထားသည်။

JBL Charge 3 Waterproof Bluetooth Speaker
မူလဈေးနှုန်း- ၂၄၉,၀၀၀ ကျပ်
ပရိုမိုးရှင်းဈေးနှုန်း- ၁၉၉,၀၀၀ ကျပ်
Wai Yan Mobile (Myanmar Plaza), Wai Yan Electronics (KBA)
ဖုန်း – ၀၁-၄၀၁၄၁၆၊ ၀၉- ၂၆၁၄၃၁၀၀၈

ရေစိုဒဏ်ခံသည့် gadget များကိုနှစ်သက် သူတိုင်းအတွက် JBL က ထုတ်လုပ်ထားသော Charge 3 Waterproof Bluetooth Speaker ဖြစ်သည်။ အကြမ်းခံနိုင်သည့်အပြင် ရေစိုဒစ်ကိုပါ ခံနိုင်သည့်အတွက် သီချင်းချစ်သူများ ခရီးထွက်သော အခါမျိုးများတွင်
ဆောင်ထားသင့်သည်။ IPX7 ပါဝင်သောကြောင့် ရေအနက် ၁ မီတာ၌ နာရီဝက်တိတိ အထားခံနိုင်သည်။ ဘက်ထရီ အနေဖြင့်လည်း Lithium-ion Polymer (22.2Wh) ကို အသုံးပြုထားပြီး ဘက်ထရီ တစ်ခါအားသွင်းထားပါက အချိန်ကြာကြာ အသုံးခံနိုင်သည်။
အရောင်အနေဖြင့် အနက်၊ အပြာ၊ အနီ၊ ပြောက်ကျားနှင့် စိမ်းပြာ အစရှိသည့် အရောင်များကို စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်သလို အာမခံအနေဖြင့် ၁ နှစ်ပေးထားသည်။ ပရိုမိုးရှင်းကာလ ဖြစ်သော မတ်လ ၁၇ ရက်မှ ဧပြီလ ၁၂ ရက်အတွင်း ၀ယ်ယူပါက
အထူးလျော့ဈေးဖြင့် ရရှိနိုင်မည် ဖြစ်သည်။

Waterproof Case
တန်ဖိုး – ၁၂,၀၀၀ ကျပ်
8Ray Mobile
ဖုန်း – ၀၉ ၅၁၁၄၁၇၀

သင်္ကြန်တွင်း မိမိတို့၏ Smart Phone များရေဝင်သည့် ဒဏ်ကို ခံနိုင် ဖုန်းအခွံများ ရှာဖွေနေသူတွေအတွက် စိတ်ဝင်စားနိုင်သည့်
အရာဖြစ်သည်။ အဆိုပါ ဖုန်းအိမ်ကို အသုံးပြုပါက ဖုန်းကို ရော်ဘာများဖြင့် အသေအချာ ပိတ်ပေးမည်ဖြစ်ပြီး ရေအောက်အနက်
၆ မီတာအထိ ယူသွားနိုင်မည် ဖြစ်သည်။ ၎င်းဖုန်းအိမ် အသုံးပြုထားစဉ်တွင်လည်း Touch စနစ်ကောင်းမွန်စွာ အသုံးပြုနိုင်သည်။ Note3/4, iPhone5/5s, iPhone6/6s, iPhone6 Plus/6 Plus s စသည့် ဖုန်းများအတွက် ရရှိနိုင်သည်။

Go Pro Hero5
တန်ဖိုး – ၆၄၉,၅၀၀ ကျပ်
8Ray Mobile
ဖုန်း – ၀၉ ၅၁၁၄၁၇၀

အပျော်တမ်း အဖြစ်သာမက ပရော်ဖက်ရှင်နယ် အဖြစ်ပါ ရိုက်ကူးနိုင်သည့် Go Pro အမှတ်တံဆိပ် ကင်မရာလေးဖြစ်သည်။ Camera 12MP, Video Resolution 4K 30fps တို့ ပါဝင်သည့်အတွက် ရုပ်ထွက်ပိုင်းတွင် ပြောစရာမလိုအောင် ကြည်လင်နေမည်ဖြစ်သည်။ View အနေဖြင့် Superview, Wide, Medium, Linear, Narro စသည့် View များကို မိမိနှစ်သက်သလို ရိုက်ကူးနိုင်ပြီး Wind Noise Reduction Mode စနစ်တို့ ပါဝင်လာသည်။ ထူးခြားချက်အနေဖြင့် Go Pro Hero5 မှာ Water Case မလိုဘဲ ရေစိုနိုင်သည့် နေရာများတွင် အသုံးပြုနိုင်သည်။

ဖုန်းတွေရေဝင်ရင် ဘာလုပ်မလုပ်မလဲ၊ ရေမဝင်အောင်ဘာ လုပ်မလဲ

သိပ်မကြာခင်အချိန်မှာ မြန်မာ့ရိုးရာ နှစ်သစ်ကူးပွဲတော်သ င်္ကြန်အချိန်ကာလကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ သင်္ကြန် ကာလ
ရောက်တဲ့ အချိန်မှာတော့ အမှတ်မထင် မတော်တဆ ရေစိုတာပဲဖြစ်ဖြစ်၊ ဖုန်းထဲ ရေ၀င်တာပဲ ဖြစ်ဖြစ် ဖြစ်ဖူးကြမှာပါ။ ဒီလိုဖြစ်လာရင်
ဘယ်လိုလုပ်ဆောင် ကြမလဲဆိုတာကို အရင်နှစ်တုန်းက လူကြီးမင်းဖုန်းဆိုင်နဲ့ ပူးပေါင်းပြီး တင်ဆက်ပေးခဲ့ဖူးပါတယ်။ ဒီနှစ်မှာလည်း
စာဖတ် ပရိတ်သတ်တွေအတွက် ထပ်မံဖော်ပြ ပေးလိုက်ပါတယ်။

ဖုန်းတွေရေ၀င် ပျက်စီးဖူးကြပါသလား။

ကိုယ်တိုင် ဒါမှမဟုတ် မိမိရဲ့ ပတ်ဝန်းကျင်မှ ဖုန်းများ အမျိုးမျိုး ပျက်စီးနေတာ မြင်ဖူးတွေ့ ဖူးကြမှာပါ။ ပြုတ်ကျပျက်စီးခြင်း၊ အားသွင်းရင်း ဖုန်းအပူလွန်ကဲလွန်၍ ပျက်စီးခြင်း ၊ ရေထဲပြုတ်ကျခြင်း ၊ မိုးရေစိုခြင်း၊ စသဖြင့် error မျိုးစုံ ကြူံတွေ့ဖူးကြမှာပါ။ မကြာခင် အချိန်မှာဆိုရင်လည်း သင်္ကြန်ကျရောက် တော့မှာဖြစ်တဲ့အတွက် ရေကြောင့် မိမိတို့ရဲ့ဖုန်းတွေ ပျက်စီးမူမဖြစ်အောင် ကာကွယ်နိုင်ဖို့အတွက် အောက်မှာဖော်ပြပေးမယ့် အချက်တွေကို သိထားဖို့ လိုပါတယ်။

ရေ၀င်ရောက်ခြင်း ၊ ရေငွေ့ ရိုက်ခြင်း မရှိရအောင်

၁။ လေပေါက်ပါဝင်သော ရေစိုခံအိတ်ဆောင်ထားပါ။

၂။ ဖုန်း၏ Screen အား မှန်ကြည်ဆေး ၊ ခေါင်းလျှော်ရည် အနည်းငယ်ဖြင့် သုတ်ထားပါ။ ရေငွေ့ရိုက်ခြင်း သက်သာစေပါတယ်။

၃။ စိုထိုင်းမူရှိနေသော ကျော ပိုးအိတ်၊ လက်ကိုင်အိတ်ထဲတွင် အလုံပိတ်၍ ထည့်ထားခြင်းရှောင် ကြဉ်ပါ။ လေပေါက်အလုံ
အလောက်ရရှိသော အိတ်တွင်ထည့်၍ ယူဆောင်ပါ။

၎။ စိုထိုင်းမူကိုအားပေးသော Cover အစွပ်များကို တပ်ဆင် ထားခြင်းမပြုပါနှင့်။ လေထွက် ပေါက်ရသော Cover များ တပ်ဆင်
အသုံးပြုပါ။

ဖုန်းထဲရေ၀င်သွားခဲ့ရင်

သင်္ကြန်ကာလအတွင်း ရေစိုနေတဲ့ဖုန်းများ၊ ရေထဲကျသွားတဲ့ ဖုန်းများရှိခဲ့ပါက-

၁။ မိမိဖုန်းရဲ့ Battery ကိုဖြုတ်လိုက်ပါ၊ ( ရေဝင်သွားတဲ့ အတွက်ကြောင့် Battery ထည့်ထားပါက လျှပ်စီးပြီး ဖုန်းရဲ့ Circuit
ပိုင်းပျက်စီးမူ မဖြစ်အောင်ဖြစ်ပါတယ်။)

၂။ဖုန်းထဲတွင် ထည့်ထားသော Memory card ၊ Sim card များ ထုတ်ထားလိုက်ပါ။ (ရေစိုနေတာကြောင့် အချိန်ကြာမြင့်စွာ
ထည့်ထားမိလျှင် ပျက်စီးနိုင်လို့ပဲ ဖြစ်ပါတယ်။ )

၃။ ဖုန်းကို ရေ၀င်ရောက် ထားတာကြောင့် အစိုဓါတ်တွေရှိ မနေအောင် အ၀တ်ခြောက်ဖြင့် သုတ်နိုင်သမျှ စင်အောင် သုတ်ပေးပါ။

၎။ အ၀တ်ဖြင့် သုတ်ထားပေမယ့် ဖုန်းအတွင်းရှိ ရေများမခြောက်သေးပါ။ အဆိုပါရေများ ခြောက်သွေ့သွားအောင် ရေငွေ့အစုပ်မြန်တဲ့
ဆန်အိုးထဲ နှစ်ထည့်ထားလိုက်ပါ။ (၂ နာရီ ၃နာရီ လောက်ထားပါ။ ရေ၀င်တာများ ပါက ၂၄ နာရီ ကြာအောင် ထားပေးပါ ။ )

၅။ ရေငွေ့များ ကုန်စင်သွားလောက်တဲ့ အချိန်လောက်မှ Battery ကိုထည့်၍ ပါဝါတက် မတက်စမ်းလို့ ရပါပြီ။

Service ပြဖို့လိုသေးလား

– ဒီအချက်များဆောင် ရွက်ပြီးပါက ဖုန်းအားအဆင် ပြေစွာပြန်လည် အသုံးပြုနိုင်သည် ဖြစ်စေ ၊ မသုံးနိုင်တော့သည်ဖြစ်စေ
နားလည်တတ်ကျွမ်းတဲ့ ဆရာများဖြင့် Service ပြသပေးပါ။

– ဖုန်းသည်ရေ၀င် ထားတာကြောင့် ပြန်လည်အသုံးပြူ၍ ရရင်တောင် ရေ၀င်ထားခဲ့တဲ့အချိန်မှာ ရေကြောင့် ဆားပွင့်များထခြင်း ၊
သံချေးများ ရှိနေတတ်ခြင်း ၊ ရေနှင့်အတူ ပါဝင်လာတတ်သော အမှိုက်များ ၊ သဲများ ၊ ရွံ့များရှိနေ သေးသောကြောင့် ဖုန်းကို
အသေးစိတ်ဆေးကြောပြီးမှ ယုံကြည်စိတ်ချစွာ ဆက်လက်အသုံးပြုပါ။

အောက်ပါအချက်တွေကို သတိထားပေးပါ

၁။ ရေ၀င်တာ သိသိခြင်း Battery ဖြုတ်ဖို့မမေ့ပါနဲ့။Battery ကိုပြန်လည် တပ်ဆင်၍ပါ ဝါဖွင့်ကြည့်ခြင်းမျိုးကို ရှောင်ကြဉ်ပါ။

၂။ နေပူလှန်းခြင်း ၊hair dryer ဖြင့် အပူပေးခြင်းစသော နည်း တွေကိုတော့ ရှောင်ကြဉ်ပါ။ ရေစုပ်တဲ့ အဝတ်ခြောက်၊ ပန်ကာ
စသည်တို့ အသုံးပြုပေးပါ။

၃။ ရေများလုံလောက်စွာ မခြောက်သေးဘဲ ပါဝါပြန်လည် ဖွင့်ကြည့်ခြင်းမျိုး ရှောင်ကြဉ်ပါ။

၎။ အားသွင်းကြိုးထိုးခြင်း၊ Computer ဖြင့် ချိတ်ဆက်ကြည့်ခြင်းများ အထူးရှောင်ကြဉ် သင့်ပါတယ်။

၎။ ဖုန်းပြန်လည် အသုံးပြုလို့ ရသည့်တိုင်အောင် ဖုန်း၏အတွင်းပိုင်း service မလုပ်ဘဲ မနေပါနဲ့။ ရေရှည် အသုံးပြုနိုင်ဖို့အတွက်
ဦးစားပေးပါ။