ေမွာင္တဲ့အခ်ိန္မွာ မိုုဘိုုင္းကင္မရာ အသံုုးျပဳပံုုနည္းလမ္းမ်ား

[ Zawgyi ]

ဖုုန္းနဲ႔ ဓာတ္ပံုုေတြ ႐ိုက္ကူးတဲ့အခါမွာ အခ်ိဳ႕ဓာတ္ပံုု႐ိုက္ ဝါသနာရွင္ေတြအေနနဲ႔ ေမွာင္တဲ့အခ်ိန္ မိုုဘုုိင္းကင္မရာသံုုးၿပီး ဓာတ္ပံုုေတြကိုု ႐ိုက္ကူးခ်င္ၾကပါတယ္။ ဒါေပမဲ့ ဖုုန္းေတြမွာ ေမွာင္တဲ့အခ်ိန္ ႐ိုက္ဖိုု႔အတြက္ အခ်ိဳ႕ဖုုန္းေတြမွာ နည္းပညာေၾကာင့္ အခက္အခဲ တခ်ိဳ႕ ရင္ဆိုုင္ၾကရပါတယ္။ နည္းပညာ အခက္အခဲမွာ ဖုုန္းမွာပါဝင္တဲ့ နည္းပညာေၾကာင့္ အခက္အခဲျဖစ္ႏုုိင္သလိုု ဓာတ္ပံုုပညာရပ္ဆိုုင္ရာ နည္းပညာရပ္ေတြကိုု ေလ့လာမႈနည္းလိုု႔ ရင္ဆိုုင္ရတဲ့ အခက္အခဲေတြ ရွိၾကတာကိုု ေတြ႕ၾကရပါတယ္။ ဒါေၾကာင့္ အခုုေဆာင္းပါးမွာ ေမွာင္ေနတဲ့ အခ်ိန္မွာ မိုုဘိုုင္းဖုုန္း ကင္မရာအသံုုးျပဳၿပီး ဓာတ္ပံုုေကာင္းေတြရဖိုု႔အတြက္ ဘယ္လိုု႐ိုက္ကူးမလဲဆိုုတာေတြကိုု အခ်က္အခ်ိဳ႕နဲ႔ ေဖာ္ျပေပး သြားပါမယ္။

Manual စနစ္သံုုးၿပီး ႐ိုက္ကူးပါ

စမတ္ဖုန္းကိုင္ထားတဲ့ လူေတာ္ေတာ္မ်ားမ်ားက ဓာတ္ပံု႐ိုက္ရင္ အလင္းအေမွာင္ကို ထိန္းခ်ဳပ္႐ိုက္ကူးတဲ့အခါ အခ်ိဳ႕စမတ္ဖုန္းေတြက အလိုအေလ်ာက္ ခ်ိန္ညႇိေပးတဲ့အတြက္ တစ္ခါတေလမွာ အလင္းအားနည္းတဲ့ ဓာတ္ပံုေတြမွာ ဖြယ္ေနၿပီး လူ႐ုပ္ေတြက ေသခ်ာမသဲကြဲ တဲ့အျဖစ္မ်ိဳး ႀကံဳဖူးၾကသလို ပတ္ဝန္းက်င္အေနအထား လွပမႈေတြကို ႐ိုက္ကူးတဲ့အခါမွာလည္း ဓာတ္ပံုက အရည္အေသြး မေကာင္းဘဲ တန္းမဝင္တဲ့ ဓာတ္ပံုေတြကိုသာ ရရွိၾကပါတယ္။ ေနာက္ပိုင္း စမတ္ဖုန္းေတြမွာ ကင္မရာရဲ႕ အရည္အေသြးေတြကို ျမႇင့္တင္လာၿပီး အလင္းအားနည္းတဲ့ အခ်ိန္မွာေတာင္ ေကာင္းေကာင္း႐ိုက္ႏိုင္ေအာင္ နည္းပညာအရ ဖန္တီးလာၾကပါတယ္။

အလိုအေလ်ာက္ ခ်ိန္ညိႇေပးတဲ့အတြက္ ထင္သေလာက္ ကြာလတီကို မရႏိုင္ဘဲ ရွိေနပါတယ္။ ဒါေၾကာင့္ အလင္းအားနည္းခ်ိန္မွာ လူပံုကိုပဲ ႐ိုက္ကူးတာပဲျဖစ္ျဖစ္၊ ႐ႈခင္းေတြ၊ လွပတဲ့ၿမိဳ႕တြင္း ပံုေတြ႐ိုက္ ကူးတာပဲျဖစ္ျဖစ္မွာ အေကာင္းဆံုးကေတာ့ Manual စနစ္နဲ႔ ႐ိုက္ကူး ျခင္းက အေကာင္းဆံုးပဲ ျဖစ္ပါတယ္။ အဲ့လို႐ိုက္ကူးတဲ့အခါမွာ Tripod သံုးရင္ ပိုမိုအဆင္ေျပေစပါတယ္။ ဓာတ္ပံုအယူအဆ အတြက္ဆိုရင္ေတာ့ ေန႔ဘက္မွာ ႐ိုက္ကူးတဲ့ ဓာတ္ပံုေတြထက္ ပိုၿပီးေတာ့ နည္းစနစ္ေတြ ပိုမိုအသံုးျပဳ႐ိုက္ကူးရပါတယ္။

Shutter Speed နဲ႔ ISO ရဲ႕အားသာခ်က္

မိုဘိုင္းဖုန္းကင္မရာနဲ႔ အလင္းအားနည္းတဲ့အခါ ဓာတ္ပံု႐ိုက္ ေတာ့မယ္ဆိုရင္ အရင္ဆံုးအေမွာင္ထဲမွာ ဘယ္လို႐ိုက္ကူးရမလဲ ဆိုတာနဲ႔ ဘယ္လို႐ိုက္ကူးလိုက္ရင္ ဘယ္လိုပံုထြက္တယ္ဆိုတာကို ေလ့လာထားဖို႔ လိုအပ္ပါတယ္။ အေၾကာင္းအရင္းက ကိုယ္႐ိုက္မယ့္ ႐ႈခင္းေနရာမွာပဲျဖစ္ျဖစ္၊ လူပံုကို႐ိုက္ကူးတဲ့ အခါမွာပဲျဖစ္ျဖစ္ အေမွာင္က ဘယ္ေလာက္ ပမာဏရွိေနၿပီး လင္းေအာင္ Shutter Speed ဘယ္ေလာက္ထားၿပီး ႐ိုက္ကူးရမယ္ဆိုတာကို ေလ့လာထားရပါမယ္။ ဖုန္းကင္မရာေတြမွာ ပါဝင္တဲ့ Camera Manual စနစ္က shutter speed က ဘယ္အတိုင္းတာအထိ လုပ္ႏိုင္လည္းဆိုတာကို ဓာတ္ပံုေတြ အစမ္း႐ိုက္ကူးရင္နဲ႔ ေလ့လာႏိုင္ပါတယ္။

အဲလိုမွ ကိုယ္တကယ္လိုခ်င္တဲ့ အလင္းအေမွာင္နဲ႔ ႐ုပ္ထြက္ေတြကို ခ်ိန္ညိႇကစားသြားႏိုင္ပါတယ္။ အဓိကကေတာ့ Shutter Speed နဲ႔ ISO ကို လိုသလို ခ်ိန္ထိုးကစားႏိုင္ၿပီး ဓာတ္ပံုအရည္အေသြးကို ေလ့လာႏိုင္ပါတယ္။ အခ်ိဳ႕ကေတာ့ မိုဘိုင္းဖုန္းမွာပါတဲ့ auto စနစ္ကိုပဲထားၿပီး ႐ိုက္ကူးလိုက္တဲ့အတြက္ ဦးေႏွာက္ေျခာက္စရာ မလိုပါဘူး။ ဒါေပမဲ့ဖုန္းကင္မရာက ထုတ္ေပးတဲ့ ဓာတ္ပံုကြာလတီကိုပဲ ရွိမွာပါ။ ေစာေစာကလို Shutter Speed နဲ႔ ISO ေတြ ခ်ိန္ထိုးကစားၿပီး ႐ိုက္ကူးမယ္ဆိုရင္ေတာ့ မျဖစ္မေန Tripod နဲ႔ ဖုန္းကို တပ္ဆင္႐ိုက္ကူးသင့္ပါတယ္။

ဖုန္းတင္ၿပီး ႐ိုက္တဲ့ Tripod က ေစ်းကြက္ထဲမွာ ေစ်းသိပ္မမ်ားဘဲ ဝယ္ယူႏိုင္ပါတယ္။

အေရးႀကီးတဲ့ Exposure Level

အလင္းအားနည္းတဲ့ ဓာတ္ပံုေတြကို ႐ိုက္ကူးတဲ့အခါမွာ ဓာတ္ပံု ညာအရ ဘယ္အရာေတြကို ႐ိုက္ကူးမယ္ဆိုတာ အမ်ားႀကီးမူတည္ ပါတယ္။ ႐ိုး႐ိုး Night Life ဓာတ္ပံုေတြလား၊ Night Life ဓာတ္ပံု ေတြမွာမွ ဓာတ္ပံုပညာကို ထည့္သြင္း႐ိုက္ကူးမလားဆိုတဲ့ ကိုယ္ပိုင္ ဆံုးျဖတ္ခ်က္ေတြအရ ကင္မရာမွာ အသံုးျပဳမယ့္ exposure level ေတြကလည္း မတူညီႏိုင္တာကို ေတြ႕ရပါတယ္။

႐ိုး႐ိုးဓာတ္ပံုေတြမွာေတာ့ လင္းအားေကာင္းေကာင္းနဲ႔ ပတ္ဝန္းက်င္မွာရွိေနတဲ့ အရာေတြအားလံုးကို ထင္ရွားစြာ ျမင္ႏိုင္ေအာင္ ႐ိုက္ကူး
ဖို႔အတြက္ Exposure မ်ားမ်ားထားၿပီး ႐ိုက္ကူးၾကေပမယ့္ ဓာတ္ပံုပညာ ကို ထည့္ၿပီး႐ိုက္ကူးမယ္ဆိုရင္ေတာ့ အေမွာင္ထားသင့္တဲ့ ေနရာေလး ေတြမွာထား၊ အလင္းပါသင့္တဲ့ ေနရာမွာအလင္း ထည့္ၿပီး႐ိုက္ကူး ရတာေၾကာင့္ ဓာတ္ပံုတစ္ပံု လံုးလင္းေနဖို႔ေတာ့ မလိုအပ္တာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္ အဲလိုဓာတ္ပံုေတြအတြက္ Exposure ေတြ အမ်ားႀကီး ထည့္စရာမလိုဘဲ Exposure Level ကိုေလွ်ာ့ၿပီး ကိုယ္လိုခ်င္တဲ့ အလင္းအေမွာင္နဲ႔ ဓာတ္ပံုေကာင္းတစ္ပံုကို ႐ိုက္ကူးႏိုင္ပါတယ္။

ISO ကိုု ထိန္းသိမ္းၿပီး သံုုးၿပီး အလြန္႔အကၽြံ Edit ကိုုေလွ်ာ့ခ်မယ္။

အလင္းအားနည္းတဲ့ ဓာတ္ပံု႐ိုက္ကူးထားတဲ့ ဓာတ္ပံုေတြမွာ အမ်ားဆံုးၾကံဳေတြ႕တဲ့ အခက္အခဲပဲ ျဖစ္ပါတယ္။ အခ်ိဳ႕ ဖုန္းကင္မရာ
ေတြက Auto ထုတ္ေပးလိုက္တဲ့ ဓာတ္ပံုေတြမွာ အမ်ားဆံုးအျဖစ္မ်ား ပါတယ္။ ဒါ့အျပင္ HDR စနစ္ေတြေၾကာင့္ ဓာတ္ပံုရဲ႕ ႐ုပ္ထြက္ကို ဆြဲတင္လိုက္တဲ့ အခါမွာလည္း အဲလို ဖြယ္ေန ဖြာေနတဲ့ ဓာတ္ပံုေတြ ကိုသာ ရရွိၾကပါတယ္။ အလင္းအေမွာင္ကို ဖုန္းကင္မရာက ခ်ိန္ညိႇတဲ့အခါမွာ ISO ေတြကို အလြန္အကၽြံ ဆြဲတင္ၿပီး ဓာတ္ပံုက အဲလိုမ်ိဳးဖြာသြားၾကတာပါ။ ဒါေၾကာင့္ ဒီလိုဖြာေနတဲ့ ဓာတ္ပံုေတြ မလိုခ်င္ဘူး ဆိုရင္ေတာ့ အလင္းအားနည္းတဲ့ ဓာတ္ပံု႐ုိက္ကူးရင္ Auto စနစ္ကို မသံုးတာဟာ အေကာင္းဆံုးျဖစ္ၿပီး Manual စနစ္နဲ႔ ႐ိုက္ကူးႏိုင္သလို Manual စနစ္မပါတဲ့ ဖုန္းေတြအတြက္ေတာ့ Long Expoture စနစ္အေထာက္အပံ့ ပါဝင္တဲ့ App ေတြနဲ႔ ႐ိုက္ကူးတာက အေကာင္း ဆံုးျဖစ္မွာပါ။

Long Expoture ႐ိုက္ေတာ့မယ္ဆိုရင္ေတာ့ မျဖစ္မေန Tripod ကေတာ့ လိုအပ္ေတာ့မွာပဲ ျဖစ္ပါတယ္။ တကယ္လို႔ Long Expoture နဲ႔လည္း ႐ိုက္ၿပီးၿပီ၊ ဓာတ္ပံုကလည္းေကာင္းေနၿပီး ဓာတ္ပံုကို edit လုပ္တဲ့ အခါမွာ အခ်ိဳ႕က အလြန္အကၽြံ edit လုပ္ၾကပါတယ္။ အဲ့အခ်ိန္မွာ အခ်ိဳ႕က HDR ေတြ အမ်ားႀကီးသံုးၿပီး edit လုပ္လိုက္တဲ့အခါမွာ ကိုယ့္ ဓာတ္ပံုက စုတ္ခ်က္ၾကမ္းၾကမ္း ေရးဆြဲထားတဲ့ ပန္းခ်ီကားတစ္ခုလို႔ ခပ္ၾကမ္းၾကမ္း ခပ္ဖြာဖြာျဖစ္သြားတတ္လို႔ သတိထားသံုးစြဲသင့္ပါတယ္။

စမ္းသင့္တဲ့ Long Exposure

အလင္းအားနည္းရင္ (သို႔) ေမွာင္ေနရင္ ဓာတ္ပံု႐ိုက္္ကူးရတာဟာ Long Exposure ႐ိုက္ကူးဖို႔အတြက္ အခြင့္အေရးေကာင္း အခါသမယပဲ ျဖစ္ပါတယ္။ ပတ္ဝန္းက်င္မွာရွိတဲ့ အရာဝတၳဳေတြကို အလင္းအေမွာင္ ေကာင္းေကာင္းခ်ိန္ၿပီး ႐ိုက္ကူးႏိုင္မယ္၊ ေရြ႕လ်ားေနတဲ့ အရာဝတၳဳ ေတြကို မတူကြဲျပားတဲ့ အျမင္ျဖစ္ေအာင္ ႐ိုက္ကူးႏိုင္မယ္။

Landscape ေတြ႐ိုက္ကူးတဲ့ အခါမွာဆိုရင္ Star Tril ေတြကိုလည္း စမ္းသပ္႐ိုက္ကူးႏိုင္မွာျဖစ္လို ၿမိဳ႕တြင္းမွာ ကားမီးအလင္းတန္းေတြျဖစ္တဲ့ Light trail ေတြကိုလည္း ဖန္တီး ႐ိုက္ကူးႏိုင္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ Long Exposure ကို ဖုန္းနဲ႔ ႐ိုက္ကူးမယ္ ဆိုရင္ေတာ့ ဖုန္းထဲမွာ Camera Manual စနစ္ ပါဝင္ရမယ္။ မပါဝင္ပါက Manual စနစ္သံုးႏိုင္တဲ့ App ေတြကို ေရြးခ်ယ္ၿပီး ႐ိုက္ကူးႏိုင္ပါတယ္။ အဲ့ဒါအျပင္ Tripod တစ္ေခ်ာင္းလည္း လိုအပ္မွာျဖစ္ပါတယ္။

-စည္သူ

=============

[ Unicode ]

မှောင်တဲ့အချိန်မှာ မိုုဘိုုင်းကင်မရာ အသုုံးပြုပုံုနည်းလမ်းများ

==============

ဖုုန်းနဲ့ ဓာတ်ပုံုတွေ ရိုက်ကူးတဲ့အခါမှာ အချို့ဓာတ်ပုံုရိုက် ဝါသနာရှင်တွေအနေနဲ့ မှောင်တဲ့အချိန် မိုုဘုုိင်းကင်မရာသုံုးပြီး ဓာတ်ပုံုတွေကိုု ရိုက်ကူးချင်ကြပါတယ်။ ဒါပေမဲ့ ဖုုန်းတွေမှာ မှောင်တဲ့အချိန် ရိုက်ဖိုု့အတွက် အချို့ဖုုန်းတွေမှာ နည်းပညာကြောင့် အခက်အခဲ တချို့ ရင်ဆိုုင်ကြရပါတယ်။ နည်းပညာ အခက်အခဲမှာ ဖုုန်းမှာပါဝင်တဲ့ နည်းပညာကြောင့် အခက်အခဲဖြစ်နုုိင်သလိုု ဓာတ်ပုံုပညာရပ်ဆိုုင်ရာ နည်းပညာရပ်တွေကိုု လေ့လာမှုနည်းလိုု့ ရင်ဆိုုင်ရတဲ့ အခက်အခဲတွေ ရှိကြတာကိုု တွေ့ကြရပါတယ်။ ဒါကြောင့် အခုုဆောင်းပါးမှာ မှောင်နေတဲ့ အချိန်မှာ မိုုဘိုုင်းဖုုန်း ကင်မရာအသုံုးပြုပြီး ဓာတ်ပုံုကောင်းတွေရဖိုု့အတွက် ဘယ်လိုုရိုက်ကူးမလဲဆိုုတာတွေကိုု အချက်အချို့နဲ့ ဖော်ပြပေး သွားပါမယ်။

Manual စနစ်သုံုးပြီး ရိုက်ကူးပါ

စမတ်ဖုန်းကိုင်ထားတဲ့ လူတော်တော်များများက ဓာတ်ပုံရိုက်ရင် အလင်းအမှောင်ကို ထိန်းချုပ်ရိုက်ကူးတဲ့အခါ အချို့စမတ်ဖုန်းတွေက အလိုအလျောက် ချိန်ညှိပေးတဲ့အတွက် တစ်ခါတလေမှာ အလင်းအားနည်းတဲ့ ဓာတ်ပုံတွေမှာ ဖွယ်နေပြီး လူရုပ်တွေက သေချာမသဲကွဲ တဲ့အဖြစ်မျိုး ကြံုဖူးကြသလို ပတ်ဝန်းကျင်အနေအထား လှပမှုတွေကို ရိုက်ကူးတဲ့အခါမှာလည်း ဓာတ်ပုံက အရည်အသွေး မကောင်းဘဲ တန်းမဝင်တဲ့ ဓာတ်ပုံတွေကိုသာ ရရှိကြပါတယ်။ နောက်ပိုင်း စမတ်ဖုန်းတွေမှာ ကင်မရာရဲ့ အရည်အသွေးတွေကို မြှင့်တင်လာပြီး အလင်းအားနည်းတဲ့ အချိန်မှာတောင် ကောင်းကောင်းရိုက်နိုင်အောင် နည်းပညာအရ ဖန်တီးလာကြပါတယ်။

အလိုအလျောက် ချိန်ညှိပေးတဲ့အတွက် ထင်သလောက် ကွာလတီကို မရနိုင်ဘဲ ရှိနေပါတယ်။ ဒါကြောင့် အလင်းအားနည်းချိန်မှာ လူပုံကိုပဲ ရိုက်ကူးတာပဲဖြစ်ဖြစ်၊ ရှုခင်းတွေ၊ လှပတဲ့မြို့တွင်း ပုံတွေရိုက် ကူးတာပဲဖြစ်ဖြစ်မှာ အကောင်းဆုံးကတော့ Manual စနစ်နဲ့ ရိုက်ကူး ခြင်းက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ အဲ့လိုရိုက်ကူးတဲ့အခါမှာ Tripod သုံးရင် ပိုမိုအဆင်ပြေစေပါတယ်။ ဓာတ်ပုံအယူအဆ အတွက်ဆိုရင်တော့ နေ့ဘက်မှာ ရိုက်ကူးတဲ့ ဓာတ်ပုံတွေထက် ပိုပြီးတော့ နည်းစနစ်တွေ ပိုမိုအသုံးပြုရိုက်ကူးရပါတယ်။

Shutter Speed နဲ့ ISO ရဲ့အားသာချက်

မိုဘိုင်းဖုန်းကင်မရာနဲ့ အလင်းအားနည်းတဲ့အခါ ဓာတ်ပုံရိုက် တော့မယ်ဆိုရင် အရင်ဆုံးအမှောင်ထဲမှာ ဘယ်လိုရိုက်ကူးရမလဲ ဆိုတာနဲ့ ဘယ်လိုရိုက်ကူးလိုက်ရင် ဘယ်လိုပုံထွက်တယ်ဆိုတာကို လေ့လာထားဖို့ လိုအပ်ပါတယ်။ အကြောင်းအရင်းက ကိုယ်ရိုက်မယ့် ရှုခင်းနေရာမှာပဲဖြစ်ဖြစ်၊ လူပုံကိုရိုက်ကူးတဲ့ အခါမှာပဲဖြစ်ဖြစ် အမှောင်က ဘယ်လောက် ပမာဏရှိနေပြီး လင်းအောင် Shutter Speed ဘယ်လောက်ထားပြီး ရိုက်ကူးရမယ်ဆိုတာကို လေ့လာထားရပါမယ်။ ဖုန်းကင်မရာတွေမှာ ပါဝင်တဲ့ Camera Manual စနစ်က shutter speed က ဘယ်အတိုင်းတာအထိ လုပ်နိုင်လည်းဆိုတာကို ဓာတ်ပုံတွေ အစမ်းရိုက်ကူးရင်နဲ့ လေ့လာနိုင်ပါတယ်။

အဲလိုမှ ကိုယ်တကယ်လိုချင်တဲ့ အလင်းအမှောင်နဲ့ ရုပ်ထွက်တွေကို ချိန်ညှိကစားသွားနိုင်ပါတယ်။ အဓိကကတော့ Shutter Speed နဲ့ ISO ကို လိုသလို ချိန်ထိုးကစားနိုင်ပြီး ဓာတ်ပုံအရည်အသွေးကို လေ့လာနိုင်ပါတယ်။ အချို့ကတော့ မိုဘိုင်းဖုန်းမှာပါတဲ့ auto စနစ်ကိုပဲထားပြီး ရိုက်ကူးလိုက်တဲ့အတွက် ဦးနှောက်ခြောက်စရာ မလိုပါဘူး။ ဒါပေမဲ့ဖုန်းကင်မရာက ထုတ်ပေးတဲ့ ဓာတ်ပုံကွာလတီကိုပဲ ရှိမှာပါ။ စောစောကလို Shutter Speed နဲ့ ISO တွေ ချိန်ထိုးကစားပြီး ရိုက်ကူးမယ်ဆိုရင်တော့ မဖြစ်မနေ Tripod နဲ့ ဖုန်းကို တပ်ဆင်ရိုက်ကူးသင့်ပါတယ်။

ဖုန်းတင်ပြီး ရိုက်တဲ့ Tripod က စျေးကွက်ထဲမှာ စျေးသိပ်မများဘဲ ဝယ်ယူနိုင်ပါတယ်။

အရေးကြီးတဲ့ Exposure Level

အလင်းအားနည်းတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးတဲ့အခါမှာ ဓာတ်ပုံ ညာအရ ဘယ်အရာတွေကို ရိုက်ကူးမယ်ဆိုတာ အများကြီးမူတည် ပါတယ်။ ရိုးရိုး Night Life ဓာတ်ပုံတွေလား၊ Night Life ဓာတ်ပုံ တွေမှာမှ ဓာတ်ပုံပညာကို ထည့်သွင်းရိုက်ကူးမလားဆိုတဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေအရ ကင်မရာမှာ အသုံးပြုမယ့် exposure level တွေကလည်း မတူညီနိုင်တာကို တွေ့ရပါတယ်။

ရိုးရိုးဓာတ်ပုံတွေမှာတော့ လင်းအားကောင်းကောင်းနဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ အရာတွေအားလုံးကို ထင်ရှားစွာ မြင်နိုင်အောင် ရိုက်ကူး
ဖို့အတွက် Exposure များများထားပြီး ရိုက်ကူးကြပေမယ့် ဓာတ်ပုံပညာ ကို ထည့်ပြီးရိုက်ကူးမယ်ဆိုရင်တော့ အမှောင်ထားသင့်တဲ့ နေရာလေး တွေမှာထား၊ အလင်းပါသင့်တဲ့ နေရာမှာအလင်း ထည့်ပြီးရိုက်ကူး ရတာကြောင့် ဓာတ်ပုံတစ်ပုံ လုံးလင်းနေဖို့တော့ မလိုအပ်တာကို တွေ့ရပါတယ်။ ဒါကြောင့် အဲလိုဓာတ်ပုံတွေအတွက် Exposure တွေ အများကြီး ထည့်စရာမလိုဘဲ Exposure Level ကိုလျှော့ပြီး ကိုယ်လိုချင်တဲ့ အလင်းအမှောင်နဲ့ ဓာတ်ပုံကောင်းတစ်ပုံကို ရိုက်ကူးနိုင်ပါတယ်။

ISO ကိုု ထိန်းသိမ်းပြီး သုံုးပြီး အလွန့်အကျွံ Edit ကိုုလျှော့ချမယ်။

အလင်းအားနည်းတဲ့ ဓာတ်ပုံရိုက်ကူးထားတဲ့ ဓာတ်ပုံတွေမှာ အများဆုံးကြံုတွေ့တဲ့ အခက်အခဲပဲ ဖြစ်ပါတယ်။ အချို့ ဖုန်းကင်မရာ
တွေက Auto ထုတ်ပေးလိုက်တဲ့ ဓာတ်ပုံတွေမှာ အများဆုံးအဖြစ်များ ပါတယ်။ ဒါ့အပြင် HDR စနစ်တွေကြောင့် ဓာတ်ပုံရဲ့ ရုပ်ထွက်ကို ဆွဲတင်လိုက်တဲ့ အခါမှာလည်း အဲလို ဖွယ်နေ ဖွာနေတဲ့ ဓာတ်ပုံတွေ ကိုသာ ရရှိကြပါတယ်။ အလင်းအမှောင်ကို ဖုန်းကင်မရာက ချိန်ညှိတဲ့အခါမှာ ISO တွေကို အလွန်အကျွံ ဆွဲတင်ပြီး ဓာတ်ပုံက အဲလိုမျိုးဖွာသွားကြတာပါ။ ဒါကြောင့် ဒီလိုဖွာနေတဲ့ ဓာတ်ပုံတွေ မလိုချင်ဘူး ဆိုရင်တော့ အလင်းအားနည်းတဲ့ ဓာတ်ပုံရိုက်ကူးရင် Auto စနစ်ကို မသုံးတာဟာ အကောင်းဆုံးဖြစ်ပြီး Manual စနစ်နဲ့ ရိုက်ကူးနိုင်သလို Manual စနစ်မပါတဲ့ ဖုန်းတွေအတွက်တော့ Long Expoture စနစ်အထောက်အပံ့ ပါဝင်တဲ့ App တွေနဲ့ ရိုက်ကူးတာက အကောင်း ဆုံးဖြစ်မှာပါ။

Long Expoture ရိုက်တော့မယ်ဆိုရင်တော့ မဖြစ်မနေ Tripod ကတော့ လိုအပ်တော့မှာပဲ ဖြစ်ပါတယ်။ တကယ်လို့ Long Expoture နဲ့လည်း ရိုက်ပြီးပြီ၊ ဓာတ်ပုံကလည်းကောင်းနေပြီး ဓာတ်ပုံကို edit လုပ်တဲ့ အခါမှာ အချို့က အလွန်အကျွံ edit လုပ်ကြပါတယ်။ အဲ့အချိန်မှာ အချို့က HDR တွေ အများကြီးသုံးပြီး edit လုပ်လိုက်တဲ့အခါမှာ ကိုယ့် ဓာတ်ပုံက စုတ်ချက်ကြမ်းကြမ်း ရေးဆွဲထားတဲ့ ပန်းချီကားတစ်ခုလို့ ခပ်ကြမ်းကြမ်း ခပ်ဖွာဖွာဖြစ်သွားတတ်လို့ သတိထားသုံးစွဲသင့်ပါတယ်။

စမ်းသင့်တဲ့ Long Exposure

အလင်းအားနည်းရင် (သို့) မှောင်နေရင် ဓာတ်ပုံရိုက််ကူးရတာဟာ Long Exposure ရိုက်ကူးဖို့အတွက် အခွင့်အရေးကောင်း အခါသမယပဲ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္ထုတွေကို အလင်းအမှောင် ကောင်းကောင်းချိန်ပြီး ရိုက်ကူးနိုင်မယ်၊ ရွေ့လျားနေတဲ့ အရာဝတ္ထု တွေကို မတူကွဲပြားတဲ့ အမြင်ဖြစ်အောင် ရိုက်ကူးနိုင်မယ်။

Landscape တွေရိုက်ကူးတဲ့ အခါမှာဆိုရင် Star Tril တွေကိုလည်း စမ်းသပ်ရိုက်ကူးနိုင်မှာဖြစ်လို မြို့တွင်းမှာ ကားမီးအလင်းတန်းတွေဖြစ်တဲ့ Light trail တွေကိုလည်း ဖန်တီး ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Long Exposure ကို ဖုန်းနဲ့ ရိုက်ကူးမယ် ဆိုရင်တော့ ဖုန်းထဲမှာ Camera Manual စနစ် ပါဝင်ရမယ်။ မပါဝင်ပါက Manual စနစ်သုံးနိုင်တဲ့ App တွေကို ရွေးချယ်ပြီး ရိုက်ကူးနိုင်ပါတယ်။ အဲ့ဒါအပြင် Tripod တစ်ချောင်းလည်း လိုအပ်မှာဖြစ်ပါတယ်။

-စည်သူ