June 25, 2017

မောင်းသူမဲ့ကားတွေအကြောင်း ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားလိုက်တဲ့ Apple

ကုမ္ပဏီအနေနဲ့ မောင်းသူမဲ့ကားတွေမှာ အသုံးပြုမယ့် နည်းပညာကို ဖန်တီးနေတယ်လို့ Apple အမှုဆောင်အရာရှိချုပ် Tim Cook က အတည်ပြု ပြောကြားလိုက်ပါတယ်။

Bloomberg နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ Cook က ကုမ္ပဏီအနေနဲ့ လက်ရှိမှာ အလိုအလျောက်မောင်းနှင်နိုင်မယ့် စနစ်တွေကို အာရုံစိုက် လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ကုမ္ပဏီအနေနဲ့ လျှပ်စစ်ကားအပါအဝင် ဖွံ့ဖြိုးတိုးတက်မှုတွေအပေါ် စိတ်လှုပ်ရှားမိတယ်လို့ Cook က ပြောပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ အလိုအလျောက်မောင်းနှင်နိုင်တဲ့ စနစ်တွေကို အာရုံစိုက် ဆောင်ရွက်နေပြီး အဲ့ဒီစနစ်တွေကို မောင်းသူမဲ့ကားတွေအပြင် ထုတ်ကုန်အမျိုးမျိုးမှာ အသုံးပြုသွားမှာဖြစ်တယ်လို့ Cook က ပြောကြားခဲ့ပါတယ်။

“အလိုအလျောက်စနစ်တွေကို ကျွန်တော်တို့ အာရုံစိုက်လုပ်ဆောင်နေပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့အမြင်မှာ အရမ်းကို အရေးပါတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် AI ပရောဂျက်အားလုံးရဲ့ မိခင်အနေနဲ့ ကျွန်တော်တို့ ရှုမြင်ပါတယ်” လို့ Bloomberg Television နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ Cook က ပြောကြားခဲ့ပါတယ်။

-နောင်နောင်
Ref: TheVerge

//ambient pc code