September 26, 2017

နေရာသီးသန့်ပေးစရာမလိုတဲ့ Acer Desktop PC

နေရာသီးသန့် ပေးစရာမလိုတဲ့ Acer ရဲ့ Revo One RL85 Desktop PC ကတော့ အမြင့် ၁၅၅ မီလီမီတာ၊ အကျယ် ၁၀၆.၅ မီလီမီတာသာ ရှိတဲ့အတွက် ရုံးသုံး၊ အိမ်သုံး၊ ပုံမှန်သုံးသူတွေ အတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။ CPU ကတော့ 5th Generation Core i3 (5010U) နဲ့ဆင်ယင်ထားပြီး memory ကို 8GB DDR3, Data Storage အတွက် Hard Disk ကို 1TB နဲ့ဆင်ယင်ပေးထားပါတယ်။ Windows 8.1 64bit License ပါဝင်ပြီး port တွေအနေနဲ့ USB 3.0,2.0 , HDMI, GBLAN,Card Reader တွေလဲ ပါဝင်ပါတယ်။

ကြိုးမဲ့ချိတ်ဆက်မှုအတွက် WLAN နဲ့ Bluetooth စနစ်တွေ ပါဝင်တဲ့အပြင် Wireless Keyboard နဲ့ Wireless Mouse တွေလဲ အသင့်ပါဝင်ပါတယ်။ Warranty ကတော့ Part & Service ၃ နှစ် ပေးထားပြီး ရွှေလမင်းနဂါးကုမ္ပဏီလီမိတက် ဖုန်း – ၀၁-၂၃၀၁၇၉၇၊ ၂၃၀၁၇၉၈ ကိုဆက်သွယ်ကာ ကန်ဒေါ်လာ ၅၆၅ နဲ့ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ၀ယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။