July 15, 2018

ေဒၚလာ သန္း ၅၀ တန္ crypto exchange ကိုဝယ္ဖို႔ ေနအိမ္နဲ႔ ဇိမ္ခံကားေတြ ေရာင္းခ်ခဲ့သူ

စင္ကာပူႏိုင္ငံသား စြန္႔ဦးတီထြင္လုပ္ငန္းရွင္ အဲရစ္ခ်မ္ဟာ cryptocurrency (ဒီဂ်စ္တယ္ေငြေၾကးစနစ္) ေလာကမွာ အႀကီးအက်ယ္ ပါဝင္ဖို႔ ေဒၚလာ သန္း ၅၀ ရရွိေအာင္ ရွာေဖြခဲ့ပါတယ္။ သူဟာ ကိုယ္ပုိင္ ဇိမ္ခံကား ငါးစီးျဖစ္တဲ့ Rolls-Royces ႏွစ္စီး၊ Lamborghini, Ferrari နဲ႔ Porsche တို႔ကို ေရာင္းခ်ခဲ့တယ္။ ဒါ့အျပင္ သူဟာ ေဒၚလာသန္းေပါင္းမ်ားစြာတန္တဲ့ ေနအိမ္ကိုေရာင္းခ်ခဲ့ၿပီး စုေဆာင္းထားတဲ့ ေငြေၾကးေတြနဲ႔ အက်ိဳးအျမတ္ေတြကို စုေဆာင္းခဲ့ပါတယ္။

အဲရစ္ခ်မ္ဟာ အသက္ ၄၃ ႏွစ္အရြယ္ အိမ္ၿခံေျမ ကုမၸဏီ Sevens Group တည္ေထာင္သူနဲ႔ အမႈေဆာင္အရာရွိခ်ဴပ္ျဖစ္ပါတယ္။ အဲရစ္ခ်မ္အေနနဲ႔ ခုနကရရွိတဲ့ေငြေၾကးေတြနဲ႔ ၿပီးခဲ့တဲ့လက ဂ်ပန္ရဲ႕ FX Trande Financial နဲ႔ crytopcurrency အသားေပး တြဲဖက္ကုမၸဏီ BitTrade ကို ဝယ္ယူလိုက္ပါတယ္။

သူ႔အေနနဲ႔ ေနာက္ျပန္လွည့္ဖို႔ အစီအစဥ္မရွိပါဘူး။

အခုဝယ္ယူမႈဟာ ခ်မ္ျပဳလုပ္ခဲ့သမွ်ထဲမွာ အႀကီးမားဆုံးရင္းႏွီးျမႇဳပ္ႏွံမႈေတြထဲက တစ္ခုျဖစ္ပါတယ္။ ဒါ့အျပင္ ဂ်ပန္ crypto exchange တစ္ခုကုိ အျပည့္အဝပုိင္ဆုိင္တဲ့ ႏိုင္ငံျခားသားတစ္ဦးလည္း ျဖစ္လာပါတယ္။

ခ်မ္ဟာ ေဈးအႀကီးဆုံးဖက္ရွင္ေတြကို ႀကိဳက္ႏွစ္သက္ၿပီး သပ္သပ္ရပ္ရပ္ ဝတ္စားဆင္ယင္တတ္ပါတယ္။

အေစာပိုင္းဘဝ

ခ်မ္ဟာ ေအာက္ေျခဘဝကေနစတင္ၿပီး ၾကြယ္ဝခ်မ္းသာလာသူျဖစ္ပါတယ္။ သူဟာ မိသားစုေျခာက္ေယာက္ထဲမွာ အႀကီးဆုံးသားျဖစ္ၿပီး Upper Cross Street လူဆင္းရဲေတြေနထိုင္တဲ့ အိမ္ရာမွာ ေနထုိင္ခဲ့ပါတယ္။ သူ႔ရဲ႕မိခင္ကေတာ့ အိမ္အကူျဖစ္ၿပီး ဖခင္ကေတာ့ အစားအေသာက္၊ ေဖ်ာ္ရည္ယမကာနဲ႔ လုံၿခဳံေရးက႑အမ်ိဳးမ်ိဳးက အလုပ္အကုိင္ေတြ လုပ္ကုိင္ပါတယ္။

ခ်မ္ရဲ႕ လူငယ္ဘဝ ေန႔ရက္ေတြက မေတာက္ေျပာင္ခဲ့ပါဘူး။ ၁၉၉၄ ခုႏွစ္မွာ ကြန္ပ်ဴတာဘာသာရပ္နဲ႔ ဒီပလိုမာရရွိၿပီးေနာက္မွာ ခ်မ္အေနနဲ႔ စစ္တပ္မွာ ႏွစ္ႏွစ္တာဝန္ထမ္းေဆာင္ခဲ့ရပါတယ္။ ေနာက္ေတာ့ ေကာ္ပုိရိတ္ေလာကထဲဝင္ေရာက္ၿပီး စင္ကာပူေလေၾကာင္းလိုင္းမွာ ေလယာဥ္ေမာင္ အျဖစ္ စတင္လုပ္ကုိင္ခဲ့ပါတယ္။ ခ်မ္အေနနဲ႔ အျခားလူအမ်ားစုလုိပဲ အလုပ္အသစ္မွာ အသားက်သြားၿပီးတဲ့ေနာက္ သက္ေသာင့္သက္သာျဖစ္လာတယ္လို႔ သူကေျပာၾကားခဲ့ပါတယ္။

ႏွစ္အတန္ၾကာ ကုန္လြန္သြားၿပီးတဲ့ေနာက္ ၂၀၀၂ ခုႏွစ္မွာေတာ့ သူဟာ ၿငီးေငြ႕မႈကုိ စတင္ခံစားလာရပါတယ္။ ေလယာဥ္ေပၚမွာ ဆုံေတြ႕ခဲ့တဲ့ ဘုန္းႀကီးတစ္ပါးက သူဟာ ဘဝမွာ ႀကီးျမတ္တဲ့အရာေတြ ရယူေအာင္ျမင္ဖုိ႔ ျဖစ္တယ္လို႔ ေျပာသြားပါတယ္။ ဒါေၾကာင့္ ခ်မ္အေနနဲ႔ ေလယာဥ္ေမာင္ အလုပ္ကႏုတ္ထြက္ဖို႔ ခြန္အားေတြ စုစည္းႏိုင္ခဲ့ပါတယ္။ အဲဒီႏွစ္မွာပဲ သူဟာ အိမ္ၿခံေျမပြဲစားတစ္ဦးနဲ႔ အသိအကၽြမ္းျဖစ္ခဲ့ၿပီး အိမ္ၿခံေျမလုပ္ငန္းထဲ ဝင္ေရာက္ဖုိ႔ စည္း႐ုံးခဲ့ပါတယ္။

“ကၽြန္ေတာ့္ဘဝမွာ အေျပာင္းအလဲျပဳလုပ္ဖို႔ လိုအပ္ေနတာပါ။ သက္ေသာင့္သက္သာျဖစ္ေနတဲ့ ဇုန္ထဲက ထြက္လာဖို႔ပါ” လို႔ ခ်မ္ကေျပာခဲ့ပါတယ္။

ဆက္လက္ၿပီး “ေလယာဥ္အႀကီးစားတစ္စီးေပၚမွာ ထိုင္ခံု ၃၀၀ ေက်ာ္ပါဝင္တယ္။ ကၽြန္ေတာ္က ဒီလူအေရအတြက္ကုိပဲ အလုပ္အေကၽြးျပဳရင္း သတ္မွတ္ထားတဲ့ ဝင္ေငြကုိ အိမ္ကုိ ယူသြားတာျဖစ္ပါတယ္။ တကယ္လို႔ ကၽြန္ေတာ္က ေအးဂ်င့္တစ္ေယာက္အေနနဲ႔ ဒီလူအေရအတြက္နဲ႔ စကားေျပာရရင္ ကၽြန္ေတာ္ တြက္ခ်က္ထားတာထက္ပုိၿပီး ပိုက္ဆံမ်ားမ်ား ရွာႏုိင္မယ္လို႔ ေတြးမိပါတယ္။ ဒါနဲ႔ပဲ ကၽြန္ေတာ္ အလုပ္ကထြက္ၿပီး အိမ္ၿခံေျမလုပ္ငန္းထဲ ဝင္ေရာက္လိုက္ပါတယ္”

ခ်မ္ရဲ႕ ေရြးခ်ယ္မႈဟာ မွန္ကန္ခဲ့ၿပီး စင္ကာပူရဲ႕အိမ္ၿခံေျမလုပ္ငန္း ေစ်းကြက္ကည္း ျမင့္တက္ခဲ့ပါတယ္။ ခ်မ္က အိမ္ၿခံေျမေအးဂ်င့္ကုမၸဏီ ProNex မွာ လုပ္ကိုင္ခဲ့ပါတယ္။ သူ႔ရဲ႕အဆက္အသြယ္ ေအးဂ်င့္ေတြဟာ တစ္ႀကိမ္မွာ ဦးေရ ၁,၈၀၀ အထိ ရွိလာပါတယ္။ ေနာက္ပုိင္းမွာ သူ႔အေနနဲ႔ ေငြေၾကးမ်ားစြာရရွိဖို႔ အိမ္ၿခံေျမဝယ္ေရာင္း ျပဳလုပ္ခဲ့ပါတယ္။

ခ်မ္ရဲ႕ အဆက္အသြယ္ကြန္ရက္ဟာ ႀကီးမားလာၿပီး အရြယ္အစားအေတာ္အတန္ႀကီးတဲ့ ေရႊအိုးကို စုေဆာင္းမိလာပါၿပီ။ ၂၀၁၅ ခုႏွစ္မွာ အိမ္ၿခံေျမအေကာင္အထည္ေဖာ္ေရး ကုမၸဏီကုိ တည္ေထာင္ခဲ့ၿပီး အေဆာက္အအုံေတြ စတင္တည္ေဆာက္ခဲ့သလို လူေနအိမ္ေတြလည္း ေရာင္းခ်ခဲ့ပါတယ္။

အိမ္ၿခံေျမကေန cryptocurrency ေလာကသို႔

အခုအခါမွာေတာ့ ခ်မ္ဟာ ၂၁ ႏွစ္အရြယ္ ဇနီးနဲ႔အတူ အသက္ ၁၂ ႏွစ္နဲ႔ ၁၀ ႏွစ္ သားႏွစ္ေယာက္ကိုလည္း ပုိင္ဆိုင္ထားပါတယ္။ ခ်မ္ရဲ႕ Sevens Group ဟာ ေျမယာရင္းႏွီးျမႇဳပ္ႏွံမႈ ေဒၚလာ ၇၅ သန္းေက်ာ္ရွိပါတယ္။

အဲရစ္ခ်မ္တစ္ေယာက္ cryptocurrency ေလာကထဲ ဘယ္လိုေရာက္လာသလဲ။

ခ်မ္ရဲ႕ စီးပြားဖက္တစ္ဦးက cryptocurrency ကုိမိတ္ဆက္ခဲ့အၿပီး ၂၀၁၇ ခုႏွစ္ ေအာက္တုိဘာလမွာ စတင္စူးစမ္းခဲ့ပါတယ္။ သူ႔အေနနဲ႔ crypto ေလာကအတြင္းမွာ အျပင္းထန္ဆုံး စိတ္ကူးေတြကို ထြက္တတ္တဲ့ အေကာင္းအျမင္ဆုံး နည္းပညာပညာရွင္ေတြကို ျမင္ေတြ႕ခဲ့ပါတယ္။

Cryptocurrency ရဲ႕ လစဥ္ မခန္႔မွန္းႏိုင္တဲ့အယူအဆကို ခ်မ္သေဘာက်သြားပါတယ္။ သူ႔အေနနဲ႔ cryptocurrency လုပ္ငန္းကုိ ဆက္လက္သင္ယူခဲ့ၿပီး အဲဒီေလာကထဲ ဝင္ေရာက္လိုလာပါတယ္။ သူ႔အေနနဲ႔ crypto exchange ေတြကို စိတ္ဝင္စားလာၿပီး ထိပ္တန္းေနရာရယူဖို႔ ဆုံးျဖတ္လုိက္ပါတယ္။

“Crypto လုပ္ငန္းမွာ အလႊာအမ်ားႀကီးရွိပါတယ္။ အိမ္ၿခံေျမလုပ္ငန္းနဲ႔ အတူတူပါပဲ။ Crypto mining, ICOs အျပင္ အႀကံေပးမႈ၊ ကုန္သြယ္မႈနဲ႔ exchange ေတြရွိပါတယ္။ အိမ္ရာေျမဆိုရင္ သဲေထာက္ပံ့ေရး၊ တည္ေဆာက္ေရး ကုမၸဏီေတြ၊ အိမ္ၿခံေျမေအးဂ်င့္ေတြနဲ႔ အိမ္ရာတည္ေဆာက္သူေတြရွိပါတယ္”

ခ်မ္ဟာ ကုန္သြယ္ေရး platform ကိုဝယ္ယူဖို႔ ေတာင္ကုိရီးယား၊ ဖိလစ္ပုိင္နဲ႔ ထိုင္ဝမ္က crypto exchange စုစုေပါင္း ၉ ခုဆီ သြားေရာက္ေလ့လာ လည္ပတ္ခဲ့ပါတယ္။ အင္တာဗ်ဴးမ်ားစြာအၿပီးမွာ ခ်မ္ဟာ ဂ်ပန္ႏိုင္ငံက BitTrade ကို ေတြ႕ရိွသြားပါတယ္။

BitTrade ရဲ႕သက္တမ္းက ၂ ႏွစ္ရွိၿပီး ဂ်ပန္ႏို္င္ငံအတြင္း ပုံမွန္လည္ပတ္ေနတဲ့ exchange ၁၆ ခုထဲ တစ္ခုျဖစ္သလုိ အစိုးရေထာက္ခံခ်က္ရရွိထားတဲ့ cryptocurrency ကုန္သြယ္ေရး platform လည္းျဖစ္ပါတယ္။ အဲဒီ exchange မွာ bitcoin, bitcoincash, ripple နဲ႔ litecoin လိုမ်ိဳး ဒီဂ်စ္တယ္ေငြေၾကးစနစ္ေတြကို ကုန္သြယ္ပါတယ္။ ဒါ့အျပင္ ေငြသားကေန ဒီဂ်စ္တယ္ေငြေၾကးနဲ႔ ဒီဂ်စ္တယ္ေငြေၾကးအခ်င္းခ်င္းကိုလည္း လဲလွယ္ေပးပါတယ္။

ခ်မ္အေနနဲ႔ BitTrade ကုိဝယ္ယူဖို႔ ဂ်ပန္စည္းကမ္းထိန္းသိမ္းေရး FSA နဲ႔အတူ အင္တာဗ်ဴးေတြနဲ႔ အဆိုျပဳခ်က္ေတြ ျပဳလုပ္ခဲ့ရပါတယ္။ ဝယ္ယူမႈက ေမလမွာ အၿပီးသတ္ႏိုင္ခဲ့ပါတယ္။ ႏိုင္ငံျခားသားေတြက ဂ်ပန္ exchange တစ္ခုမွာ ရွယ္ယာပုိင္ဆိုင္ေနတာ ေတြ႕ရခဲပါတယ္။ Yahoo Japan ဟာ crypto exchange BitARG မွာ ရွယ္ယာ ၄၀ ရာခိုင္ႏႈန္းပိုင္ဆုိင္ထားတယ္လို႔ သိရပါတယ္။

စင္ကာပူႏိုင္ငံသားျဖစ္တာေၾကာင့္ FSA ဟာ သူ႔ကို ယုံၾကည္လာတယ္လို႔ ခ်မ္က ထင္ပါတယ္။ “ကၽြန္ေတာ္တို႔အေနနဲ႔ လုပ္ငန္းအေပၚ အားထည့္လုပ္ကုိင္ဖို႔ ရည္ရြယ္ထားပါတယ္။ မယုံၾကည္ရတဲ့ ပုံစံမ်ိဳး လုပ္ကုိင္မွာ မဟုတ္ပါဘူး”

ခ်မ္က BitTrade ကိုဝယ္ယူလိုက္တဲ့ သတင္းအေပၚ ေဝဖန္မႈေတြ ရွိပါတယ္။ မေသခ်ာ မေရရာတဲ့ အရာတစ္ခုအေပၚ ပုိက္ဆံေတြ ပုံေအာလိုက္တဲ့အတြက္ ခ်မ္ကို အ႐ူးတစ္ေယာက္ဆိုၿပီး Skeptics က ေခၚဆိုခဲ့ပါတယ္။ ဒါေပမဲ့ အခုဝယ္ယူမႈဟာ အိမ္ယာေျမ ရင္းႏွီးျမႇဳပ္ႏွံမႈ ဒါမွမဟုတ္ ဖြံ႔ၿဖိဳးတည္ေဆာက္မႈနဲ႔ သိပ္မကြာဘူးလို႔ ခ်မ္က ေထာက္ျပေျပာဆုိခဲ့ပါတယ္။ “အိမ္ရာေျမ တည္ေဆာက္ေရး အေပၚ ရင္းႏွီးျမႇဳပ္ႏွံတာနဲ႔တူပါတယ္။ ကၽြန္ေတာ္အတြက္ေတာ့ အတူတူပါပဲ။ အသီး သီးလာဖို႔ အခ်ိန္ယူပါတယ္” သူ႔အေနနဲ႔ crypto လုပ္ငန္းအတြက္ အရဲစြန္႔မႈအေပၚ အခ်ိန္၂ ႏွစ္ သတ္မွတ္ထားတယ္လို႔ ခ်မ္က ေျပာပါတယ္။ ဒါ့အျပင္ သူ႔အေနနဲ႔ မိသားစုရဲ႕ အျပည့္အဝ ေထာက္ခံမႈ ရရွိထားတယ္လို႔ ေျပာခဲ့ပါေသးတယ္။

အနာဂတ္စီမံကိန္း

လက္ရွိမွာ BitTrade ရဲ႕ exchange ဟာ ဂ်ပန္ယန္းေငြပဲ လက္ခံပါေသးတယ္။ ေရွ႕ေလွ်ာက္မွာေတာ့ လုပ္ငန္းကုိ ဂ်ပန္ျပင္ပအထိ တိုးခ်ဲ႕ဖို႔ ခ်မ္က စီစဥ္ထားပါတယ္။ အျခားေငြေၾကးစနစ္ေတြ ပါဝင္လာဖို႔ရည္မွန္းေနၿပီး FSA ရဲ႕ ေထာက္ခံခ်က္ေတြအေပၚ မူတည္ပါတယ္။

စြန္႔ဦးတီထြင္စီးပြားေရးလုပ္ငန္းအတြင္းက ႏွစ္ ၂၀ အေတြ႕အႀကဳံက လုပ္ငန္းသစ္မွာ လမ္းညႊန္သြားလာဖို႔ အေထာက္အကူ ျဖစ္လာမယ္လို႔ ခ်မ္က ယုံၾကပါတယ္။ “စီးပြားေရးလုပ္ငန္းတိုင္းမွာ စြန္႔စားရတဲ့အပုိင္းေတြ ရွိပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္ရဲ႕ စိတ္ကူးစိတ္သန္းကို ယုံၾကည္လက္ခံထားပါတယ္။ အခ်ိန္အတိုင္းအတာ တစ္ခုအထိ ကၽြန္ေတာ္မွားယြင္းတယ္လို႔ သက္ေသမျပႏိုင္မွာ မဟုတ္ပါဘူး”

ဒါေပမဲ့လည္း ခ်မ္အေနနဲ႔ crypto ေလာကမွာ ကာလရွည္ၾကာရွိေနတဲ့ လူေတြေလာက္ အသိပညာမႂကြယ္ဝတာကို ဝန္ခံထားပါတယ္။ သူ႔မွာ အလြန္ႀကီးမားတဲ့ ကြန္ရက္ရွိေနၿပီး နယ္ပယ္တစ္ခုမွာ အေျခထိုင္ေအာင္ ကူညီေပးၾကမယ္လုိ႔ ခ်မ္က ေျပာထားပါတယ္။

ခ်မ္ရဲ႕ လုပ္ငန္းသစ္ဟာ အစပိုင္းကတည္းက စီးပြားေရး အခြင့္အလမ္းေတြ ရရွိေနပါၿပီ။ “လူေတြက ကၽြန္ေတာ္ဆီ ေရာက္လာၿပီး exchange မွာစာရင္းသြင္း ပါဝင္လုိေနၾကပါတယ္” Crypto ေဈးကြက္မွာ ပါဝင္ကံစမ္းလိုသူေတြအတြက္ ခ်မ္က အႀကံေပးခဲ့ပါေသးတယ္။ “ခင္ဗ်ားမ်က္လုံးေတြကို ပိတ္ထားၿပီး မခန္႔မွန္းပါနဲ႔။ ခင္ဗ်ားရဲ႕ ဘ႑ာေရးဆုံးျဖတ္ခ်က္ေတြကို ေထာက္ပံ့မယ့္ တကယ့္ ကိန္းဂဏန္းေတြနဲ႔ အေျခခံအခ်က္ေတြကို အသုံးျပဳဖို႔ လိုပါတယ္”

“ဘဝဆုိတာ ရည္မွန္းခ်က္ေတြေနာက္ လိုက္ရတာျဖစ္ပါတယ္။ တကယ္လို႔ ခင္ဗ်ားရဲ႕ ရည္မွန္းခ်က္ေတြေနာက္ မွန္မွန္ကန္ကန္ လိုက္ႏိုင္ခဲ့ရင္ ေငြေၾကးကေတာ့ အလိုက္သင့္ေလး စီးဆင္းလာမွာ” လို႔ ေငြေၾကးအေပၚ အလြန္အက်ဴး အာ႐ုံစိုက္ေနသူေတြအေပၚ ခ်မ္က သတိေပးခဲ့ပါတယ္။

စုိးထက္
Ref: TechInAsia

[ Unicode ]

စင်ကာပူနိုင်ငံသား စွန့်ဦးတီထွင်လုပ်ငန်းရှင် အဲရစ်ချမ်ဟာ cryptocurrency (ဒီဂျစ်တယ်ငွေကြေးစနစ်) လောကမှာ အကြီးအကျယ် ပါဝင်ဖို့ ဒေါ်လာ သန်း ၅၀ ရရှိအောင် ရှာဖွေခဲ့ပါတယ်။ သူဟာ ကိုယ်ပိုင် ဇိမ်ခံကား ငါးစီးဖြစ်တဲ့ Rolls-Royces နှစ်စီး၊ Lamborghini, Ferrari နဲ့ Porsche တို့ကို ရောင်းချခဲ့တယ်။ ဒါ့အပြင် သူဟာ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ နေအိမ်ကိုရောင်းချခဲ့ပြီး စုဆောင်းထားတဲ့ ငွေကြေးတွေနဲ့ အကျိုးအမြတ်တွေကို စုဆောင်းခဲ့ပါတယ်။

အဲရစ်ချမ်ဟာ အသက် ၄၃ နှစ်အရွယ် အိမ်ခြံမြေ ကုမ္ပဏီ Sevens Group တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချူပ်ဖြစ်ပါတယ်။ အဲရစ်ချမ်အနေနဲ့ ခုနကရရှိတဲ့ငွေကြေးတွေနဲ့ ပြီးခဲ့တဲ့လက ဂျပန်ရဲ့ FX Trande Financial နဲ့ crytopcurrency အသားပေး တွဲဖက်ကုမ္ပဏီ BitTrade ကို ဝယ်ယူလိုက်ပါတယ်။

သူ့အနေနဲ့ နောက်ပြန်လှည့်ဖို့ အစီအစဉ်မရှိပါဘူး။

အခုဝယ်ယူမှုဟာ ချမ်ပြုလုပ်ခဲ့သမျှထဲမှာ အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန် crypto exchange တစ်ခုကို အပြည့်အဝပိုင်ဆိုင်တဲ့ နိုင်ငံခြားသားတစ်ဦးလည်း ဖြစ်လာပါတယ်။

ချမ်ဟာ ဈေးအကြီးဆုံးဖက်ရှင်တွေကို ကြိုက်နှစ်သက်ပြီး သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်တတ်ပါတယ်။

အစောပိုင်းဘဝ

ချမ်ဟာ အောက်ခြေဘဝကနေစတင်ပြီး ကြွယ်ဝချမ်းသာလာသူဖြစ်ပါတယ်။ သူဟာ မိသားစုခြောက်ယောက်ထဲမှာ အကြီးဆုံးသားဖြစ်ပြီး Upper Cross Street လူဆင်းရဲတွေနေထိုင်တဲ့ အိမ်ရာမှာ နေထိုင်ခဲ့ပါတယ်။ သူ့ရဲ့မိခင်ကတော့ အိမ်အကူဖြစ်ပြီး ဖခင်ကတော့ အစားအသောက်၊ ဖျော်ရည်ယမကာနဲ့ လုံခြုံရေးကဏ္ဍအမျိုးမျိုးက အလုပ်အကိုင်တွေ လုပ်ကိုင်ပါတယ်။

ချမ်ရဲ့ လူငယ်ဘဝ နေ့ရက်တွေက မတောက်ပြောင်ခဲ့ပါဘူး။ ၁၉၉၄ ခုနှစ်မှာ ကွန်ပျူတာဘာသာရပ်နဲ့ ဒီပလိုမာရရှိပြီးနောက်မှာ ချမ်အနေနဲ့ စစ်တပ်မှာ နှစ်နှစ်တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ နောက်တော့ ကော်ပိုရိတ်လောကထဲဝင်ရောက်ပြီး စင်ကာပူလေကြောင်းလိုင်းမှာ လေယာဉ်မောင် အဖြစ် စတင်လုပ်ကိုင်ခဲ့ပါတယ်။ ချမ်အနေနဲ့ အခြားလူအများစုလိုပဲ အလုပ်အသစ်မှာ အသားကျသွားပြီးတဲ့နောက် သက်သောင့်သက်သာဖြစ်လာတယ်လို့ သူကပြောကြားခဲ့ပါတယ်။

နှစ်အတန်ကြာ ကုန်လွန်သွားပြီးတဲ့နောက် ၂၀၀၂ ခုနှစ်မှာတော့ သူဟာ ငြီးငွေ့မှုကို စတင်ခံစားလာရပါတယ်။ လေယာဉ်ပေါ်မှာ ဆုံတွေ့ခဲ့တဲ့ ဘုန်းကြီးတစ်ပါးက သူဟာ ဘဝမှာ ကြီးမြတ်တဲ့အရာတွေ ရယူအောင်မြင်ဖို့ ဖြစ်တယ်လို့ ပြောသွားပါတယ်။ ဒါကြောင့် ချမ်အနေနဲ့ လေယာဉ်မောင် အလုပ်ကနုတ်ထွက်ဖို့ ခွန်အားတွေ စုစည်းနိုင်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ သူဟာ အိမ်ခြံမြေပွဲစားတစ်ဦးနဲ့ အသိအကျွမ်းဖြစ်ခဲ့ပြီး အိမ်ခြံမြေလုပ်ငန်းထဲ ဝင်ရောက်ဖို့ စည်းရုံးခဲ့ပါတယ်။

“ကျွန်တော့်ဘဝမှာ အပြောင်းအလဲပြုလုပ်ဖို့ လိုအပ်နေတာပါ။ သက်သောင့်သက်သာဖြစ်နေတဲ့ ဇုန်ထဲက ထွက်လာဖို့ပါ” လို့ ချမ်ကပြောခဲ့ပါတယ်။

ဆက်လက်ပြီး “လေယာဉ်အကြီးစားတစ်စီးပေါ်မှာ ထိုင်ခုံ ၃၀၀ ကျော်ပါဝင်တယ်။ ကျွန်တော်က ဒီလူအရေအတွက်ကိုပဲ အလုပ်အကျွေးပြုရင်း သတ်မှတ်ထားတဲ့ ဝင်ငွေကို အိမ်ကို ယူသွားတာဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော်က အေးဂျင့်တစ်ယောက်အနေနဲ့ ဒီလူအရေအတွက်နဲ့ စကားပြောရရင် ကျွန်တော် တွက်ချက်ထားတာထက်ပိုပြီး ပိုက်ဆံများများ ရှာနိုင်မယ်လို့ တွေးမိပါတယ်။ ဒါနဲ့ပဲ ကျွန်တော် အလုပ်ကထွက်ပြီး အိမ်ခြံမြေလုပ်ငန်းထဲ ဝင်ရောက်လိုက်ပါတယ်”

ချမ်ရဲ့ ရွေးချယ်မှုဟာ မှန်ကန်ခဲ့ပြီး စင်ကာပူရဲ့အိမ်ခြံမြေလုပ်ငန်း စျေးကွက်ကည်း မြင့်တက်ခဲ့ပါတယ်။ ချမ်က အိမ်ခြံမြေအေးဂျင့်ကုမ္ပဏီ ProNex မှာ လုပ်ကိုင်ခဲ့ပါတယ်။ သူ့ရဲ့အဆက်အသွယ် အေးဂျင့်တွေဟာ တစ်ကြိမ်မှာ ဦးရေ ၁,၈၀၀ အထိ ရှိလာပါတယ်။ နောက်ပိုင်းမှာ သူ့အနေနဲ့ ငွေကြေးများစွာရရှိဖို့ အိမ်ခြံမြေဝယ်ရောင်း ပြုလုပ်ခဲ့ပါတယ်။

ချမ်ရဲ့ အဆက်အသွယ်ကွန်ရက်ဟာ ကြီးမားလာပြီး အရွယ်အစားအတော်အတန်ကြီးတဲ့ ရွှေအိုးကို စုဆောင်းမိလာပါပြီ။ ၂၀၁၅ ခုနှစ်မှာ အိမ်ခြံမြေအကောင်အထည်ဖော်ရေး ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး အဆောက်အအုံတွေ စတင်တည်ဆောက်ခဲ့သလို လူနေအိမ်တွေလည်း ရောင်းချခဲ့ပါတယ်။

အိမ်ခြံမြေကနေ cryptocurrency လောကသို့

အခုအခါမှာတော့ ချမ်ဟာ ၂၁ နှစ်အရွယ် ဇနီးနဲ့အတူ အသက် ၁၂ နှစ်နဲ့ ၁၀ နှစ် သားနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ချမ်ရဲ့ Sevens Group ဟာ မြေယာရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ရ၅ သန်းကျော်ရှိပါတယ်။

အဲရစ်ချမ်တစ်ယောက် cryptocurrency လောကထဲ ဘယ်လိုရောက်လာသလဲ။

ချမ်ရဲ့ စီးပွားဖက်တစ်ဦးက cryptocurrency ကိုမိတ်ဆက်ခဲ့အပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ စတင်စူးစမ်းခဲ့ပါတယ်။ သူ့အနေနဲ့ crypto လောကအတွင်းမှာ အပြင်းထန်ဆုံး စိတ်ကူးတွေကို ထွက်တတ်တဲ့ အကောင်းအမြင်ဆုံး နည်းပညာပညာရှင်တွေကို မြင်တွေ့ခဲ့ပါတယ်။

Cryptocurrency ရဲ့ လစဉ် မခန့်မှန်းနိုင်တဲ့အယူအဆကို ချမ်သဘောကျသွားပါတယ်။ သူ့အနေနဲ့ cryptocurrency လုပ်ငန်းကို ဆက်လက်သင်ယူခဲ့ပြီး အဲဒီလောကထဲ ဝင်ရောက်လိုလာပါတယ်။ သူ့အနေနဲ့ crypto exchange တွေကို စိတ်ဝင်စားလာပြီး ထိပ်တန်းနေရာရယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။

“Crypto လုပ်ငန်းမှာ အလွှာအများကြီးရှိပါတယ်။ အိမ်ခြံမြေလုပ်ငန်းနဲ့ အတူတူပါပဲ။ Crypto mining, ICOs အပြင် အကြံပေးမှု၊ ကုန်သွယ်မှုနဲ့ exchange တွေရှိပါတယ်။ အိမ်ရာမြေဆိုရင် သဲထောက်ပံ့ရေး၊ တည်ဆောက်ရေး ကုမ္ပဏီတွေ၊ အိမ်ခြံမြေအေးဂျင့်တွေနဲ့ အိမ်ရာတည်ဆောက်သူတွေရှိပါတယ်”

ချမ်ဟာ ကုန်သွယ်ရေး platform ကိုဝယ်ယူဖို့ တောင်ကိုရီးယား၊ ဖိလစ်ပိုင်နဲ့ ထိုင်ဝမ်က crypto exchange စုစုပေါင်း ၉ ခုဆီ သွားရောက်လေ့လာ လည်ပတ်ခဲ့ပါတယ်။ အင်တာဗျူးများစွာအပြီးမှာ ချမ်ဟာ ဂျပန်နိုင်ငံက BitTrade ကို တွေ့ရှိသွားပါတယ်။

BitTrade ရဲ့သက်တမ်းက ၂ နှစ်ရှိပြီး ဂျပန်နို်င်ငံအတွင်း ပုံမှန်လည်ပတ်နေတဲ့ exchange ၁၆ ခုထဲ တစ်ခုဖြစ်သလို အစိုးရထောက်ခံချက်ရရှိထားတဲ့ cryptocurrency ကုန်သွယ်ရေး platform လည်းဖြစ်ပါတယ်။ အဲဒီ exchange မှာ bitcoin, bitcoincash, ripple နဲ့ litecoin လိုမျိုး ဒီဂျစ်တယ်ငွေကြေးစနစ်တွေကို ကုန်သွယ်ပါတယ်။ ဒါ့အပြင် ငွေသားကနေ ဒီဂျစ်တယ်ငွေကြေးနဲ့ ဒီဂျစ်တယ်ငွေကြေးအချင်းချင်းကိုလည်း လဲလှယ်ပေးပါတယ်။

ချမ်အနေနဲ့ BitTrade ကိုဝယ်ယူဖို့ ဂျပန်စည်းကမ်းထိန်းသိမ်းရေး FSA နဲ့အတူ အင်တာဗျူးတွေနဲ့ အဆိုပြုချက်တွေ ပြုလုပ်ခဲ့ရပါတယ်။ ဝယ်ယူမှုက မေလမှာ အပြီးသတ်နိုင်ခဲ့ပါတယ်။ နိုင်ငံခြားသားတွေက ဂျပန် exchange တစ်ခုမှာ ရှယ်ယာပိုင်ဆိုင်နေတာ တွေ့ရခဲပါတယ်။ Yahoo Japan ဟာ crypto exchange BitARG မှာ ရှယ်ယာ ၄၀ ရာခိုင်နှုန်းပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

စင်ကာပူနိုင်ငံသားဖြစ်တာကြောင့် FSA ဟာ သူ့ကို ယုံကြည်လာတယ်လို့ ချမ်က ထင်ပါတယ်။ “ကျွန်တော်တို့အနေနဲ့ လုပ်ငန်းအပေါ် အားထည့်လုပ်ကိုင်ဖို့ ရည်ရွယ်ထားပါတယ်။ မယုံကြည်ရတဲ့ ပုံစံမျိုး လုပ်ကိုင်မှာ မဟုတ်ပါဘူး”

ချမ်က BitTrade ကိုဝယ်ယူလိုက်တဲ့ သတင်းအပေါ် ဝေဖန်မှုတွေ ရှိပါတယ်။ မသေချာ မရေရာတဲ့ အရာတစ်ခုအပေါ် ပိုက်ဆံတွေ ပုံအောလိုက်တဲ့အတွက် ချမ်ကို အရူးတစ်ယောက်ဆိုပြီး Skeptics က ခေါ်ဆိုခဲ့ပါတယ်။ ဒါပေမဲ့ အခုဝယ်ယူမှုဟာ အိမ်ယာမြေ ရင်းနှီးမြှုပ်နှံမှု ဒါမှမဟုတ် ဖွံ့ဖြိုးတည်ဆောက်မှုနဲ့ သိပ်မကွာဘူးလို့ ချမ်က ထောက်ပြပြောဆိုခဲ့ပါတယ်။ “အိမ်ရာမြေ တည်ဆောက်ရေး အပေါ် ရင်းနှီးမြှုပ်နှံတာနဲ့တူပါတယ်။ ကျွန်တော်အတွက်တော့ အတူတူပါပဲ။ အသီး သီးလာဖို့ အချိန်ယူပါတယ်” သူ့အနေနဲ့ crypto လုပ်ငန်းအတွက် အရဲစွန့်မှုအပေါ် အချိန်၂ နှစ် သတ်မှတ်ထားတယ်လို့ ချမ်က ပြောပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ မိသားစုရဲ့ အပြည့်အဝ ထောက်ခံမှု ရရှိထားတယ်လို့ ပြောခဲ့ပါသေးတယ်။

အနာဂတ်စီမံကိန်း

လက်ရှိမှာ BitTrade ရဲ့ exchange ဟာ ဂျပန်ယန်းငွေပဲ လက်ခံပါသေးတယ်။ ရှေ့လျှောက်မှာတော့ လုပ်ငန်းကို ဂျပန်ပြင်ပအထိ တိုးချဲ့ဖို့ ချမ်က စီစဉ်ထားပါတယ်။ အခြားငွေကြေးစနစ်တွေ ပါဝင်လာဖို့ရည်မှန်းနေပြီး FSA ရဲ့ ထောက်ခံချက်တွေအပေါ် မူတည်ပါတယ်။

စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းအတွင်းက နှစ် ၂၀ အတွေ့အကြုံက လုပ်ငန်းသစ်မှာ လမ်းညွှန်သွားလာဖို့ အထောက်အကူ ဖြစ်လာမယ်လို့ ချမ်က ယုံကြပါတယ်။ “စီးပွားရေးလုပ်ငန်းတိုင်းမှာ စွန့်စားရတဲ့အပိုင်းတွေ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်ရဲ့ စိတ်ကူးစိတ်သန်းကို ယုံကြည်လက်ခံထားပါတယ်။ အချိန်အတိုင်းအတာ တစ်ခုအထိ ကျွန်တော်မှားယွင်းတယ်လို့ သက်သေမပြနိုင်မှာ မဟုတ်ပါဘူး”

ဒါပေမဲ့လည်း ချမ်အနေနဲ့ crypto လောကမှာ ကာလရှည်ကြာရှိနေတဲ့ လူတွေလောက် အသိပညာမကြွယ်ဝတာကို ဝန်ခံထားပါတယ်။ သူ့မှာ အလွန်ကြီးမားတဲ့ ကွန်ရက်ရှိနေပြီး နယ်ပယ်တစ်ခုမှာ အခြေထိုင်အောင် ကူညီပေးကြမယ်လို့ ချမ်က ပြောထားပါတယ်။

ချမ်ရဲ့ လုပ်ငန်းသစ်ဟာ အစပိုင်းကတည်းက စီးပွားရေး အခွင့်အလမ်းတွေ ရရှိနေပါပြီ။ “လူတွေက ကျွန်တော်ဆီ ရောက်လာပြီး exchange မှာစာရင်းသွင်း ပါဝင်လိုနေကြပါတယ်” Crypto ဈေးကွက်မှာ ပါဝင်ကံစမ်းလိုသူတွေအတွက် ချမ်က အကြံပေးခဲ့ပါသေးတယ်။ “ခင်ဗျားမျက်လုံးတွေကို ပိတ်ထားပြီး မခန့်မှန်းပါနဲ့။ ခင်ဗျားရဲ့ ဘဏ္ဍာရေးဆုံးဖြတ်ချက်တွေကို ထောက်ပံ့မယ့် တကယ့် ကိန်းဂဏန်းတွေနဲ့ အခြေခံအချက်တွေကို အသုံးပြုဖို့ လိုပါတယ်”

“ဘဝဆိုတာ ရည်မှန်းချက်တွေနောက် လိုက်ရတာဖြစ်ပါတယ်။ တကယ်လို့ ခင်ဗျားရဲ့ ရည်မှန်းချက်တွေနောက် မှန်မှန်ကန်ကန် လိုက်နိုင်ခဲ့ရင် ငွေကြေးကတော့ အလိုက်သင့်လေး စီးဆင်းလာမှာ” လို့ ငွေကြေးအပေါ် အလွန်အကျူး အာရုံစိုက်နေသူတွေအပေါ် ချမ်က သတိပေးခဲ့ပါတယ်။

စိုးထက်
Ref: TechInAsia