December 12, 2017

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ သင်တန်းလျှောက်လွှာခေါ်ယူ

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဖွင့်လှစ်ထားတဲ့ Hospitality and Catering Training Academy မှ Certificate in Hotel Operation နဲ့ Certificate in Culinary Arts အမှတ်စဉ် ၆ သင်တန်းအတွက် သင်တန်းသားများခေါ် ယူလျက်ရှိပါတယ်။

သင်တန်းတွေ ကို ဇန်န၀ါရီလ ပထမအပတ်မှာ စတ်ဖွင့်လှစ်မှာ ဖြစ်ပြီး ပြည်တွင်းပြည်က ပညာရှင်တွေနဲ့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း မှာ တာဝန်ထမ်းဆောင် ခဲ့သော အတွေ့အကြုံရှိတဲ့ ကျွမ်းကျင်သူ ပညာရှင်တွေ က ASEAN Cometency သင်ရိုးညွှန်းတမ်း အတိုင်းသင်ကြားပေးသွားမှာဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ အသက် ၁၈ နှစ်မှ ၂၅ နှစ် အတွင်း ရှိသူ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ၊ တက္ကသိုလ် တက်ရောက်ဆဲနဲ့ ဘွဲ့ရရှိပြီးသူတွေ လျှောက်ထားနိုင်ပါတယ်။

လျှောက်လွှာတွေကို လျှောက်ထားသူကိုယ်တိုင် လက်ရေးနဲ့ ရေးသားရမှာဖြစ်ပြီး နိုဝင်ဘာလ ၃၀ ရက် နောက်ဆုံးထား ပေးပို့ရမှာ ဖြစ်ပါတယ်။

သင်တန်းလျှောက်လွှာတွေကို နိုဝင်ဘာလ ၁ ရက်မှ စတင်ကာ Hospitality and Catering Training Academy , N51၊ မကျီးကန်ကျေးရွာ၊ ကော့မှူးမြို့ ရန်ကုန်တိုင်းဒေသကြီး ဖုန်း-၀၉၂၅၀၈၀၇၀၅၅၊ ၀၉၂၅၁၀၃၄၅၆၆ နဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ အခန်းအမှတ် (၀၀၄၊၀၀၆) Inya Lake Hotel ရန်ကုန်မြို့။ ဖုန်း-၀၉၂၅၄၃၈၉၉၅၉ မှာ ရယူလျှောက်ထားနိုင်ပါတယ်။

-သန္တာ