တောင်ကိုရီးယားမှာ ပထမဆုံး အရောင်းပြခန်း ဖွင့်လှစ်လိုက်တဲ့ Tesla

လျှပ်စစ်ကားကုမ္ပဏီ Tesla ဟာ တောင်ကိုရီးယားမှာ ကုမ္ပဏီရဲ့ပထမဆုံး အရောင်းပြခန်းကို ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။

ဒုတိယမြောက် Seoul showroom ကိုတော့ သောကြာနေ့မှာ ဖွင့်လှစ်သွားမယ်လို့ Korea Herald က ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ အရောင်းပြခန်းမှာ ကားတွေကို ဝယ်ယူနိုင်ဦးမှာ မဟုတ်ဘဲ တောင်ကိုရီးယားမှာ ပထမဆုံး စတင်ရောင်းချမယ့် Model S 90D မော်ဒယ်ကိုသာ ကြည့်ရှုလေ့လာနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ Tesla ရဲ့ minivan ဖြစ်တဲ့ Model X ကိုတော့ နောက်ပိုင်းမှာ ရောင်းချသွားမယ်လို့ သိရပါတယ်။

Elon Musk ရဲ့ ကုမ္ပဏီအနေနဲ့ ကားစတင်ရောင်းချမယ့် ဇွန်လမှာ အားသွင်းစင်တာ ၆ ခု အသင့်ဖြစ်နေစေဖို့ ရည်မှန်းထားပါတယ်။ နှစ်ကုန်ပိုင်းမှာတော့ နိုင်ငံတစ်ဝန်း အားသွင်းစင်တာ ၂၅ ခုအထိ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Ref: TechInAsia