June 23, 2018

ေဈးသက္သာတဲ့ ပထမဆံုး Android Oreo (Go edition) ဖုန္းေတြနဲ႔ Android One ဟန္းဆက္ေတြကို MWC တြင္ ျပသသြားမည္

[ Zawgyi ]

Google ဟာ လာမယ့္တစ္ပတ္မွာ ျပဳလုပ္မယ့္ MWC ျပပြဲမွာ Android Oreo (Go edition) ပါဝင္တဲ့ ပထမဆုံးစမတ္ဖုန္းေတြကို ထုတ္ေဖာ္မိတ္ဆက္မယ္လို႔ သိရပါတယ္။ အသစ္ထြက္ရွိမယ့္ ထုတ္ကုန္ေတြနဲ႔ ပတ္သက္ၿပီး Google က နာမည္မထုတ္ျပန္ခဲ့ေပမယ့္ ေဈးႏႈန္းက ေဒၚလာ ၅၀ က်သင့္မယ္လို႔ ေျပာၾကားထားပါတယ္။

Android Oreo (Go edition) ဟာ တန္ဖိုးနည္းထုတ္ကုန္ေတြမွာ ပါဝင္တဲ့ OS တစ္မ်ိဳးျဖစ္ပါတယ္။ အဲဒီ Android စနစ္မွာ default app ေတြနဲ႔ lighweight app ေတြကုိ အသားေပးေဖာ္ျပတဲ့ Play Store လည္း ပါဝင္လာမွာ ျဖစ္ပါတယ္။ တန္ဖိုးနည္းဖုန္းေတြမွာ app စြမ္းေဆာင္ရည္ကို ၁၅ ရာခိုင္ႏႈန္း ျမန္ဆန္ေအာင္ ျပဳလုပ္ေပးထားၿပီး OS နဲ႔ built-in app ေတြက storage ရဲ႕ ၅၀ ရာခိုင္ႏႈန္း ေအာက္သာေနရာ ယူတဲ့အတြက္ storage ႏွစ္ဆပိုမိုမွာျဖစ္တယ္လို႔ Google ကေျပာပါတယ္။

ဖုန္းမွာ RAM 1GB နဲ႔ storage 8GB ပါဝင္လာႏိုင္ဖြယ္ရွိပါတယ္။ အဲဒီစမတ္ဖုန္းဟာ အရည္အေသြးျမင့္ အေတြ႕အႀကဳံကုိ ေပးစြမ္းႏိုင္မယ္လို႔ Google ကေျပာခဲ့ပါတယ္။ Android One အစီအစဥ္ (အလယ္အလတ္တန္းစား ထုတ္ကုန္ေတြအေပၚ အာ႐ုံစိုက္တဲ့ အစီအစဥ္) ကို အခုအခါ စတင္လုပ္ေဆာင္ေနၿပီး Xiaomi ရဲ႕ Mi A1 ကို ထုတ္လုပ္ခဲ့ပါတယ္။ MWC ျပပြဲမွာ Google နဲ႔ပူးေပါင္းထားတဲ့ ကုမၸဏီတခ်ိဳ႕က Android One ထုတ္ကုန္သစ္ေတြကို မိတ္ဆက္သြားမယ္လုိ႔ သိရပါတယ္။ လာမယ့္အပတ္မွာ ျပဳလုပ္မယ့္ MWC ျပပြဲမွာ Android အသုံးျပဳထားတဲ့ ဖုန္းေတြကို ပိုမုိျမင္ေတြ႕လာရႏိုင္ပါတယ္။

Android One စမတ္ဖုန္းေတြဟာ ႏွစ္ႏွစ္အတြင္း OS update ေတြအျမန္ဆုံး ရရွိေနပါတယ္။ Android One အစီအစဥ္မွာ Google ရဲ႕ AI တီထြင္ဆန္းသစ္မႈပါဝင္သလို သုံးႏွစ္တုိင္ လုံၿခဳံေရး update ေတြလည္း ျဖန္႔ခ်ိေပးခဲ့ပါတယ္။

စိုးထက္
Ref: GSMArena

===================

[ Unicode ]

ဈေးသက်သာတဲ့ ပထမဆုံး Android Oreo (Go edition) ဖုန်းတွေနဲ့ Android One ဟန်းဆက်တွေကို MWC တွင် ပြသသွားမည်

===================

Google ဟာ လာမယ့်တစ်ပတ်မှာ ပြုလုပ်မယ့် MWC ပြပွဲမှာ Android Oreo (Go edition) ပါဝင်တဲ့ ပထမဆုံးစမတ်ဖုန်းတွေကို ထုတ်ဖော်မိတ်ဆက်မယ်လို့ သိရပါတယ်။ အသစ်ထွက်ရှိမယ့် ထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး Google က နာမည်မထုတ်ပြန်ခဲ့ပေမယ့် ဈေးနှုန်းက ဒေါ်လာ ၅၀ ကျသင့်မယ်လို့ ပြောကြားထားပါတယ်။

Android Oreo (Go edition) ဟာ တန်ဖိုးနည်းထုတ်ကုန်တွေမှာ ပါဝင်တဲ့ OS တစ်မျိုးဖြစ်ပါတယ်။ အဲဒီ Android စနစ်မှာ default app တွေနဲ့ lighweight app တွေကို အသားပေးဖော်ပြတဲ့ Play Store လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ တန်ဖိုးနည်းဖုန်းတွေမှာ app စွမ်းဆောင်ရည်ကို ၁၅ ရာခိုင်နှုန်း မြန်ဆန်အောင် ပြုလုပ်ပေးထားပြီး OS နဲ့ built-in app တွေက storage ရဲ့ ၅၀ ရာခိုင်နှုန်း အောက်သာနေရာ ယူတဲ့အတွက် storage နှစ်ဆပိုမိုမှာဖြစ်တယ်လို့ Google ကပြောပါတယ်။

ဖုန်းမှာ RAM 1GB နဲ့ storage 8GB ပါဝင်လာနိုင်ဖွယ်ရှိပါတယ်။ အဲဒီစမတ်ဖုန်းဟာ အရည်အသွေးမြင့် အတွေ့အကြုံကို ပေးစွမ်းနိုင်မယ်လို့ Google ကပြောခဲ့ပါတယ်။ Android One အစီအစဉ် (အလယ်အလတ်တန်းစား ထုတ်ကုန်တွေအပေါ် အာရုံစိုက်တဲ့ အစီအစဉ်) ကို အခုအခါ စတင်လုပ်ဆောင်နေပြီး Xiaomi ရဲ့ Mi A1 ကို ထုတ်လုပ်ခဲ့ပါတယ်။ MWC ပြပွဲမှာ Google နဲ့ပူးပေါင်းထားတဲ့ ကုမ္ပဏီတချို့က Android One ထုတ်ကုန်သစ်တွေကို မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ လာမယ့်အပတ်မှာ ပြုလုပ်မယ့် MWC ပြပွဲမှာ Android အသုံးပြုထားတဲ့ ဖုန်းတွေကို ပိုမိုမြင်တွေ့လာရနိုင်ပါတယ်။

Android One စမတ်ဖုန်းတွေဟာ နှစ်နှစ်အတွင်း OS update တွေအမြန်ဆုံး ရရှိနေပါတယ်။ Android One အစီအစဉ်မှာ Google ရဲ့ AI တီထွင်ဆန်းသစ်မှုပါဝင်သလို သုံးနှစ်တိုင် လုံခြုံရေး update တွေလည်း ဖြန့်ချိပေးခဲ့ပါတယ်။

စိုးထက်
Ref: GSMArena