November 19, 2017

ဈေးသက်သာပြီး dual-SIM နဲ့သုံးနိုင်မယ့် Nokia 105 နဲ့ 130 ထွက်ရှိလာ

Nokia 105 နဲ့ Nokia 130 လို့ခေါ်တဲ့ feature ဖုန်းနှစ်မျိုးကို Nokia က မိတ်ဆက်ကြေညာလိုက်ပါတယ်။ ဒီဖုန်းနှစ်မျိုးမှာ Nokia S30+ platform ကိုသုံးထားပြီး single-SIM, dual-SIM ဗားရှင်းတွေနဲ့ ရရှိနိုင်ပါတယ်။

Nokia 105

Nokia 105 ဟာ အရင်မော်ဒယ်နဲ့ အလွန်ဆင်တူပြီး အရွယ်ပိုကြီးတဲ့ ၁.၈ လက်မ display ကို အသုံးပြုထားပါတယ်။ ဘက်ထရီက 800mAh ဖြစ်ပြီး ၁၅ နာရီကြာ ဖုန်းပြောနိုင်ကာ Stand by အနေနဲ့ သုံးမယ်ဆိုရင် တစ်လအကြာ သုံးနိုင်ပါတယ်။ FM ရေဒီယိုပါဝင်ပေမယ့် 2G ကွန်ရက်နဲ့ပဲ သုံးနိုင်ပြီး Single-SIm မော်ဒယ်က ၁၄.၅ ဒေါ်လာနဲ့ dual-SIM က ၁၅ ဒေါ်လာဖြစ်ပါတယ်။

Nokia 130

Nokia 130 မှာတော့ ၁.၈ လက်မ display နဲ့ 8MB storage ပါဝင်ပြီး MicroSD card ကနေတစ်ဆင့် storage ကို 32GB အထိ တိုးမြှင့်နိုင်ပါတယ်။ ကျောဘက်မှာ ကင်မရာပါဝင်တာကြောင့် ဗီဒီယိုရိုက်ကူးနိုင်သလို Bluetooth အထောက်အပံ့လည်း ပါဝင်ပါတယ်။ ဘက်ထရီက 1,020mAh ဖြစ်ပြီး ဗီဒီယိုကြည့်မယ်ဆိုရင် ၁၁.၅ နာရီကြာ သုံးနိုင်ပါတယ်။ FM ရေဒီယိုနားထောင်မယ်ဆိုရင်တော့ ၄၄.၅ နာရီကြာ သုံးနိုင်ပါတယ်။ တန်ဖိုးက ၂၁.၅ ဒေါ်လာပါ။

-နောင်နောင်
Ref: GSMArena