August 22, 2017

ကျောင်းတတ်ရင်းဂျပန်နိုင်ငံမှာ အလုပ်သင်အဖြစ်သွားရောက်လုပ်ကိုင်နိုင်မယ့်အခွင့်အလမ်းတွေနဲ့ ပတ်သက်တဲ့ဆွေးနွေးပွဲပြုလုပ်

လူငယ်တွေဖွံ့ဖြိုး တိုးတက်စေဖို့ရည်ရွယ်ပြီး နေ့စဉ်နဲ့အမျှ တိုးတက် ပြောင်းလဲလာတဲ့ အဆင့် မြင့်ပညာရေးအကြောင်း၊ ဟိုတယ်ခရီး သွားလာရေးလုပ်ငန်းတွေနဲ့ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု ဘာသာရပ်တွေအကြောင်းအပြင် ဂျပန်နိုင်ငံမှာ အလုပ်သင်အဖြစ် သွားရောက် လုပ်ကိုင်နိုင်မယ့် အခွင့်အလမ်းများအကြောင်း ဆွေးနွေးပွဲကို ဇွန်လ ၁၇ရက်က Sule Shangrila ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ Temasek International College မှ “ International Conference for Business Management, Hospitality & Tourism Management, Higher Education & Youth Development” ခေါင်းစဉ်နဲ့ ဆွေးနွေးဟောပြောသွားခဲ့ပြီး ဆွေးနွေးပွဲကို စိတ်ဝင်စားတဲ့ ကျောင်းသားလူငယ် အများအပြား တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

-ဝေဝေ