June 25, 2017

အမေရိကန်နိုင်ငံ၏ YSEALI Professional Fellowship program သို့ လျှောက်ထားနိုင်

အမေရိကန်နိုင်ငံရဲ့ YSEALI Professional Fellowship Program ကို အောက်တိုဘာလ ၁ ရက် ကနေ နိုဝင်ဘာ ၁၇ ရက်အထိ တစ်လဖွင့်လှစ်မယ်လို့ ကုန်သည်စက်မှုအသင်းချုပ်မှ ထုတ်ပြန်ထားပါတယ်။

Program လျှောက်ထားလိုတဲ့ အဖွဲ့ဝင်တွေကတော့ စီးပွားရေးနယ်ပယ်၊ လူမူဆက်ဆံရေးနဲ့ စွန့်ဦးတီထွင်အဖွဲ့အစည်းများ၊ NGOများ၊ တက္ကသိုလ်များနဲ့ ခရီးသွားလုပ်ငန်းကဏ္ဍက ဆက်စပ်ပုဂ္ဂိုလ်တွေ လျှောက်ထားနိုင်ပြီး အသက် ၂၅-၃၅ နှစ်အတွင်း ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံသားတွေအတွက် ခေါ်ယူတာ ဖြစ်ပါတယ်။

လျှောက်ထားသူဟာ အင်္ဂလိပ်စကား ကျွမ်းကျင်စွာပြောဆိုနိုင်သူ အမေရိကန်တွင် full time အဖြစ်အလုပ်လုပ်နိုင်သူ အမေရိကန်နဲ့ မိမိ တိုင်းပြည်အကြား ဆက်သွယ်ရာတွင် အပြန်အလှန်ပူးပေါင်း ပါဝင်ချင်စိတ်ရှိသူ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး(၂) နှစ်ရှိသူ ခေါင်ဆောင်နိုင်စွမ်းနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း အရည်အချင်းရှိသူ ဖြစ်ရပါမယ်။

စိတ်ပါဝင်စား၍ လျှောက်ထားလိုသူများသည် ဧပြီလ ၇ ရက်နေ့တွင် http://bit.ly/1eyPPao သို့ နောက်ဆုံးထားလျှောက်ထားနိုင်ပြီး၊ အသေးစိတ်ကို http://bit.ly/1e4X14P မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

//ambient pc code