June 25, 2017

အမေရိကန်မှာ အရွယ်ရောက်ပြီးသူ ၈၅ ရာခိုင်နှုန်းက မိုဘိုင်းထုတ်ကုန်နဲ့ သတင်းဖတ်ရှုဟုဆို

ပြီးခဲ့တဲ့အပတ်က ဖြန့်ချိခဲ့တဲ့ Pew စစ်တမ်းတစ်ခုမှာ အမေရိကန်နိုင်ငံက အရွယ်ရောက်ပြီးသူ ၈၅ ရာခိုင်နှုန်းဟာ မိုဘိုင်းထုတ်ကုန်နဲ့ သတင်းတွေကို ဖတ်ရှုကြတယ်လို့ ဖော်ပြထားပါတယ်။ မိုဘိုင်းဖုန်းနဲ့ အရွယ်ရောက်ပြီး သတင်းဖတ်ရှုသူအရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်က ၇၂ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ၅၄ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။

အံ့အားသင့်စရာအကောင်းဆုံးက အသက်အရွယ်ကြီးတဲ့ အမေရိကန်နိုင်ငံသားတွေကလည်း မိုဘိုင်းထုတ်ကုန်တွေအသုံးပြုပြီး သတင်းတွေ ဖတ်နေကြတာပါ။ အသက် ၆၅ နှစ်ကျော်အရွယ်ရှိတဲ့ ၆၇ ရာခိုင်နှုန်းဟာ သတင်းတွေကို ဖုန်း ဒါမှမဟုတ် tablet သုံးပြီး ဖတ်နေကြတယ်လို့ Pew စစ်တမ်းမှာ ဖော်ပြထားပါတယ်။ အဲဒီကိန်းဂဏန်းဟာ ပြီးခဲ့တဲ့နှစ်က ၄၃ ရာခိုင်နှုန်းနဲ့ ၂၀၁၃ ခုနှစ်က ၂၂ ရာခိုင်နှုန်းသာရှိရာကနေ တစ်ဟုန်ထိုး တိုးတက်လာတာ ဖြစ်ပါတယ်။

အသက် ၅၀ ကနေ ၆၄ နှစ်အထိ တိုးတက်မှုနှုန်းက သိပ်မကွာခြားဘူးလို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ အသက် ၅၀ အောက် စာဖတ်သူအတွက် တိုးတက်မှုနှုန်းက အခြားကိန်းဂဏန်းယှဉ်ရင် နည်းပေမယ့် တိုးတက်မှုက မြင့်ပြီးသားဖြစ်ပါတယ်။ အသက် ၄၉ နှစ်အရွယ် အမေရိကန်နိုင်ငံသား ၉၄ ရာခိုင်နှုန်းကလည်း မိုဘိုင်းဖုန်းတွေကိုသုံးပြီး သတင်းတွေဖတ်နေပါပြီ။

မိုဘိုင်းထုတ်ကုန်တွေနဲ့ မီဒီယာစားသုံးမှု အရွယ်အမျိုးမျိုး များပြားလာတာကြောင့် မီဒီယာနဲ့ ကြော်ငြာလုပ်ငန်းတွေ အပြောင်းအလဲတွေ ဆက်ဖြစ်ပေါ်နိုင်ပါတယ်။ ဒီနှစ်မှာ မိုဘိုင်း platforom တွေရဲ့ ကြော်ငြာအတွက် ငွေသုံးစွဲမှုက desktop ကြော်ငြာတွေကို ပထမဆုံးအကြိမ်အဖြစ် ကျော်တက်သွားခဲ့တယ်လို့ သိရပါတယ်။

စိုးထက်
Ref: Fortune

//ambient pc code