September 24, 2017

အမေရိကန်ပညာသင်ဆု ပေးအပ်ခြင်းခံခဲ့ရတဲ့ Connect Institute မှကျောင်းသူ မခင်သန္တာစိုးရဲ့ Student Life

 

အမေရိကန်ပညာသင်ဆု ပေးအပ်ခြင်းခံခဲ့ရတဲ့ Connect Institute မှ ကျောင်းသူ မခင်သန္တာစိုး၏ Student Life ကို ဖော်ပြပေးလိုက်ပါတယ်။

ညီမနာမည် ခင်သန္တာစိုးပါ၊ Connect Institute မှာ ဒုတိယနှစ်တက်ရောက်နေတဲ့ကျောင်းသူဖြစ်ပါတယ်။ ညီမက အမေရိကားမှာကျောင်းသွားတက်ချင်တာပါ၊ အမေရိကားပညာရေးက ဒုတိယနှစ်အထိ နယ်ပယ်အစုံက ဘာသာရပ်အစုံကိုသင်ကြားရတဲ့အတွက် လက်ရှိမှာ ၂၂ ဘာသာလုံးလေ့လာနေပါတယ်။ ကျောင်းကဧပြီဆို ဒုတိယနှစ်ပြီးပြီဆိုတော့ အမေရိကားကိုတတိယနှစ်သွားတက်တဲ့အခါ Business Acc-ounting မေဂျာယူဖို့ဆုံးဖြတ်ထားပါတယ်။ ၂၀၁၇ ခုနှစ် မေလ ၂၄ ရက်မှာ CSUMB မှာ တတိယနှစ်စတက်မှာပါ။

ဒီဘာသာရပ်ကို ဘာကြောင့်တက်ဖြစ်တာပါလဲ။

ညီမက စီးပွားရေးဘက်ကိုဝါသနာပါတာရယ်၊ Accounting က အလုပ်အကိုင်အခွင့်အလမ်းများတယ်လို့ထင်တဲ့အတွက် ဒီမေဂျာကိုတက်ဖို့ရွေးချယ်ခဲ့တာပါ။

Business Accounting တက်ဖို့ ဘာကြောင့် Connect Institute ကိုရွေးချယ်ခဲ့တာပါလဲ။

ပထမတော့ သူငယ်ချင်းပြောလို့လာစုံစမ်းရင်းနဲ့ ဒီကသင်တဲ့ပညာရေးစနစ်ကိုကြိုက်လို့တက်ခဲ့တာပါ။ သင်တဲ့ဆရာတွေက နိုင်ငံခြားပါမောက္ခဆရာတွေဖြစ်နေတာရယ်၊ သင်ရိုးတွေက အမေရိကန် အစိုးရတက္ကသိုလ်ကြီးတွေရဲ့သင်ရိုးအတိုင်း တစ်ထပ်တည်းသင်ပေးထားလို့ Connect Institute မှာတက်ဖို့ဆုံးဖြတ်ခဲ့တာပါ။ ဒီမှာ ၂ နှစ်တက်ရင်း ကိုယ်ကြိုးစားရင်ကြိုးစားသလောက် ကိုယ်တော်ရင်တော်သလို ဟိုဘက် ကျောင်းတွေမှာ Scholarship လျှောက်လို့ရတယ်။ ဆရာ၊ ဆရာမတွေကလည်း Scholarship လျှောက်တဲ့နေရာမှာ Guide Line သေချာလုပ်ပေးပါတယ်။ ညီမဆို ဒီ ၂ နှစ်မှာသေချာကြိုးစားခဲ့တဲ့အတွက် Connect Institute မှာ ပထမ ၂ နှစ်အပြီး ကယ်လီဖိုးနီးယားမှာ တတိယနှစ်ကို သွားတက်ရောက်ဖို့အတွက် CSUMB ကပေးတဲ့ Scholarship နဲ့ အတန်းတွေအခမဲ့တက်ရောက်ခွင့်၊ အချိန်ပိုင်းအလုပ်လုပ်ခွင့်များရရှိခဲ့ပါတယ်။ ကြိုးစားသလို Scholarship ရရှိဖို့အခွင့်အရေးတွေလည်းရှိတဲ့အတွက် Connect Institute ကို ရွေးချယ်ခဲ့တာပါ။

မြန်မာနိုင်ငံမှာတက်ရောက်ရတဲ့ ပထမ ၂ နှစ်နဲ့ပတ်သက်တဲ့ သင်ကြားမှုပုံစံလေးကိုလည်း ပြောပြပါဦး။

အမေရိကန်ပညာရေးက စဉ်းစားတွေးခေါ်တဲ့အပိုင်းကို ဦးစားပေး သင်ပေးပါတယ်။ စာအလွတ်ကျက်မှတ်ရတာမျိုးပဲ ကိုယ့်ဘာသာဝေဖန် ပိုင်းခြားနိုင်စွမ်းတွေတိုးတက်အောင် Critical Thinking ကို အဓိကထားသင်ပေးပါတယ်။ ကျောင်းစာအပြင် လူမှုပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံရာမှာ လိုအပ်တဲ့ Leadership Skill တွေ၊ အသင်းအဖွဲ့နဲ့ စုပေါင်းလုပ်ဆောင်တတ်အောင် Volunteer လှုပ်ရှားမှုတွေ၊ Field Trip တွေ စတဲ့ ပြင်ပဗဟုသုတတွေပါ တစ်ခါတည်းသင်ပေးပါတယ်။

ကျောင်းကစာတွေနဲ့ပတ်သက်လို့ တွေ့ကြုံရတဲ့အခက်အခဲတွေကို ဘယ်လိုဖြေရှင်းပါသလဲ။

အခက်အခဲက ကြီးကြီးမားမားမရှိခဲ့ပါဘူး။ ဒီမှာက Professor တွေ အပြင် Coordinator ဆရာမတွေလည်းရှိတဲ့အတွက် နားမလည်တဲ့စာ တွေရှိရင် အချိန်မရွေးမေးလို့ရပါတယ်။ ဆရာမတွေကလည်း Guide လိုမျိုးအချိန်ပိုပေးပြီး ပြန်ရှင်းပြပေးတာလည်းရှိပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတွေက ရင်းရင်းနှီးနှီးရှိကြတဲ့အတွက် သင်ခန်းစာတွေအတွက်ရော တခြားအရာတွေမှာပါ အခက်အခဲမရှိခဲ့ပါဘူး။

ပထမ ၂ နှစ်ပြီးမြောက်တဲ့အခါ ဘယ်လိုဘာသာရပ်တွေကို ဆက်ပြီးလေ့လာသင့်သလဲ။

ဒီ ၂ နှစ်ပြီးရင် အမေရိကားမှာတတိယနှစ်ဆက်တက်ရမှာပေါ့နော်။ Business Accounting ကို ဆက်လေ့လာမယ်။ အမေရိကန်ပညာရေးက မေဂျာတစ်ခုမကယူခွင့်ရှိတဲ့အတွက် အခြားစိတ်ဝင်စားတဲ့ Literature လိုဘာသာရပ်မျိုးတွေ ဆက်လေ့လာချင်ပါတယ်။ အခြားသူတွေလည်း မိမိနှစ်သက်တဲ့ဘယ်ဘာသာရပ်မဆို မေဂျာထပ်ယူလို့ရတဲ့အတွက်ကိုယ်လုပ်နိုင်ရင်လုပ်နိုင်သလို ဘွဲ့ရတဲ့အခါ မေဂျာဘွဲ့ ၂ ခု ၃ ခုတစ်ခါတည်း ရတာပေါ့။

ဒီလိုမျိုး အမေရိကန်တက္ကသိုလ်တွေရဲ့ ပထမ ၂ နှစ်ကို မြန်မာနိုင်ငံမှာတက်ရောက်တာနဲ့ပတ်သက်ပြီး လေ့လာချင်တဲ့ ကျောင်းသားတွေအတွက် အကြံပြုစကားလေးပြောပေးပါ။

ဟုတ်ကဲ့။ ညီမတို့လို အမေရိကားမှာပညာသွားသင်ချင်တဲ့သူတွေ အတွက် တကယ်တမ်းအမေရိကားတန်းသွားတဲ့အခါ အခက်အခဲတွေ အများကြီးရှိပါတယ်။ သင်ကြားမှုစနစ်မတူတာတွေ၊ Life Style ကွာခြားတာတွေ၊ Culture မတူတာတွေ၊ အစားအသောက်ကအစ အခက်အခဲအများကြီးကြုံတွေ့ရတယ်။ ဒီမှာ ၂ နှစ်စတက်တော့ အမေရိကန်ပညာရေးက ဘယ်လိုသင်ကြားတယ်၊ ဘယ်လိုလေ့လာရမလဲ၊ ဘာတွေကြိုပြင်ဆင်လေ့ကျင့်ထားရမလဲ အရင်ဆုံးသိသွားမယ်။ အင်္ဂလိပ်စာနဲ့ပတ်သက်ပြီး လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေအကုန်လုံး ကျောင်းကလုပ်ပေးတယ်။ ကျောင်းသူ၊ ကျောင်းသားတွေအတွက် TOEFL Class လည်းရှိပြီး TOEFL Test Center လည်းရှိတော့ အင်္ဂလိပ်စာအတွက် အချိန်သီးသန့်ပေးစရာမလိုဘဲ ဒီ ၂ နှစ်အတွင်း ပြင်ဆင်ပြီးသားဖြစ်သွားမယ်။ နောက်ပြီး ကျောင်းလျှောက်တာတွေ၊ ဗီဇာလျှောက်တာတွေကိုလည်း ကျောင်းကလုပ်ပေးပါတယ်။ ဒီ ၂ နှစ်အတွင်း လိုအပ်တာတွေပြင်ဆင်နိုင်ပြီး တက္ကသိုလ်ပထမနှစ်နဲ့ ဒုတိယနှစ်လည်းပြီးသွားတော့ အချိန်ကုန် သက်သာသွားတယ်။  အမေရိကားကို တတိယနှစ်စတက်ရတဲ့အခါမှာ အခက်အခဲမရှိတော့ဘဲနဲ့ Bachelor ဘွဲ့ကို ကျန် ၂ နှစ်အတွင်းရနိုင်တဲ့ အတွက် ကုန်ကျစရိတ်လည်း အများကြီးသက်သာသွားတာပေါ့။ နိုင်ငံခြားသွားပညာသင်ဖို့စဉ်းစားထားရင် ကိုယ်သွားချင်တဲ့နိုင်ငံရဲ့ပညာရေးစနစ်က ဘယ်လိုလဲဆိုတာအရင်လေ့လာပါ။ ပြီးရင် ကိုယ်နဲ့ကိုက်ညီမှု ရှိပြီလားဆန်းစစ်ပြီး လိုအပ်တာတွေရှိရင် ကြိုတင်ပြင်ဆင်သွားနိုင်မှ စာသင်ကြားတဲ့နေရာမှာ အဆင်ပြေပါလိမ့်မယ်။