June 26, 2017

အမေရိကန်တက္ကသိုလ် ၆ ကျောင်းမှ ပညာသင်ဆုများ ခေါ်ယူ

အမေရိကန်တက္ကသိုလ် ၆ ကျောင်းဖြစ်သော City College of New York, Texas A & M University Corpus Christi, Widener University, University of Vermont, Long Island University, James Madison University, Roosevelt University, Merrimack College, University of Central Oklahoma စသည့် ကျောင်းများမှ ပညာသင်ဆုများဖြင့် လျှောက်ထားနိုင်မည်ဖြစ်သည်။

City College of New York သည် New York City ရှိ Harlan တွင်တည်ရှိသည်။ US ရှိ အကောင်းဆုံး အများပိုင်ကျောင်းများ စာရင်းတွင် နံပါတ်၁၆ နေရာ၌ရှိသည်ဟု U.S News & World Report မှ ထုတ်ပြန် ကြေညာထားသည်။ ကျောင်းလျှောက်လိုသူများသည် ပညာသင်ဆုဖြစ်သော $2500 ခံစား ခွင့်ရရှိရန် လျှောက်ထားနိုင်မည် ဖြစ်သည်။ Texas A & M University သည် Island University (ကျွန်းစွယ်တက္ကသိုလ်) အဖြစ်လည်း လူသိများသည်။ Texas A & M University တွင်သင်ကြားသည့် ဘာသာရပ်များထဲမှ Part-time MBA နှင့် Fine Arts graduate program တို့မှာနာမည်ကြီးသည်။ ကျောင်း လျှောက်လိုသူများသည် ပညာသင်ဆုဖြစ်သော $2500 ခံစား ခွင့်ရရှိရန် လျှောက်ထားနိုင်မည်ဖြစ်သည်။ Widener University သည် Philadephia မြို့နှင့်မိနစ်၂၀ သာကွာဝေးပြီး တိတ်ဆိတ်သော ပတ် ၀န်းကျင်နှင့်လှပသော campus ရှိခြင်းကြောင့် အထူးသင့်လျှော်သော နေရာဖြစ်သည်။ ၄င်းတက္က သိုလ်မှာ Arts and Science နှင့်၎င်း Hospitality  နယ်ပယ်တွင်အထူးနာမည်ကြီးသည်။ ပညာသင်ဆု ဖြင့် လျှောက်ထားလိုသူများသည် $2500 မှစပေးပြီး International year 1 အတွက် GPA 2.75 , Pre-Master အတွက် GPA 3.0 အနည်းဆုံး ရရှိထားရမည်။ University of Vermont သည် US News and report 2016 အရ US တွင်အဆင့် ၈၉ ရှိသည်။ Major ပေါင်း 100 ကျော်သင်ကြားပေးသော ကျောင်းသားမြို့တော်လည်းဖြစ်သည်။ ကျောင်းလျှောက်လိုသူများသည် $ 10,000 ပညာသင်ဆုဖြင့် လျှောက်ထားနိုင်မည် ဖြစ်သည်။ Long Island University သည် New York မြို့ရှိ LIU တွင်မြို့ထဲ Campus ဖြစ်သော Brooklyn Campus နှင့်မြို့ပြင် Campus ဖြစ်သော Post 2 ခု ရှိသည်။ ၄င်းတက္က သိုလ်တွင် Health Professional Major တွင်အကောင်းဆုံး အဆင့် ၁ ကျောင်းအဖြစ်ပါဝင်သည်။ Major ပေါင်းများစွာရှိသည့် အနက်Health,Business, Pharmacy, Education, Arts စသည့် နယ်ပယ်တို့တွင်နာမည်ကြီးသည်။ ပညာသင်ဆုအနေနဲ့ $3500 မှ $18000 ရရှိနိုင်မည်ဖြစ်သည်။ ဘွဲ့ကြိုအတွက် GPA 80%, ဘွဲ့လွန်အတွက် GPA 3.5+ ရှိရန်လိုအပ်သည်။ James Madison University သည် Virginia တွင်တည်ရှိပြီး Washington DC နှင့်2နာရီကျော်သာကွာဝေးသည်။ College of Business အောက်ရှိဘာသာရပ်သည် နာမည်အကြီးဆုံးဖြစ်သည်။ ပညာသင်ဆု $2500 ဖြင့် လျှောက်ထားနိုင်သလို International Year One (GPA 3.25) ရရှိရန်လိုအပ်မည် ဖြစ်သည်။

ကျောင်းလျှောက်ထားလိုသူများအနေဖြင့် အသေးစိတ်သိရှိလိုပါက Grace Education Services & Learning Center အမှတ် ၉၂၊ ၅၁ လမ်း၊ အလယ်ဘလောက်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။ ဖုန်း ၀၉- ၅၁၄၀၈၀၂၊ ၀၉- ၇၈၅၁၄၀၈၀၂ သို့ဆက်သွယ်စုံစမ်းနိုင်သည်။

//ambient pc code