December 13, 2017

အကျော်ကြားဆုံး programming language (၁၅) ခု

နည်းပညာလောက ရေစီးကြောင်းအတွင်းမှာ Silicon Valley ကိုယှဉ်ပြိုင်နိုင်တဲ့ ကုမ္ပဏီ နည်းနည်းပဲရှိပါတယ်။ အဲဒီကုမ္ပဏီတွေထဲမှာ ဒေါ်လာ ၂ ဘီလျံ တန် startup ဖြစ်တဲ့ GitHub ပါဝင်ပါတယ်။ GitHub ကို ပရိုဂရမ်မာတွေအတွက် Facebook လို့ခေါ်ကြပါတယ်။ GitHub ဟာ နှစ်စဉ်နှစ်တိုင်း နည်းပညာရေစီးကြောင်းအချို့ကို “Octoverse” အစီရင်ခံစာနဲ့ ဖော်ပြနေပါတယ်။ GitHub ဟာ သုံးစွဲသူတွေကြား ရေပန်းအစားဆုံး ဖြစ်နေတဲ့ နာမည်ကျော် programming language တွေကိုလည်း ထုတ်ပြန်ပေးတတ်ပါတယ်။

GitHub ဟာ code ရေးတာနဲ့ ပတ်သက်ပြီး အပြောင်းအလဲများစွာ ဖြစ်ထွန်းတာကို သိရှိထားပါတယ်။ နိုင်ငံပေါင်း ၂၀၀ က တချို့သုံးစွဲသူ ၂၄ သန်း က programming language ၃၃၇ မျိုးနဲ့ အလုပ်လုပ်နေကြပါတယ်။ အဲဒီသုံးစွဲသူတွေထဲမှာ နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Apple, Google နဲ့ Facebook က ဝန်ထမ်းတွေ ပါဝင်ပါတယ်။ သူတို့တွေဟာ open source software ကို ကမ္ဘာဆီ ဖြန့်ဖို့ GitHub ကိုမှီခိုထားကြပါတယ်။

GitHub ကထုတ်ပြန်ထားတဲ့ သုံးစွဲသူတွေ အများဆုံးအသုံးပြုနေတဲ့ ထိပ်တန်း programming language တွေကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

(၁၅) Objective-C

C programming language ရဲ့လက်ခွဲတစ်ခုဖြစ်ပါတယ်။ iPhone app တွေတည်ဆောက်တဲ့အခါ အသုံးပြုကြတဲ့ အကျော်ကြားဆုံး programming language ဖြစ်ပါတယ်။

(၁၄) Scala

၂၀၀၄ ခုနှစ်မှာ ပထမဆုံးထွက်ရှိခဲ့တဲ့ Scala ဟာ Oracle ရဲ့နာမည်ကျော် Java အပြောင်းအလဲအဖြစ် အသုံးပြုနိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။ အရွယ်ပမာဏကြီးတဲ့ software တည်ဆောက်ဖို့ အကောင်းဆုံး language ဖြစ်တယ်လို့ Scala သုံးစွဲသူတွေက ပြောပါတယ်။

(၁၃) Swift

Apple ဟာ ၂၀၁၄ ခုနှစ်မှာ Swift ကိုဖြန့်ချိခဲ့ပါတယ်။ Software တည်ဆောက်တဲ့နေရာမှာ ပိုကောင်းပြီး ပိုမိုလွယ်ကူစေမယ့် နည်းလမ်းတစ်ရပ်ဖြစ်တယ်လို့ ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။ Swift ကို Lyft အပါအဝင် ကုမ္ပဏီတွေက iPhone app တွေဖန်တီးတဲ့နေရာမှာ အများဆုံး အသုံးပြုကြပါတယ်။

(၁၂) Shell

Shell ကို programming language လို့ အတိအကျ ပြောလို့မရပါဘူး။ ဒါပေမဲ့ operating system မှာပါဝင်တဲ့ command တွေကို အလိုအလျောက် အလုပ်လုပ်နိုင်ဖို့ shell script တစ်ခုက ညွှန်ကြားပေးပါတယ်။ ဥပမာအနေနဲ့ shell script တစ်ခုမှာ “.bmp” file တိုင်းကို “.jpg” ပြောင်းပေးဖို့ opearting system ကိုညွှန်ကြားနိုင်ပါတယ်။

(၁၁) TypeScript

သက်တမ်းနုသေးတဲ့ programming language စံသတ်မှတ်ချက် TypeScript ကို ၂၀၁၂ ခုနှစ်မှာ Microsoft က ဖန်တီးခဲ့ပါတယ်။ နာမည်ကြီး JavaScript နဲ့လည်း ဆက်နွှယ်မှုရှိပြီး application အကြီးစားတွေကို ထိန်းကျောင်းဖို့ ဒီဇိုင်းထုတ်ထားတာပါ။

(၁၀) C

သက်တမ်းရှည် programming language တွေထဲက တစ်ခုဖြစ်တဲ့ C ဟာ နေရာအမျိုးမျိုးမှာသုံးကြပြီး ၁၉၇၀ ခုနှစ် ကာလ အစောပိုင်းမှာ ဖန်တီးခဲ့ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြတဲ့ C Programming language ကို ၁၉၇၈ ခုနှစ်မှာ ပထမဆုံးအကြိမ်ဖြန့်ချိခဲ့ပါတယ်။

(၉) Go

Google ဟာ ကမ္ဘာ့အလုပ်အများဆုံး search engine ကိုအကြီးအကျယ် ထောက်ပံ့ပေးဖို့ စနစ်တွေ တည်ဆောက်ဖို့အတွက် မူလက Go ကိုဒီဇိုင်းထုတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ developer တွေက စွမ်းဆောင်ရည် အသစ်တွေ ရရှိဖို့ အသုံးပြုလာကြပါတယ်။

(၈) C#

“C-Sharp” လို့ခေါ်ကြတဲ့ programming language ကို Microsoft ကဖန်တီးခဲ့ပါတယ်။ နာမည်ကျော် Java ရဲ့ ပြိုင်ဘက်ဖြစ်ပြီး လုပ်ငန်းပိုင်း software developer အများအပြား အသုံးပြုကြပါတယ်။

(၇) CSS

CSS ဒါမှမဟုတ် Cascading Style Sheets ဟာ ဝက်ဘ်ဆိုက်တွေနဲ့ browser အခြေပြု app တွေကို ဒီဇိုင်းထုတ်တဲ့အခါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါတယ်။

(၆) C++

C programming language အခွဲတစ်ခုဖြစ်တဲ့ C++ ကို မူလက ၁၉၈၃ ခုနှစ်မှာ တီထွင်ခဲ့ပါတယ်။ Desktop web app တွေကနေ ဆာဗာအခြေခံအဆောက်အအုံစတဲ့ အရာအားလုံးမှာ တွေ့နိုင်ပါတယ်။

(၅) PHP

Yahoo နဲ့ Facebook အပါအဝင် ဝက်ဘ်ဆိုက်ကုမ္ပဏီတွေမှာ PHP ကို code အဖြစ် အသုံးပြုကြပါတယ်။ ပရိုဂရမ်ရေးဆွဲသူအများစုက PHP ကိုမနှစ်သက်ကြပါဘူး။

(၄) Ruby

Ruby ဟာ ဖတ်ရှုပြီးရေးသားရလွယ်ကူတဲ့ programming language ဖြစ်တယ်လို့ အများစုက ထောက်ခံကြပါတယ်။ Ruby အတွက် add-on framework တစ်ခုဖြစ်တဲ့ Rails လည်း ကျော်ကြားပါတယ်။ ဝက်ဘ်ဆိုက် app တွေကို ရိုးရိုးရှင်းရှင်း တည်ဆောက်နိုင်ပါတယ်။ အဲဒီ language ရဲ့တရားဝင် ဆောင်ပုဒ်က ပရိုဂရမ်ရေးဆွဲသူရဲ့ အကောင်းဆုံး မိတ်ဆွေ ဖြစ်ပါတယ်။

(၃) Java

Java ကို interactive television system တွေအတွက် programming language အဖြစ် ၁၉၉၁ ခုနှစ်မှာ Sun Microsystems က တီထွင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Oracle က Sun ကိုဝယ်ယူပြီး Java ကို powerhouse အဖြစ် အသွင်ပြောင်းလဲခဲ့ပါတယ်။ Android app တွေတည်ဆောက်ဖို့ အသုံးပြုနေကျ programming language ဖြစ်ပါတယ်။

(၂) Python

Python ဟာ ၁၉၈၉ ခုနှစ်မှာ စတင်ခဲ့ပြီး ပရိသတ်တွေက နှစ်သက်ကြပါတယ်။ ပရိုဂရမ်စရေးဖို့ စတင်လေ့လာသင့်တဲ့ အလွယ်ကူဆုံး language ဖြစ်တယ်လို့ ပရိုဂရမ်ရေးဆွဲသူ အများစုက လက်ခံထားကြပါတယ်။

(၁) JavaScript

နာမည်တွေနဲ့ ကျော်စောမှုအပိုင်း ဆင်တူမှုတွေ ရှိနေပေမယ့် JavaScript နဲ့ Java က အတော့်ကို ခြားနားပါတယ်။ JavaScript ဟာ ခေတ်သစ်ဝက်ဘ်ဆိုက်တွေမှာ ပါဝင်ပါတယ်။ ဒါပေမဲ့ နှေးကွေးတဲ့ browser တွေအတွက် ပြဿနာကြုံရနိုင်သလို တစ်ခါတလေမှာ လုံခြုံရေးအားနည်းချက်တွေ ဖြစ်ပေါ်စေပါတယ်။

စိုးထက်
Ref: BusinessInsider