အေကာင္းဆံုး portable ဘက္ထရီ (၈) မ်ိဳး

[Zawgyi]

External battery pack ေတြဟာ အၾကမ္းခံတဲ့ ပလတ္စတစ္ကိုယ္ထည္ တစ္ခုထဲမွာ ထည့္သြင္းထားတဲ့ ေသးငယ္ၿပီး အားျပန္သြင္းႏိုင္တဲ့ lithium-ion ဘက္ထရီေတြျဖစ္ပါတယ္။ အမ်ားစုမွာ gadget ေတြကို အားျပန္သြင္းရာမွာ အသံုးျပဳဖို႔အတြက္ USB Type A port တစ္ခု ဒါမွမဟုတ္ ႏွစ္ခု ပါဝင္ပါတယ္။

အခ်ိဳ႕မွာေတာ့ Nintendo Switch အျပင္ Samsung Galaxy S9 နဲ႔ Google Pixel 2 တို႔လို Android စမတ္ဖုန္းေတြမွာ ေတြ႕ျမင္ရတဲ့ USB Type-C အားသြင္းစံသတ္မွတ္ခ်က္သစ္ကို အသံုးျပဳထားပါတယ္။ အခ်ိဳ႕မွာေတာ့ ထုတ္ကုန္ေတြကိုအားသြင္းဖို႔အတြက္ built-in USB ဒါမွမဟုတ္ Lightning အားသြင္းႀကိဳးေတြ ပါဝင္ပါတယ္။ အမ်ားစုကေတာ့ ကိုယ့္ရဲ႕ဖုန္းအားသြင္းႀကိဳးကို အသံုးျပဳဖို႔ လိုအပ္ပါတယ္။

ဒီကေန႔ေခတ္မွာ စမတ္ဖုန္းေတြရဲ႕ ဘက္ထရီကို သံုးစြဲသူကိုယ္တိုင္ လဲလွယ္တပ္ဆင္မႈ မလုပ္ႏိုင္တာေၾကာင့္ external battery pack ေတြက မရိွမျဖစ္ မိုဘိုင္းတြဲဖက္ပစၥည္းတစ္ခု ျဖစ္လာပါတယ္။
ဒါေၾကာင့္ အေကာင္းဆံုး၊ စြမ္းေဆာင္ရည္အျမင့္ဆံုးနဲ႔ အျမန္ဆံုး portable ဘက္ထရီေတြကို ေရြးခ်ယ္ဝယ္ယူႏိုင္ေစဖို႔အတြက္ အေကာင္းဆံုး portbale ဘက္ထရီ (၈) မ်ိဳးကို ေဖာ္ျပလိုက္ပါတယ္။

1. Anker PowerCore 13000 Portable Phone Charger

တန္ဖိုး – ၃၄ ေဒၚလာ

အားသာခ်က္ – ဘက္ထရီပမာဏ မ်ားျပား၊ အရြယ္ေသးငယ္ၿပီး အလြယ္တကူ သယ္ေဆာင္ႏိုင္။
အားနည္းခ်က္ – အားသြင္းႀကိဳးမပါ

Anker PowerCore 13000 ဟာ portable ဘက္ထရီေတြမွာ အေကာင္းဆံုးျဖစ္ပါတယ္။ USB port ႏွစ္ခု ပါဝင္ၿပီး စမတ္ဖုန္းအခ်ိဳ႕ကို ငါးႀကိမ္အထိ အားျပန္သြင္းႏိုင္ပါတယ္။ iPhone X ကို တစ္နာရီ ၁၅ မိနစ္အတြင္း အားအျပည့္သြင္းႏိုင္ပါတယ္။ ဒါ့အျပင္ ဘက္ထရီကို အားအျပည့္သြင္းထားတယ္ဆိုရင္ MacBook ကို ၆၀% အထိ အားျပန္သြင္းႏုိင္ပါတယ္။

2. Jackery Bolt Battery Pack

တန္ဖိုး – ၃၆ ေဒၚလာ

အားသာခ်က္ – အားသြင္းႀကိဳးပါဝင္
အားနည္းခ်က္ – သိပ္မလင္းတဲ့ LED မီးလံုးပါဝင္

Jakery Bolt ဟာ စြယ္စံုသံုးႏိုင္တဲ့ portable ဘက္ထရီျဖစ္ပါတယ္။ Anker PowerCore 13000 ထက္ အရြယ္ႀကီးၿပီး ေလးလံတဲ့အတြက္ေၾကာင့္ ဒီစာရင္းရဲ႕ အေကာင္းဆံုး portable ဘက္ထရီအျဖစ္ ေရြးခ်ယ္မခံရတာ ျဖစ္ပါတယ္။ Anker မွာ မပါဝင္တဲ့ အားသြင္းႀကိဳးကို Bolt မွာ ရရိွႏိုင္ပါတယ္။ Bolt ရဲ႕ တစ္ဖက္မွာ Android စမတ္ဖုန္း၊ tablet ဒါမွမဟုတ္ ႀကိဳးမဲ့နားၾကပ္ကို အားသြင္းဖို႔အတြက္ micro-USB cable တစ္ခုကို ေတြ႕ႏိုင္ပါတယ္။ အျခားတစ္ဖက္မွာေတာ့ Lightning ဒါမွမဟုတ္ USB-C cable တစ္ခုကို ေတြ႕ရမွာျဖစ္ပါတယ္။ USB outpout တစ္ခု ပါဝင္တာေၾကာင့္ ထုတ္ကုန္သံုးခုကို တစ္ၿပိဳင္နက္ အားသြင္းႏိုင္ပါတယ္။ အရြယ္ေသးငယ္တဲ့ အျပာေရာင္ LED မီးလံုးပါဝင္ေပမယ့္ သိပ္မလင္းပါဘူး။
Bolt ဟာ iPhone X ကို တစ္နာရီခြဲအတြင္း အားအျပည့္သြင္းေပးႏိုင္ပါတယ္။ Bolt ကို အားျပန္သြင္းရင္ေတာ့ ၅ နာရီ ၾကာျမင့္ပါလိမ့္မယ္။

3. RAVPower 26800mAh PD Portable Phone Charger

တန္ဖိုး – ၈၂ ေဒၚလာ

အားသာခ်က္ – Nintendo Switch ဒါမွမဟုတ္ laptop တစ္လံုးကို အားျပန္သြင္းႏိုင္
အားနည္းခ်က္ – အရွည္ ၇ လက္မနီးပါးရိွတဲ့အတြက္ အိတ္ကပ္ထဲ မထည့္ႏိုင္

ဒီဘက္ထရီရဲ႕ ပမာဏက 26,800mAh ျဖစ္ပါတယ္။ စမတ္ဖုန္းတစ္လံုးကို တစ္ေန႔တစ္ႀကိမ္နဲ႔ တစ္ပတ္အၾကာ အားသြင္းႏုိင္ပါတယ္။ Nintendo Switch ကို ၃.၅ ႀကိမ္ အားသြင္းႏိုင္ပါတယ္။

အေလးခ်ိန္ တစ္ေပါင္ရိွတဲ့ RavPower မွာ USB port ႏွစ္ခုနဲ႔ 30W Type-C output တစ္ခုပါဝင္ပါတယ္။ ဘက္ထရီကို အားျပန္သြင္းဖို႔အတြက္ micro-USB ႀကိဳး ဒါမွမဟုတ္ Type-C port ကို ေရြးခ်ယ္ႏိုင္ပါတယ္။ Type-C port ကို ေရြးမယ္ဆိုရင္ အခ်ိန္အနည္းငယ္ သက္သာပါလိမ့္မယ္။ USB-C နဲ႔ဆိုရင္ ၄.၅ နာရီသာ ၾကာျမင့္ၿပီး micro-USB cable နဲ႔ဆိုရင္ေတာ့ ၁၀ နာရီေက်ာ္ ၾကာျမင့္ႏိုင္ပါတယ္။

4. Anker PowerCore Slim 5000 Battery Pack

တန္ဖိုး – ေဒၚလာ ၃၀

အားသာခ်က္ – ေခ်ာမြတ္ၿပီး ပါးလ်တဲ့ဒီဇိုင္း
အားနည္းခ်က္ – အားသြင္းႀကိဳး မပါဝင္

Anker PowerCore Slim 5000 ဟာ ေခ်ာမြတ္ၿပီး ပါးလ်တဲ့ ဘက္ထရီျဖစ္ပါတယ္။ အထူက တစ္လက္မရဲ႕ သံုးပံုတစ္ပံုသာရိွပါတယ္။ စမတ္ဖုန္းတစ္လံုးရဲ႕ အရြယ္သာရိွတာေၾကာင့္ လက္ထဲမွာ အဆင္ေျပစြာ ကိုင္ေဆာင္ႏိုင္မွာျဖစ္ပါတယ္။

USB port တစ္ခုပါဝင္ၿပီး ဖုန္းကို ႏွစ္ႀကိမ္အားသြင္းႏိုင္ပါတယ္။ အျမင့္ဆံုး input နဲ႔ output က 2 amps ျဖစ္တာေၾကာင့္ စမတ္ဖုန္းကို တစ္နာရီေလာက္အတြင္း အားသြင္းေပးႏိုင္ပါတယ္။

5. Xiaomi Mi Power Bank Pro 10000mAh Portable Charger

တန္ဖိုး – ၂၇ ေဒၚလာ

အားသာခ်က္ – ေစ်းသက္သာျခင္း
အားနည္းခ်က္ – input အတြက္ USB-C port သာပါဝင္

တကယ္လို႔ ေစ်းသက္သာတဲ့ ဘက္ထရီကို ရွာေဖြေနတယ္ဆိုရင္ေတာ့ Xiaomi Mi Power Bank Pro ကို ေရြးခ်ယ္ႏုိင္ပါတယ္။ အထူ လက္မဝက္ခန္႔သာရိွတဲ့အတြက္ အိတ္ကပ္ထဲ အလြယ္တကူ ထည့္သြားႏိုင္ပါတယ္။ ဘက္ထရီပမာဏက 10,000mAh ပါ။ ဒါဟာ စမတ္ဖုန္းတစ္လံုးကို ေလးႀကိမ္ခန္႔ အားသြင္းဖို႔ လံုေလာက္တဲ့ပမာဏ ျဖစ္ပါတယ္။ ဒါ့အျပင္ Mi Power Bank မွာ Qualcomm ရဲ႕ Quick Charge 3.0 ကို ေထာက္ပံ့ေပးထားတာေၾကာင့္ ၃၅ မိနစ္အတြင္း ဖုန္းကို ၀ ကေန ၈၀% အထိ အားသြင္းေပးႏိုင္ပါတယ္။
အေလးခ်ိန္ ၇ ေအာင္စသာရိွတဲ့ ဒီဘက္ထရီမွာ USB port တစ္ခုသာ ပါဝင္ပါတယ္။ ဘက္ထရီကို အားျပန္သြင္းဖို႔အတြက္ ၃.၅ နာရီၾကာျမင့္ပါတယ္။

6. mophie powerstation AC Charger

တန္ဖိုး – ေဒၚလာ ၂၀၀

အားသာခ်က္ – MacBook တစ္လံုးကို အားအျပည့္သြင္းႏိုင္
အားနည္းခ်က္ – ေစ်းႏႈန္းျမင့္မား

Mophie powerstation AC က စြမ္းေဆာင္ရည္ျမင့္မားတဲ့ portable battery pack ျဖစ္ပါတယ္။ ဒီ ဘက္ထရီကို CES 2018 မွာ မိတ္ဆက္ေၾကညာခဲ့တာျဖစ္ပါတယ္။ အေလးခ်ိန္ ၂ ေပါင္နီးပါးရိွပါတယ္။ ဘက္ထရီပမာဏက 22,000mAh ျဖစ္ၿပီး 100W AC output နဲ႔ သံုးႏိုင္ပါတယ္။ ဒါေၾကာင့္ laptop ဒါမွမဟုတ္ tablet တစ္လံုးအတြက္ အသင့္ေတာ္ဆံုး external ဘက္ထရီတစ္လံုးအေနနဲ႔ အသံုးျပဳႏိုင္ပါတယ္။

30W USB-PD ပါဝင္တဲ့ USB-C port ကိုသံုးထားတာေၾကာင့္ Nintendo Switch ဒါမွမဟုတ္ iPhone X တစ္လံုးကို အလ်င္အျမန္ အားသြင္းႏိုင္ပါတယ္။ ဒီဘက္ထရီနဲ႔ iPhone X ကို ၈ ႀကိမ္ အားသြင္းႏိုင္ပါတယ္။ ၁၂ လက္မ MacBook ကိုေတာ့ ႏွစ္ႀကိမ္ အားသြင္းႏိုင္ၿပီး ၁၃ လက္မ MacBook Pro ကိုေတာ့ တစ္ႀကိမ္အားသြင္းႏိုင္ပါတယ္။

7. Anker PowerCore Speed 20000 PD

တန္ဖိုး – ေဒၚလာ ၁၀၀

အားသာခ်က္ – အလြယ္တကူ သယ္ေဆာင္သြားႏိုင္
အားနည္းခ်က္ – အနက္ေရာင္နဲ႔သာ ရရိွႏိုင္

Nintendo Switch ဟာ အားသြင္းဖို႔အတြက္ 15V/2.6A လိုအပ္တာေၾကာင့္ Anker PowerCore Speed 20000 PD က Switch အတြက္ အသင့္ေတာ္ဆံုး ဘက္ထရီျဖစ္ပါတယ္။
ဒီဘက္ထရီရဲ႕ အထူက တစ္လက္မသာရိွၿပီး အေလးခ်ိန္က ၁၃ ေအာင္စ ျဖစ္ပါတယ္။ ဘက္ထရီရဲ႕ပမာဏက 20,100mAh ျဖစ္ပါတယ္။ ဒါဟာ စမတ္ဖုန္းကို ငါးႀကိမ္၊ USB-C laptop ကို တစ္ႀကိမ္နဲ႔ tablet ကို ႏွစ္ႀကိမ္ အားျပန္သြင္းႏိုင္တဲ့ပမာဏ ျဖစ္ပါတယ္။

8. LifeProof LIFEACTÍV Portable Phone Charger

တန္ဖိုး – ၅၂ ေဒၚလာ

အားသာခ်က္ – ေရစိုဒဏ္၊ အၾကမ္းဒဏ္ခံႏိုင္
အားနည္းခ်က္ – ဘက္ထရီပမာဏ ၁၀,၀၀၀ သာပါဝင္

LifeProof ရဲ႕ ဒီ external battery pack ဟာ ေရစိုဒဏ္ခံႏိုင္သလို ျပဳတ္က်တဲ့ဒဏ္နဲ႔ ညစ္ပတ္ေပေရတဲ့ဒဏ္ေတြကိုလည္း ခံႏိုင္ရည္ရိွပါတယ္။ ေရအနက္ ၂ မီတာမွာ တစ္နာရီၾကာ စိမ္ထားႏိုင္ၿပီး ၆ လက္မအထူရိွတဲ့ ႏွင္းထုထဲ ျပဳတ္က်တဲ့ဒဏ္ကိုလည္း ခံႏိုင္ပါတယ္။
ဘက္ထရီရဲ႕ပမာဏက 10,000mAh ျဖစ္ပါတယ္။ ဒီဘက္ထရီနဲ႔ စမတ္ဖုန္းကို ေလးႀကိမ္၊ tablet ကို တစ္ႀကိမ္ အားသြင္းႏိုင္ပါတယ္။

Ref: BestProducts

=================

[Unicode]

External battery pack တွေဟာ အကြမ်းခံတဲ့ ပလတ်စတစ်ကိုယ်ထည် တစ်ခုထဲမှာ ထည့်သွင်းထားတဲ့ သေးငယ်ပြီး အားပြန်သွင်းနိုင်တဲ့ lithium-ion ဘက်ထရီတွေဖြစ်ပါတယ်။ အများစုမှာ gadget တွေကို အားပြန်သွင်းရာမှာ အသုံးပြုဖို့အတွက် USB Type A port တစ်ခု ဒါမှမဟုတ် နှစ်ခု ပါဝင်ပါတယ်။

အချို့မှာတော့ Nintendo Switch အပြင် Samsung Galaxy S9 နဲ့ Google Pixel 2 တို့လို Android စမတ်ဖုန်းတွေမှာ တွေ့မြင်ရတဲ့ USB Type-C အားသွင်းစံသတ်မှတ်ချက်သစ်ကို အသုံးပြုထားပါတယ်။ အချို့မှာတော့ ထုတ်ကုန်တွေကိုအားသွင်းဖို့အတွက် built-in USB ဒါမှမဟုတ် Lightning အားသွင်းကြိုးတွေ ပါဝင်ပါတယ်။ အများစုကတော့ ကိုယ့်ရဲ့ဖုန်းအားသွင်းကြိုးကို အသုံးပြုဖို့ လိုအပ်ပါတယ်။

ဒီကနေ့ခေတ်မှာ စမတ်ဖုန်းတွေရဲ့ ဘက်ထရီကို သုံးစွဲသူကိုယ်တိုင် လဲလှယ်တပ်ဆင်မှု မလုပ်နိုင်တာကြောင့် external battery pack တွေက မရှိမဖြစ် မိုဘိုင်းတွဲဖက်ပစ္စည်းတစ်ခု ဖြစ်လာပါတယ်။
ဒါကြောင့် အကောင်းဆုံး၊ စွမ်းဆောင်ရည်အမြင့်ဆုံးနဲ့ အမြန်ဆုံး portable ဘက်ထရီတွေကို ရွေးချယ်ဝယ်ယူနိုင်စေဖို့အတွက် အကောင်းဆုံး portbale ဘက်ထရီ (၈) မျိုးကို ဖော်ပြလိုက်ပါတယ်။

1. Anker PowerCore 13000 Portable Phone Charger

တန်ဖိုး – ၃၄ ဒေါ်လာ

အားသာချက် – ဘက်ထရီပမာဏ များပြား၊ အရွယ်သေးငယ်ပြီး အလွယ်တကူ သယ်ဆောင်နိုင်။
အားနည်းချက် – အားသွင်းကြိုးမပါ

Anker PowerCore 13000 ဟာ portable ဘက်ထရီတွေမှာ အကောင်းဆုံးဖြစ်ပါတယ်။ USB port နှစ်ခု ပါဝင်ပြီး စမတ်ဖုန်းအချို့ကို ငါးကြိမ်အထိ အားပြန်သွင်းနိုင်ပါတယ်။ iPhone X ကို တစ်နာရီ ၁၅ မိနစ်အတွင်း အားအပြည့်သွင်းနိုင်ပါတယ်။ ဒါ့အပြင် ဘက်ထရီကို အားအပြည့်သွင်းထားတယ်ဆိုရင် MacBook ကို ၆၀% အထိ အားပြန်သွင်းနိုင်ပါတယ်။

2. Jackery Bolt Battery Pack

တန်ဖိုး – ၃၆ ဒေါ်လာ

အားသာချက် – အားသွင်းကြိုးပါဝင်
အားနည်းချက် – သိပ်မလင်းတဲ့ LED မီးလုံးပါဝင်

Jakery Bolt ဟာ စွယ်စုံသုံးနိုင်တဲ့ portable ဘက်ထရီဖြစ်ပါတယ်။ Anker PowerCore 13000 ထက် အရွယ်ကြီးပြီး လေးလံတဲ့အတွက်ကြောင့် ဒီစာရင်းရဲ့ အကောင်းဆုံး portable ဘက်ထရီအဖြစ် ရွေးချယ်မခံရတာ ဖြစ်ပါတယ်။ Anker မှာ မပါဝင်တဲ့ အားသွင်းကြိုးကို Bolt မှာ ရရှိနိုင်ပါတယ်။ Bolt ရဲ့ တစ်ဖက်မှာ Android စမတ်ဖုန်း၊ tablet ဒါမှမဟုတ် ကြိုးမဲ့နားကြပ်ကို အားသွင်းဖို့အတွက် micro-USB cable တစ်ခုကို တွေ့နိုင်ပါတယ်။ အခြားတစ်ဖက်မှာတော့ Lightning ဒါမှမဟုတ် USB-C cable တစ်ခုကို တွေ့ရမှာဖြစ်ပါတယ်။ USB outpout တစ်ခု ပါဝင်တာကြောင့် ထုတ်ကုန်သုံးခုကို တစ်ပြိုင်နက် အားသွင်းနိုင်ပါတယ်။ အရွယ်သေးငယ်တဲ့ အပြာရောင် LED မီးလုံးပါဝင်ပေမယ့် သိပ်မလင်းပါဘူး။
Bolt ဟာ iPhone X ကို တစ်နာရီခွဲအတွင်း အားအပြည့်သွင်းပေးနိုင်ပါတယ်။ Bolt ကို အားပြန်သွင်းရင်တော့ ၅ နာရီ ကြာမြင့်ပါလိမ့်မယ်။

3. RAVPower 26800mAh PD Portable Phone Charger

တန်ဖိုး – ၈၂ ဒေါ်လာ

အားသာချက် – Nintendo Switch ဒါမှမဟုတ် laptop တစ်လုံးကို အားပြန်သွင်းနိုင်
အားနည်းချက် – အရှည် ရ လက်မနီးပါးရှိတဲ့အတွက် အိတ်ကပ်ထဲ မထည့်နိုင်

ဒီဘက်ထရီရဲ့ ပမာဏက 26,800mAh ဖြစ်ပါတယ်။ စမတ်ဖုန်းတစ်လုံးကို တစ်နေ့တစ်ကြိမ်နဲ့ တစ်ပတ်အကြာ အားသွင်းနိုင်ပါတယ်။ Nintendo Switch ကို ၃.၅ ကြိမ် အားသွင်းနိုင်ပါတယ်။
အလေးချိန် တစ်ပေါင်ရှိတဲ့ RavPower မှာ USB port နှစ်ခုနဲ့ 30W Type-C output တစ်ခုပါဝင်ပါတယ်။ ဘက်ထရီကို အားပြန်သွင်းဖို့အတွက် micro-USB ကြိုး ဒါမှမဟုတ် Type-C port ကို ရွေးချယ်နိုင်ပါတယ်။ Type-C port ကို ရွေးမယ်ဆိုရင် အချိန်အနည်းငယ် သက်သာပါလိမ့်မယ်။ USB-C နဲ့ဆိုရင် ၄.၅ နာရီသာ ကြာမြင့်ပြီး micro-USB cable နဲ့ဆိုရင်တော့ ၁၀ နာရီကျော် ကြာမြင့်နိုင်ပါတယ်။

4. Anker PowerCore Slim 5000 Battery Pack

တန်ဖိုး – ဒေါ်လာ ၃၀

အားသာချက် – ချောမွတ်ပြီး ပါးလျတဲ့ဒီဇိုင်း
အားနည်းချက် – အားသွင်းကြိုး မပါဝင်

Anker PowerCore Slim 5000 ဟာ ချောမွတ်ပြီး ပါးလျတဲ့ ဘက်ထရီဖြစ်ပါတယ်။ အထူက တစ်လက်မရဲ့ သုံးပုံတစ်ပုံသာရှိပါတယ်။ စမတ်ဖုန်းတစ်လုံးရဲ့ အရွယ်သာရှိတာကြောင့် လက်ထဲမှာ အဆင်ပြေစွာ ကိုင်ဆောင်နိုင်မှာဖြစ်ပါတယ်။

USB port တစ်ခုပါဝင်ပြီး ဖုန်းကို နှစ်ကြိမ်အားသွင်းနိုင်ပါတယ်။ အမြင့်ဆုံး input နဲ့ output က 2 amps ဖြစ်တာကြောင့် စမတ်ဖုန်းကို တစ်နာရီလောက်အတွင်း အားသွင်းပေးနိုင်ပါတယ်။

5. Xiaomi Mi Power Bank Pro 10000mAh Portable Charger

တန်ဖိုး – ၂၇ ဒေါ်လာ

အားသာချက် – စျေးသက်သာခြင်း
အားနည်းချက် – input အတွက် USB-C port သာပါဝင်

တကယ်လို့ စျေးသက်သာတဲ့ ဘက်ထရီကို ရှာဖွေနေတယ်ဆိုရင်တော့ Xiaomi Mi Power Bank Pro ကို ရွေးချယ်နိုင်ပါတယ်။ အထူ လက်မဝက်ခန့်သာရှိတဲ့အတွက် အိတ်ကပ်ထဲ အလွယ်တကူ ထည့်သွားနိုင်ပါတယ်။ ဘက်ထရီပမာဏက 10,000mAh ပါ။ ဒါဟာ စမတ်ဖုန်းတစ်လုံးကို လေးကြိမ်ခန့် အားသွင်းဖို့ လုံလောက်တဲ့ပမာဏ ဖြစ်ပါတယ်။ ဒါ့အပြင် Mi Power Bank မှာ Qualcomm ရဲ့ Quick Charge 3.0 ကို ထောက်ပံ့ပေးထားတာကြောင့် ၃၅ မိနစ်အတွင်း ဖုန်းကို ၀ ကနေ ၈၀% အထိ အားသွင်းပေးနိုင်ပါတယ်။
အလေးချိန် ရ အောင်စသာရှိတဲ့ ဒီဘက်ထရီမှာ USB port တစ်ခုသာ ပါဝင်ပါတယ်။ ဘက်ထရီကို အားပြန်သွင်းဖို့အတွက် ၃.၅ နာရီကြာမြင့်ပါတယ်။

6. mophie powerstation AC Charger

တန်ဖိုး – ဒေါ်လာ ၂၀၀

အားသာချက် – MacBook တစ်လုံးကို အားအပြည့်သွင်းနိုင်
အားနည်းချက် – စျေးနှုန်းမြင့်မား

Mophie powerstation AC က စွမ်းဆောင်ရည်မြင့်မားတဲ့ portable battery pack ဖြစ်ပါတယ်။ ဒီ ဘက်ထရီကို CES 2018 မှာ မိတ်ဆက်ကြေညာခဲ့တာဖြစ်ပါတယ်။ အလေးချိန် ၂ ပေါင်နီးပါးရှိပါတယ်။ ဘက်ထရီပမာဏက 22,000mAh ဖြစ်ပြီး 100W AC output နဲ့ သုံးနိုင်ပါတယ်။ ဒါကြောင့် laptop ဒါမှမဟုတ် tablet တစ်လုံးအတွက် အသင့်တော်ဆုံး external ဘက်ထရီတစ်လုံးအနေနဲ့ အသုံးပြုနိုင်ပါတယ်။

30W USB-PD ပါဝင်တဲ့ USB-C port ကိုသုံးထားတာကြောင့် Nintendo Switch ဒါမှမဟုတ် iPhone X တစ်လုံးကို အလျင်အမြန် အားသွင်းနိုင်ပါတယ်။ ဒီဘက်ထရီနဲ့ iPhone X ကို ၈ ကြိမ် အားသွင်းနိုင်ပါတယ်။ ၁၂ လက်မ MacBook ကိုတော့ နှစ်ကြိမ် အားသွင်းနိုင်ပြီး ၁၃ လက်မ MacBook Pro ကိုတော့ တစ်ကြိမ်အားသွင်းနိုင်ပါတယ်။

7. Anker PowerCore Speed 20000 PD

တန်ဖိုး – ဒေါ်လာ ၁၀၀

အားသာချက် – အလွယ်တကူ သယ်ဆောင်သွားနိုင်
အားနည်းချက် – အနက်ရောင်နဲ့သာ ရရှိနိုင်

Nintendo Switch ဟာ အားသွင်းဖို့အတွက် 15V/2.6A လိုအပ်တာကြောင့် Anker PowerCore Speed 20000 PD က Switch အတွက် အသင့်တော်ဆုံး ဘက်ထရီဖြစ်ပါတယ်။

ဒီဘက်ထရီရဲ့ အထူက တစ်လက်မသာရှိပြီး အလေးချိန်က ၁၃ အောင်စ ဖြစ်ပါတယ်။ ဘက်ထရီရဲ့ပမာဏက 20,100mAh ဖြစ်ပါတယ်။ ဒါဟာ စမတ်ဖုန်းကို ငါးကြိမ်၊ USB-C laptop ကို တစ်ကြိမ်နဲ့ tablet ကို နှစ်ကြိမ် အားပြန်သွင်းနိုင်တဲ့ပမာဏ ဖြစ်ပါတယ်။

8. LifeProof LIFEACTÍV Portable Phone Charger

တန်ဖိုး – ၅၂ ဒေါ်လာ

အားသာချက် – ရေစိုဒဏ်၊ အကြမ်းဒဏ်ခံနိုင်
အားနည်းချက် – ဘက်ထရီပမာဏ ၁၀,၀၀၀ သာပါဝင်

LifeProof ရဲ့ ဒီ external battery pack ဟာ ရေစိုဒဏ်ခံနိုင်သလို ပြုတ်ကျတဲ့ဒဏ်နဲ့ ညစ်ပတ်ပေရေတဲ့ဒဏ်တွေကိုလည်း ခံနိုင်ရည်ရှိပါတယ်။ ရေအနက် ၂ မီတာမှာ တစ်နာရီကြာ စိမ်ထားနိုင်ပြီး ၆ လက်မအထူရှိတဲ့ နှင်းထုထဲ ပြုတ်ကျတဲ့ဒဏ်ကိုလည်း ခံနိုင်ပါတယ်။

ဘက်ထရီရဲ့ပမာဏက 10,000mAh ဖြစ်ပါတယ်။ ဒီဘက်ထရီနဲ့ စမတ်ဖုန်းကို လေးကြိမ်၊ tablet ကို တစ်ကြိမ် အားသွင်းနိုင်ပါတယ်။

Ref: BestProducts