November 19, 2017

အားသွင်းမြန်ဆန်တဲ့ လျှပ်စစ်ကား အားသွင်းစက်တွေကို Porsche တပ်ဆင်

Porsche ဟာ ဘာလင်မြို့မှာ ရုံးသစ်တစ်ခုဖွင့်လှစ်ခဲ့ပြီး အဲ့ဒီရုံးသစ်မှာ အလွန်မြန်ဆန်တဲ့ 800-volt အားသွင်းစက်တွေကို တပ်ဆင်ခဲ့ပါတယ်။ Porsche ရဲ့ကားအားသွင်းစက်တွေက ၁၅၀ ကီလိုဝပ်အထိ အားသွင်းပေးနိုင်ပြီး အဲ့ဒီနှုန်းက ၁၂၀ ကီလိုဝပ် Tesla Supercharger ထက် ပိုမြန်ပါတယ်။ အနာဂတ်ကားတွေအတွက် Porsche ရဲ့ကားအားသွင်းစက်တွေက ၃၅၀ ကီလိုဝပ်အထိ ပေးနိုင်ပါတယ်။

အသစ်ထွက်မယ့် Porsche ရဲ့ Mission E လျှပ်စစ်ကားကို ၁၅ မိနစ်အတွင်း ၈၀ ရာခိုင်နှုန်းအထိ အားသွင်းပေးနိုင်တယ်လို့ သိရပါတယ်။ အဲဒီအချိန်ပမာဏဟာ ဓာတ်ဆီဆိုင်မှာ ကားတွေဆီဖြည့်တာထက် ပိုကြာပေမယ့် လျှပ်စစ်ကားကို အားသွင်းရုံတွေမှာအားသွင်းတဲ့ကြာချိန်ကို ပိုမိုသက်သာစေမယ်လို့ သိရပါတယ်။

ဒါ့အပြင် အတ္တလန်တာမြို့က Porsche ရဲ့အမေရိကန်ဌာနချုပ်တွေမှာလည်း မြန်နှုန်းမြင့် ကားအားသွင်းရုံတွေ တည်ဆောက်နေပါတယ်။ ၂၀၁၉ ခုနှစ် Mission E လျှပ်စစ်ကား ထွက်ရှိလာတဲ့အချိန်မှာ အားသွင်းရုံတွေတည်ဆောက်မှုကို မြှင့်တင်ဖို့ Porsche က ရည်မှန်းနေပါတယ်။

Porsche ကလည်း အခြားကားကုမ္ပဏီတွေနဲ့ပူးပေါင်းပြီး ဥရောပတစ်လွှားမှာ ၃၅၀ ကီလိုဝပ် အားသွင်းရုံတွေတည်ဆောက်ဖို့ ရှိပါတယ်။ Tesla ကလည်း ကားတွေ မြန်ဆန်စွာ အားသွင်းနိုင်မယ့် အားသွင်းစက်တွတည်ဆောက်မယ်လို့ ကတိပေးထားပါတယ်။

စိုးထက်
Ref: Engadget