September 19, 2017

အစားအစာနှင့် ဧည့်ကြိုဆိုရေးဆိုင်ရာ ကုန်သွယ်ရေးအခမ်းအနား Food & Hotel Myanmar 2017 ကျင်းပပြုလုပ်မည်

အစားအစာနဲ့ ဧည့်ကြိုဆိုရေးဆိုင်ရာ ကုန်သွယ်ရေး အခမ်းအနားဖြစ်တဲ့ Food & Hotel Myanmar 2017 ကို ကျင်းပပြုလုပ် သွားမှာဖြစ်ကြောင်း မေလ ၁၆ ရက်က Novotal Hotel မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Myanmar Restaurant Association မှ Chairman ဦးနေလင်းက ပြောကြားခဲ့ပါတယ်။

အခမ်းအနားကို UBM plc မှ စီစဉ်ကျင်းပခြင်းဖြစ်ကာ ဇွန်လ ၇ ရက်မှ ၉ ရက်တွင် Myanmar Convention Centre(MCC) မှာ နံနက် ၁၀ နာရီကနေ ညနေ ၆ နာရီအထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပြပွဲအတွင်း ပါဝင်ပြသသွားမှာကတော့ ကိုရီးယား၊ စင်္ကာပူ၊ ထိုင်ဝမ်၊ ထိုင်း၊ တူရကီနဲ့ အမေရိကတို့မှ နိုင်ငံတကာပြခန်းကြီး ၆ ခန်း အပါအ၀င် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ ပါဝင်ပြသသူ ၂၀၀ ကျော်တို့ရဲ့ ထုတ်ကုန်နဲ့ ၀န်ဆောင်မှု အမျိုးအစားပေါင်း ၁၂၀၀ ကျော် ပါဝင်ပြသသွားမှာ ဖြစ်ပါတယ်။