September 26, 2017

အငှားကားဝန်ဆောင်မှုအတွက် အသုံးပြုနိုင်တဲ့ Uber App ကို စတင်မိတ်ဆက်

ကမ္ဘာနိုင်ငံတော်တော်များများမှာ အသုံးပြုနေတဲ့ အငှားကောင်း ဝန်ဆောင်မှု App တစ်ခုဖြစ်တဲ့ Uber App ကို မေလ ၁၁ ရက်က ရန်ကုန်မြို့၊ အလုံလမ်းမပေါ်မှာရှိတဲ့ Myanmar Art Gallery မှာ စတင်မိတ်ဆက် ပေးခဲ့ပါတယ်။

ဒီ App ကို အသုံးပြုသူတွေအနေနဲ့ ဒေသခံများနဲ့ ကမ္ဘာလှည့် ခရီးသည်တွေရဲ့ လုံခြုံမှုအတွက် ယုံကြည်အားထားရမှာ ဖြစ်သလို သင့်တင့်တဲ့နှုန်းထားနဲ့ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင်လုပ် ငန်းပူးပေါင်းဆောင်ရွက်ကြတဲ့ မိတ်ဖက်ယာဉ်မောင်းတွေအတွက် ခရီးသည်နဲ့ လျင်မြန်ထိရောက်စွာ ဆက်သွယ်နိုင်မယ့် ညှိနှိုင်းရလွယ်ကူတဲ့ စီးပွားရေး အခွင့်အလမ်းတွေကိုလည်းဒီ App ကနေဖန်တီးပေးပါတယ်လို့ ဆိုပါတယ်။

App ကတစ်ဆင့် Uber ကို ဆက်သွယ်မေးမြန်တဲ့အခါမှာ ယာဉ်မောင်းသူထံ ဆက်သွယ်ရမယ့် အချက်အလက်နဲ့ မော်တော်ယာဉ် အမှတ်စတဲ့ အသေးစိတ် အချက်အလက်တွေကို ရရှိပါလိမ့်မယ်။ ယာဉ်မောင်းက မိနစ်ပိုင်းအတွင်း ရောက်လာမှာဖြစ်ပြီး ခရီးစဉ်ပြီးဆုံးတဲ့ အခါမှာတော့ ငွေပေးချေမှုကို ငွေသား (သို့ မဟုတ်) Credit Card နဲ့ ပေးချေနိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ငွေသားနဲ့သာ ပေးချေနိုင်သေးပါတယ်။ ယာဉ်မောင်းရှိနေတဲ့နေရာကို App ကတစ်ဆင့် ခြေရာခံနိုင်တဲ့ အပြင်ရောက်ရှိနေတဲ့ ခရီးကိုလည်း မျှဝေနိုင်မှာဖြစ်တဲ့အတွက် နေအိမ်ကို ဘေးကင်းလုံခြုံစွာရောက်ရှိနိုင်ပါတယ်။

“ရန်ကုန်မြို့ကြီးကို ၀န်ဆောင်မှုပေးဖို့ မြန်မာပြည်မှာ စတင်မိတ်ဆက်ရတာ အလွန်ဝမ်းသာပါတယ်။ Uber နဲ့တစ်ကွ ဆန်းသစ်တီထွင်မှုတွေ၊ စီးပွားရေး အခွင့်အလမ်းသစ်တွေကို လက်ကမ်း ကြိုဆိုလိုက်တာလည်း ဖြစ်ပါတယ်” လို့ Asia Pacific ၏ Regional General Manager ဖြစ်သူ Michael Brown ကပြောပါတယ်။

App ကို စတင်အသုံးပြုလို သူတွေအနေနဲ့ ဖုန်းနံပါတ်၊ အီးမေးလ်တို့ ကို အသုံးပြုပြီး Register လုပ်ရမှာပါ။ App ကိုတော့ Apple App Store နဲ့ Google Play တို့မှာအခမဲ့ Download လုပ်နိုင်ပါတယ်။